အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ဒီလိုပြောဆိုပြီးချိန်မှာပဲ ဒီလိုဆွေးနွေးမယ့်ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် လုပ်ဆောင် ချက်တွေ လုပ်ဆောင်လာမယ်ဆိုရင် တပ်မတော်အနေနဲ့ လိုအပ်တဲ့ အရေးယူတုံ့ပြန်မှု တွေ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။