မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ တစ်နှစ်ပြည့်ဖို့နီးလာတာနဲ့အမျှ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေလည်း အားကောင်းလာနေပါတယ်။
အဲဒီထဲမှာ အမျိုးသမီး အင်အားစုတွေလည်း ပါဝင်ပါတယ်။ လက်ရှိအချိန်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေအတွက်တော့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ခွန်အားစုံနဲ့ ကျော်ဖြတ်နေကြတာပါ။