မြန်မာနိုင်ငံဟာ မတူညီကွဲပြားတဲ့ မျိုးနွယ်စုများစွာနေထိုင်ကြသလို ရိုးရာပွဲတော်တွေ၊ တိုင်းရင်းသားအသီးသီးရဲ့ နှစ်သစ်ကူးအခါမယတွေမှာ အတူတကွယှဉ်တွဲကျင်းပခဲ့ကြတာပါ။
ဒါပေမယ့် စစ်အာဏာသိမ်းကာလဖြစ်တဲ့ လက်ရှိအချိန်မှာတော့ ဒီပုံရိပ်တွေဟာ မြင်တွေ့ရဖို့မလွယ်ကူတော့ပါဘူး။
နိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ပြန်လည်ရရှိဖို့ လူတန်းစားစုံ၊ မျိုးနွယ်စုစုံ၊ ကိုးကွယ်မှုပုံစံစုံက ပြည်သူတွေတောင်းဆိုခဲ့ကြတဲ့နောက်မှာတော့ စစ်ကောင်စီဟာ အကြမ်းဖက်မှုကို အရှိန်မြှင့်ခဲ့ပါတယ်။