ကရင့်တော်လှန်ရေးစတင်ခဲ့တာ ခုအချိန်ဆိုရင် ၇၃ နှစ်ပြည့်ခဲ့ပါပြီ။
အာဏာသိမ်းကာလဖြစ်တဲ့ လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်တွေကို တော်လှန်နေသလို တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေအတွက် အယုံကြည်ကြဆုံးအဖွဲ့တွေထဲမှာ ပါဝင်ခဲ့ပါတယ်။
KNU အနေနဲ့မှာလည်း ဆယ်စုနှစ် ၇ စုကြာ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကြားမှာ စစ်ရေးအတွက်မှာရော၊ ပြည်သူတွေအရေးမှာပါ ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ကြပါတယ်။
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူရဲ့ တော်လှန်ရေးသက်တမ်း ၇၃ နှစ်နဲ့ ဆက်စပ်ပြီး သံလွင်ခက်ရဲ့ ပေးပို့ချက်ကို နားဆင်ရမှာ ဖြစ်ပါတယ်။