မြန်မာနိုင်ငံ မြို့ပြက ပြည်သူလူထုဟာ လျှပ်စစ်မီးနဲ့ အသားကျလာတာ ဆယ်စုနှစ်တစ်ခုစာသာ ရှိပါသေးတယ်။
ဒါပေမယ့် လက်ရှိ အာဏာသိမ်းမှုကာလမှာတော့ လျှပ်စစ်မီး ပြတ်တောက်မှုဒဏ်ကို တကျော့ပြန် ကြုံတွေ့နေရပါပြီ။ စစ်ကောင်စီက မတ်လ ၁၂ ကနေ ၁၈ အထိ နေရာအချို့ကို ၂၄ နာရီ မီးဖြတ်တောက်မယ်လို့ ကြေညာအပြီး နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ပြည်သူတွေ အပေါ် ရိုက်ခတ်လာနေပါတယ်။