Coming Up Tue 10:00 PM  AEDT
Coming Up Live in 
Live
Burmese radio

F A S T နည်းနဲ့ လေဖြတ်သူတွေကို ဘယ်လို ကယ်တင်နိုင်သလဲ။

F A S T နည်းနဲ့ လေဖြတ်သူတွေကို ဘယ်လို ကယ်တင်နိုင်သလဲ။ Source: Stroke Foundation

သြစတြေးလျနိုင်ငံသားတွေအနေနဲ့ လေဖြတ်မှု ဖြစ်နေတာကို တွေ့ကြုံရတဲ့အခါ အတိုကောက်အားဖြင့် FAST ဆိုတဲ့ နည်းကို အသုံးပြုပြီး ကယ်တင်မှုတွေ လုပ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

F ဆိုတာ Face မျက်နှာကို ပြောတာဖြစ်ပြီး ပြုံးပြီး ပါးရွဲ့တာရှိမရှိ စစ်ဆေးဖို့ ပြောတာ ဖြစ်ပါတယ်။

A ဆိုတာ arms လက်ကို ပြောတာဖြစ်ပြီး လက်နှစ်ဖက်ကို ရှေ့ထုတ်ဆန့်ကြည့်ခိုင်းပြီး လက်မဆန့်နိုင်တာ၊ ချိနဲ့အားပျော့နေတာမျိုး ရှိမရှိ စစ်ဆေးခိုင်းတာ ဖြစ်ပါတယ်။

S ဆိုတာ speech စကားပြောခိုင်းကြည့်ဖို့ ဖြစ်ပါတယ်။ စကားလေးတာ၊ လုံးထွေးတာမျိုး ဖြစ်နေတာမျိုး ရှိမရှိ စစ်ဆေးခိုင်းတာ ဖြစ်ပါတယ်။

T ဆိုတာကတော့ time အချိန်ကို ပြောတာ ဖြစ်ပါတယ်။ အခုဏတုန်းက ပြောထားခဲ့တဲ့ အချက်တွေထဲမှာ တစ်ခုခုရှိနေပြီ ဆိုရင် အရေးပေါ်ဌာနကို ဆက်သွယ်ပြီး လက္ခဏာပြတဲ့အချိန်ကို မှတ်သားထားဖို့ ဖြစ်ပါတယ်။

လေဖြတ်နေတဲ့လူကို ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူနိုင်မှု မလုပ်နိုင်လေလေ ဦးနှောက်လုံးဝ ပျက်စီးသွားတဲ့နှုန်း များလေလေ ဖြစ်ပါတယ်။

လေဖြတ်တဲ့အခါ ဦးနှောက်မှာ သွေးကို အလုံအလောက် မရတဲ့အတွက် ဖြစ်ပြီး ဦးနှောက်ဆီ သွေးမရောက်အောင် သွေးကြောပိတ်နေတာ ဒါမှမဟုတ် သွေးကြောပြဲနေတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီကနေ ဦးနှောက်ပျက်စီးတာ၊ မသန်စွမ်းဖြစ်တာ ဒါမှမဟုတ် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ကမာ္ဘပေါ်မှာ လူ ၄ ယောက်ထဲမှာ ၁ ယောက်နှုန်းလောက် လေဖြတ်ရောဂါ ခံစားရနိုင်ပြီး သြစတြေးလျနိုင်ငံမှာဆိုရင် ရင်သားကင်ဆာရောဂါကြောင့် သေဆုံးရတဲ့ အမျိုးသမီးဦးရေထက် လေဖြတ်လို့ သေဆုံးရတဲ့ အမျိုးသမီးဦးရေက ပိုများပြီး အမျိုးသားတွေမှာဆိုရင်လည်း ဆီးကြိတ်ကင်ဆာရောဂါနဲ့ သေဆုံးရတဲ့ အမျိုးသားဦးရေထက် လေဖြတ်သေဆုံးရတဲ့ အမျိုးသား ဦးရေက ပိုများပြားတာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်နိုင်ပါပြီ။ 

 

Coming up next

# TITLE RELEASED TIME MORE
F A S T နည်းနဲ့ လေဖြတ်သူတွေကို ဘယ်လို ကယ်တင်နိုင်သလဲ။ 18/09/2021 13:23 ...
ခြောက်နှစ်ပြည့် NCA နဲ့ စစ်အာဏာသိမ်းကာလ 16/10/2021 11:10 ...
အွန်လိုင်း ကျမ်းမာရေးမှတ်တမ်းရဲ့ အကျိုးကျေးဇူး။ 16/10/2021 11:17 ...
နိုဘယ်ငြိမ်းချမ်းရေးဆုကိုသတင်းထောက်များကိုချီးမြှင့်။ 16/10/2021 07:46 ...
SBS က ဘာသာစကားပေါင်းစုံ ဝန်ဆောင်မှုကို ပြန်လည်ဆန်းစစ်မှုလုပ်နေ 16/10/2021 09:34 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၁ အောက်တိုဘာလ ၁၆ ရက် ပေါ့ကတ်စ်သတင်းများ။ 16/10/2021 09:48 ...
SBS က ဘာသာစကားပေါင်းစုံ ဝန်ဆောင်မှုကို ပြန်လည်ဆန်းစစ်မှုလုပ်နေ 15/10/2021 08:06 ...
ဖြေရှင်းရခက်နေဆဲ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး 12/10/2021 11:06 ...
လောင်းကစားတာစွဲလမ်းနေတာကို စုံစမ်းထားမှု။ 12/10/2021 12:00 ...
UNICEF ကမျိုးဆက်တစ်ခု၏စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်နေ။ 12/10/2021 12:09 ...
View More