အာဏာသိမ်းစစ်ကောင်စီဟာ ကရင်နီပြည်နယ်ထဲကို အင်အားတွေသုံးပြီး တိုက်ခိုက်နေတာ တစ်လတာ ရှိခဲ့ပါပြီ။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒီးမော့ဆိုမြု့နယ် ဒေါငံခါးကို လက်နက်ကြီးတွေနဲ့ အချက်ပေါင်းရာချီပြီး မနားတမ်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်လေယာဥ်တွေအပြင် အတွဲလိုက်ပစ်လို့ရတဲ့ ဒုံးတင်ကားတွေကိုပါ သုံးပြီး နေရာမရှောင် ပစ်ခတ်ခဲ့ပါတယ်။