သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက တစ်ရက်ထက်တစ်ရက် စံချိန်တင် မြင့်မားနေဆဲ ဖြစ်ပါတယ်။
ဒီစနေမနက် စာရင်းအရ ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်မှုအများဆုံးဖြစ်နေပြီး ကူးစက်သူ ၅၁၃၅၆ ဦးရှိပြီး ၉ ဦးသေဆုံးရပါတယ်။ ဒါဟာ သြစတြေးလျနိုင်ငံရဲ့ တစ်ရက်တာအတွင်း ကူးစက်မှု အမြင့်မားဆုံးအခြေအနေဖြစ်ပါတယ်။