လူမျိုးကြီးဝါဒဟာ အကြီးမားဆုံးပြဿနာလို့ သြစတြေးလျားအများစုကပြောတဲ့အကြောင်း Scanlon Foundation က ထုတ်ပြန်တဲ့အစီရင်ခံစာတစောင်မှာဖော်ပြထားပါတယ်။
ဒါဟာလွန်ခဲ့တဲ့တနှစ်ကျော်တုန်းက စတင်တဲ့ကြီးမားတဲ့အရွှေ့အပြောင်းတခုလို့ ၂၀၂၁ အတွက် Scanlon Foundation ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ Mapping Social Cohesion Report အစီရင်ခံစာကပြောပါတယ်။