လေးကေ့ကော်ဒေသတိုက်ပွဲတွေဟာ တစ်လတာရှိခဲ့ပါပြီ။ စစ်ကောင်စီရဲ့ ထိုးစစ်တွေကြားမှာ ဒေသတွင်းကျေးရွာတွေက ပြည်သူတစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
စားဝတ်နေရေးကစ အခက်အခဲတွေကြားမှာပဲ သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံအစပ်က မွေးမြူရေးခြံတွေနဲ့ ဒေသတွင်း တောအုပ်တွေအနီးမှာ တိမ်းရှောင်နေခဲ့ကြရပါတယ်။