Coming Up Sat 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

၂၀၂၂ ရွေးကောက်ပွဲ - လစ်ဘရယ်ပါတီ

Sir Robert Menzies, the longest serving Prime Minister of Australia. Source: Getty

ဩစတြေးလျနိုင်ငံမှာလစ်ဘရယ်ပါတီလို့ပြောတဲ့အခါSir Robert Menzies ကိုပြေးမြင်ကြပြီး ပါတီတွင်းမှာသူ့လောက် လူသိများပြီး လွှမ်းမိုးမှုကြီးမားသူမရှိသလောက် ဖြစ်ပါတယ်။

သူဟာလစ်ဘရယ်ပါတီကိုတည်ထောင်ခဲ့သူဖြစ်သလိုဩစတြေးလျနိုင်ငံမှာသက်တမ်းအရှည်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးချုပ်လည်းဖြစ်သလိုသူ့ရဲ့စကားတွေကိုဖက်ဒရယ်ရွေးကောက်ပွဲတွေမှာလစ်ဘရယ်ကိုယ်စားလှယ်လောင်းသူယူသုံးကြတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် ၁၉၃၉-၁၉၄၁ ခုနှစ် အထိတစ်ကြိမ် ပြီးတော့ ၁၉၄၉-၁၉၆၆ ခုနှစ်အထိ တစ်ကြိမ် စုစုပေါင်း ၁၈ နှစ်နဲ့ ၅ လ အကြာ ဝန်ကြီးချုပ်အဖြစ် အမှုထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

 ၁၉၃၉ ခုနှစ်တုန်းက သူဝန်ကြီးချုပ် ဖြစ်တဲ့အချိန်မှာ အခုမရှိတော့တဲ့ United Australia Party ခေါင်းဆောင်ဖြစ်ခဲ့ပြီး အဲဒီတုန်းက ဥရောပမှာ စစ်ဖြစ်မယ့်အနေအထား ရှိခဲ့တဲ့အချိန် ဖြစ်ပါတယ်။

နောက်ပိုင်းမှာ သူက လစ်ဘရယ်ပါတီကို ၁၉၄၄ ခုနှစ်မှာ တည်ထောင်လိုက်ပြီး ၁၉၀၁  Immigration Restriction Act  ဥပဒေ ပေါ်ပေါက်လာအောင် ကြိုးစားခဲ့သူဖြစ်ပြီး အဲဒီဥပဒေကို  'White Australia Policy' လို့ လူသိများပါတယ်။

အပြည့်အစုံကို နားဆင်နိုင်ပါပြီ။ 

Coming up next

# TITLE RELEASED TIME MORE
၂၀၂၂ ရွေးကောက်ပွဲ - လစ်ဘရယ်ပါတီ 17/05/2022 12:27 ...
ဩစီရှေ့နေချုပ်အနေနဲ့ စစ်ကောင်စီကို တရားစွဲဆိုနိုင်အောင် NUG က အမှုတွေ စုဆောင်းတင်ပြဖို့ရှိ 28/06/2022 13:30 ...
သြစီမှာ သေတမ်းစာ ထားရှိဖို့ ဘာကြောင့်အရေးကြီးသလဲ 28/06/2022 11:23 ...
တရုတ်က ဩစီနဲ့ ပူးပေါင်းမှုပိုလုပ်ဖို့ လိုလား 28/06/2022 05:25 ...
သန်းခေါင်စာရင်းအရ ဩစတြေးလျမှာ ခါတိုင်းထက် လူမျိုး‌ပေါင်းစုံ ဘာသာပေါင်းစုံပိုဖြစ် 28/06/2022 10:17 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၂ ဇွန်လ ၂၈ ရက် ပေါ့ကတ်စ် 28/06/2022 12:58 ...
တစ်ကျော့ပြန်ပဋိပက္ခတွေကြားက ရခိုင်လူထုလုံခြုံရေး 25/06/2022 10:28 ...
ဒုက္ခသည်ဆိုင်ရာ သတင်းပတ်မှာ ရိုဟင်ဂျာ လူငယ်တွေ ကဗျာစာအုပ် ဖြန့်ဝေ 25/06/2022 11:31 ...
မဲလ်ဘုန်းမြို့က ကရင်နီတွေ ၁၄၇ ကြိမ်မြောက် အမျိုးသားနေ့ ကျင်းပ 25/06/2022 09:40 ...
ဘာကြောင့်ဒုက္ခသည်များဆိုင်ရာ သတင်းပတ် ကျင်းပကြသလဲ 25/06/2022 06:27 ...
View More