Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

သြစတြေးလျမှာ မကြာခင် ကိုဗစ်ကုသဆေး ရှိတော့မယ်၊ ဒါကတော့ သင်သိသင့်တဲ့အရာ ဖြစ်ပါတယ်။

Pfizer COVID-19 pills. Source: Pfizer COVID-19 treatment pills (AAP)

သြစတြေးလျနိုင်ငံမှာ မကြာခင် ကိုဗစ်-၁၉ ရောဂါကို ကုသမယ့် ဆေး ထွက်လာမယ့် အနေအထား ရှိနေပါတယ်။ ကူးစက်နှုန်းမြန်တဲ့ အိုမီခရွန် မျိုးကွဲက ကမာ္ဘပေါ်မှာ ကူးစက်ပျံ့နှံ့နေတုန်းမှာပဲ ကုသဆေး ထွက်ပေါ်လာတာကတော့ ကောင်းသတင်းလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ Pfizer ကုမ္ပဏီကနေ paxlovid လို့ခေါ်တဲ့ ကိုဗစ်-၁၉  ကုသဆေးကို စမ်းသပ်ထုတ်လုပ်နေပြီး အဲဒီဆေးက ၈၉ % ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။ အဲဒီဆေးက ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးရမှု ဒါမှမဟုတ် အပြင်းအထန်ဖျားနာဆေးရုံရောက်မှုတွေ မဖြစ်အောင် ပိုမို ကာကွယ်ပေးနိုင်မယ်လို့ ပြောပါတယ်။
အဲဒီဆေးကြောင့် ကမာ္ဘတလွှားက လူနာတွေ ပြန်ကောင်းလာနေတယ်လို့ Pfizer ရဲ့ CEO လည်းဖြစ် ဥက္ကဌလည်းဖြစ်တဲ့ Albert Bourla က ပြောပါတယ်။
သြစတြေးလျနိုင်ငံက ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ Therapeutic Goods Administration (TGA) အဖွဲ့ဆီမှာ paxlovid ဆေးတွေ ရှိနေသလို သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ Merck & Co ကုမ္ပဏီထုတ် molnupiravir ကိုဗစ်ကုသဆေးလည်း ရှိနေပြီး နှစ်မျိုးစလုံးကို အနီးကပ်လေ့လာမှု လုပ်နေပါတယ်။
အခုလောလောဆယ် ကမာ္ဘမှာ ပျံ့နှံ့လာနေတဲ့ အိုမီခရွန်မျိုးကွဲနဲ့ ဒယ်လ်တာမျိုးကွဲပိုးတွေကြောင့် သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉  ကူးစက်မှု များလာနေပြီး အဲဒီလို ကုသဆေးတွေသာ ရှိရင် ကမာ္ဘကြီးကို ကပ်ရောဂါရဲ့ အမျက်ဒေါသကနေ ပိုမိုကာကွယ်ပေးနိုင်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။
 
အဲဒီဆေးတွေကဘာတွေလဲ။
 
University of Sydney၊ ဆေးဝါးဆိုင်ရာဌာနက တွဲဖက်ပါမောက္ခ Nial Wheate ရဲ့ ရှင်းပြချက်အရ ကိုဗစ်-၁၉  နဲ့ ပတ်သက်ပြီး ကုသတဲ့အခါမှာ အမျိုးအစားနှစ်မျိုးနဲ့ လုပ်ဆောင်လေ့ရှိတယ်လို့ ရှင်းပြထားပါတယ်။
ပထမ အမျိုးအစားကတော့ ကိုဗစ်-၁၉  ရဲ့ ရောဂါလက္ခဏာတွေကို ကုသဖို့အတွက် ရည်ရွယ်ပြီး အများအားဖြင့်တော့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။
 
ဒုတိယ အမျိုးအစားကတော့ ကိုဗစ်-၁၉  ရောဂါကို တိုက်ရိုက်ကုသပေးမယ့် ဆေးအမျိုးအစားဖြစ်ပြီး အဲဒီဆေးတွေနဲ့မှပဲ ဒီကမာ္ဘ့ကပ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်မယ့်အနေအထားရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
အဲဒီလို ဒုတိယအမျိုးအစားဆေးတွေကတော့ အပေါ်တုန်းက တင်ပြထားတဲ့ Pfizer က ထုတ်တဲ့ paxlovid နဲ့ Merck & Co က ထုတ်လုပ်တဲ့ molnupiravir ဆေးတွေ ဖြစ်ပါတယ်။
 
အဲဒီဆေးတွေကို ဝယ်ပြီး အိမ်မှာနေရင်းသောက်လိုက်ရုံနဲ့ သက်သာနိုင်တဲ့အတွက် ဆေးရုံတက်ရတဲ့အဆင့် မရောက်အောင် လုပ်ဆောင်နိုင်တဲ့အတွက် အားရစရာဖြစ်တယ်လို့ ပြောပါတယ်။
Listen now. 

Coming up next

# TITLE RELEASED TIME MORE
သြစတြေးလျမှာ မကြာခင် ကိုဗစ်ကုသဆေး ရှိတော့မယ်၊ ဒါကတော့ သင်သိသင့်တဲ့အရာ ဖြစ်ပါတယ်။ 18/12/2021 09:09 ...
ကိုတင်ကိုနဲ့ မအေးမွန်တို့က ဘရစ္စဘိန်းမြို့ ရေကြီးမှုပါ ကြုံရတဲ့ အတွေ့ကြုံတွေ ပြောပြထား 21/05/2022 11:52 ...
ဖယ်ဒရယ်ဒီမိုကရေစီလမ်းစဉ်ထဲက ကရင့်တော်လှန်ရေး 21/05/2022 11:13 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၂ မေလ ၂၁ ရက် ပေါ့ကတ်စ် 21/05/2022 11:03 ...
မသန်စွမ်းပေမယ့် အလုပ် မလုပ်ရရင် မနေနိုင်သူ ကိုနန်းအောင် 21/05/2022 04:34 ...
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ - လေဘာပါတီ 18/05/2022 11:37 ...
ညွန့်‌ပေါင်းအစိုးရရဲ့ ဆူပါ အစီအစဥ် ဝေဖန်ခံနေရ 17/05/2022 10:42 ...
အခြေချနေထိုင်ခြင်းလမ်းညွန် - ဩစတြေးလျနိုင်ငံရဲ့ ကလေးသူငယ်များ အခွင့်အရေး 17/05/2022 12:57 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၂ မေလ ၁၇ ရက် ပေါ့ကတ်စ် 17/05/2022 10:35 ...
ဩစတြေးလျက မြန်မာနဲ့ သံတမန်ဆက်ဆံရေး လျှော့ချလိုက်တာက ဘယ်လို သက်ရောက်နိုင်လဲ 17/05/2022 09:28 ...
View More