Coming Up Sat 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

ကယား (ကရင်နီ) ပြည်မှာ နိုင်ငံတကာ ကူညီပံ့ပိုးရေးအဖွဲ့တွေ ကူဖို့ ရှိသလား။

More than 150000 people are being displaced in Karenni (Kayah) state in Myanmar Source: Citizen Journalist

ကရင်နီပြည်ခေါ် ကယားပြည်မှာ စစ်ကောင်စီကနေ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ဗုံးကျင်းတွေတူးဖို့နဲ့ တခြား အရေးပေါ်ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားဖို့ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီက တိုက်တွန်းထားတဲ့အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီကနေ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်မှုတွေ လုပ်နေတဲ့အပြင် နှစ်ဖက်အကြား ဆက်လက် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
နေရာဒေသ အနှံ့မှာ ကင်းထောက်ပျံသန်းမှုတွေ ဆက်လက်လုပ်ဆောင်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိကိုယ်ကို ဘေးကင်းလုံခြုံရေးအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။
ဗုံးကျင်းတွေ တူးထားဖို့၊ ရေ၊ ဆေးဝါး၊ ဓာတ်မီး၊ ပါဝါဘန့်တွေဆောင်ထားဖို့ မလိုအပ်ရင် သွားလာလှုပ်ရှားမှု မလုပ်ဖို့လည်း ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီက သတိပေးထားပါတယ်။
ဒီအကြောင်းတွေအပြင် လက်ရှိ ကယားပြည်နယ်ရဲ့ အခြေအနေ၊ စစ်ရှောင်တွေ အလိုအပ်ဆုံးအရာတွေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ အနေအထားနဲ့ ဆက်စပ်ပြီး ကရင်နီပြည် အတိုင်ပင်ခံကောင်စီရဲ့ လူသားခြင်းစာနာထောက်ထားရေးတာဝန်ခံ ကိုဗညားနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါပြီ။

Coming up next

# TITLE RELEASED TIME MORE
ကယား (ကရင်နီ) ပြည်မှာ နိုင်ငံတကာ ကူညီပံ့ပိုးရေးအဖွဲ့တွေ ကူဖို့ ရှိသလား။ 18/01/2022 14:53 ...
မြန်မာ့လက်ဝှေ့ကစားသမား ဘရောနီကာ ထိုင်းမှာ ဘာလို့ ကစားနေသလဲ၊ လာမယ့်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားလဲ 24/05/2022 13:23 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၂ မေလ ၂၄ ရက် ပေါ့ကတ်စ် 24/05/2022 11:26 ...
အခြေချနေထိုင်ခြင်း လမ်းညွန် - အထက်တန်းကျောင်း ရွေးချယ်ခြင်း 24/05/2022 12:09 ...
ဝန်ကြီးချုပ်အသစ် ဘယ်သူလဲ၊ လေဘာက ဘာကတိတွေပေးခဲ့လဲ၊ ဘယ်လို အကောင်အထည်ဖော််မလဲ 24/05/2022 15:22 ...
ကိုတင်ကိုနဲ့ မအေးမွန်တို့က ဘရစ္စဘိန်းမြို့ ရေကြီးမှုပါ ကြုံရတဲ့ အတွေ့ကြုံတွေ ပြောပြထား 21/05/2022 11:52 ...
ဖယ်ဒရယ်ဒီမိုကရေစီလမ်းစဉ်ထဲက ကရင့်တော်လှန်ရေး 21/05/2022 11:13 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၂ မေလ ၂၁ ရက် ပေါ့ကတ်စ် 21/05/2022 11:03 ...
မသန်စွမ်းပေမယ့် အလုပ် မလုပ်ရရင် မနေနိုင်သူ ကိုနန်းအောင် 21/05/2022 04:34 ...
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ - လေဘာပါတီ 18/05/2022 11:37 ...
View More