အာဏာသိမ်း စစ်ကောင်စီဟာ တစ်နှစ်ကျော်ကာလအတွင်းမှာ ပြည်သူပေါင်းများစွာကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့ပါတယ်။
ပြည်သူပေါင်း တစ်သောင်းကျော် ဖမ်းဆီးခံထားရသလို ပြည်သူ ၂၀၀၀ ဝန်းကျင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပုဒ်မဆိုပြီး ပုဒ်မတွေ တပ်ကာ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။