အမေရိကန်ဒေါ်လာဈေး နှုန်းသေ သတ်မှတ်တာအပြင် ပြည်ပက ဝင်လာရင် တစ်ရက်အတွင်း လဲလှယ်သုံးစွဲဖို့ဆိုတဲ့ ကန့်သတ်ချက်တွေပါတဲ့ အမိန့်ကြေညာစာကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ထုတ်ပြန်ချက်အပြင် နောက်ဆက်တွဲ အမိန့်တွေနဲ့ နိုင်ငံခြားသုံးစွဲခွင့်အပေါ် ထပ်တိုး ကန့်သတ်လာတဲ့ နောက်မှာတော့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေအကြား ရိုက်ခတ်မှုတွေ ရှိလာပါတယ်။