ကိုရိုနာဗိုင်းရပ်စ် ပိတ်ချကန့်သတ်မှုတွေကို ဆန့် ကျင်တဲ့ ဆန္ဒပြသူတွေကို လူစုခွဲတဲ့အနေနဲ့ ရဲတွေက ငရုတ်ကောင်းရည် (pepper spray) တွေနဲ့ဖျန်းခဲ့သလို တချို့ကိုလည်း လက်ထိပ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
Shrine of Remembrance အာဇာနည်ဗိမာန်ရှေ့မှာစုရုံးပြီ ပိတ်ချကျန့်သတ်မှုတွေကို ကန့်ကွက်တဲ့ ဆန္ဒပြသူတွေဟာ လူအင်အား ၂၀၀ နဲ့ ၃၀၀အကြားရှိပြီး ပါးစပ်နဲ့နှာခေါင်းစည်းတွေတပ်ဆင်မထားပဲ "free Victoria" ဆိုပြီးအော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။
ရဲတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း လူအနည်းငယ်ဖမ်းဆီးခံခဲ့ရပါတယ်။
အခုဆန္ဒပြမှုဟာ ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews ရဲ့တင်းကြပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစပ်မှု ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းချက်တွေကို ဆန့်ကျင်သူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းကစပြီး အခုလို လူစုလူဝေးကြီးနဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဒီကနေ့ သောကြာနေ့ ဆန္ဒပြပွဲကိုတော့ ညနေ ၂နာရီလောက်မှာစတင်ခဲ့ကြတာပါ။
အာဇာနည်ဗိမာန်ရှေ့ ဆန္ဒပြပွဲကိုတက်ရောက်ကြသူတွေဟာ သီးခြား ဒဏ်ငွေနှစ်ခု ပေးဆောင်ကြရဖို့ ရှိပါတယ်။