Coming Up Tue 10:00 PM  AEDT
Coming Up Live in 
Live
Burmese radio

SBS က ဘာသာစကားပေါင်းစုံ ဝန်ဆောင်မှုကို ပြန်လည်ဆန်းစစ်မှုလုပ်နေ

SBS Radio Source: SBS

SBS အနေဖြင့် မိမိရဲ့ ဘာသာပေါင်းစုံ ဝန်ဆောင်မှုဌာနနဲ့ ပတ်သက်ပြီး ပြန်လည်ဆန်းစစ်မှု လုပ်နေပါတယ်။ ဒီနှစ်ဟာ SBS အနေနဲ့ အသံထုတ်လွှင့်လာတာ နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။

သန်းခေါင်စာရင်းနဲ့ ကိုက်ညီအောင် SBS က ၅ နှစ်မှာ တစ်ကြိမ် မိမိရဲ့ ဝန်ဆောင်မှုကို ပြန်လည်ဆန်းစစ်မှု လုပ်တာဖြစ်ပြီး သန်းခေါင်စာရင်းမှာ ဖော်ပြတဲ့ အချက်အလက်တွေကို ကိုးကားပြီး ဘယ်လို အစီအစဉ်မျိုး ထုတ်လုပ်သင့်တယ်၊ ဘယ်ဘာသာစကားတွေ ထည့်သွင်းသင့်သလဲ ဆိုတာကို ဆန်းစစ်သွားဖို့ ဖြစ်ပါတယ်။
 
SBS အနေနဲ့ ၁၉၇၅ ခုနှစ်တုန်းက အင်္ဂလိပ်မဟုတ်တဲ့ တခြားဘာသာစကားနဲ့ စတင်တုန်းက ဘာသာစကား ၈ မျိုးနဲ့သာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲလို အသေးအဖွဲနဲ့ စတင်နိုင်ခဲ့တာတောင် လူတွေ ပျော်မဆုံး ဖြစ်ခဲ့ကြတယ်လို့ SBS ရဲ့ Audio and Language Content Director David Hua က ပြောပါတယ်။

တူရကီလူမျိုး ထရပ်ဒါရိုက်ဘာတစ်ဦး သြစတြေးလျနိုင်ငံ မီဒီယာလောကမှာ သူ့မိခင် စကားနဲ့SBS Radio အစီအစဉ်ကို ပထမဆုံးအကြိမ် ကြားဖူးတဲ့အခါမှာ  ထရပ်ကားပေါ်ကနေ ဆင်းလာပြီး ပျော်လွန်းလို့ လမ်းဆုံမှာ ကခုန်ခဲ့တယ်လို့ ပြောပါတယ်။

နောက်နှစ်ပေါင်း ၄၆ နှစ်အကြာမှာတော့ SBS အနေနဲ့ ဘာသာစကားအမျုးိပေါင်း ၆၀ ကျော်နဲ့ ထုတ်လွှင့်ပြီး ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်း စသည်ဖြင့် ပလက်ဖောင်းပေါင်းစုံကနေ ထုတ်လွှင့်ဖော်ပြနေတာ ဖြစ်ပါတယ်။

နှစ်တွေ ကြာလာပေမယ့် SBS ရဲ့ ရည်ရွယ်ချက်က ပြောင်းလဲမသွားပဲ သြစတြေးလျနိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံလူတွေ၊ ဘာသာစကားပေါင်းစုံနဲ့ လိုအပ်တာတွေ၊ သိသင့်တာတွေကို သိစေဖို့အတွက် ဝန်ဆောင်မှု ပေးဖို့သာ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။

 

David Hua ပြောတာက ဆန်းစစ်မှု လုပ်ရာမှာ အများပြည်သူလည်း ပါဝင်နိုင်အောင် မှတ်ချက်တွေ ပြုနိုင်ဖို့ ၆ ပတ်ကြာ အချိန်ပေးထားပြီး SBS ရဲ့ ရွေးချယ်မှု စံနှုန်း selection criteria တွေက ဘာဖြစ်သင့်သလဲဆိုတာကို လူတွေအနေနဲ့ မိမိရဲ့ အမြင်သဘောထားတွေ ဖော်ပြနိုင်စေဖို့ ဖြစ်ပါတယ်။

Federation of Ethnic Communities' Councils of Australia အကြီးအကဲဖြစ်သူ Mohammad Al-Khafaji ရဲ့ အဆိုအရ ဒီလို ဆန်းစစ်မှုလုပ်တဲ့အခါ လူဦးရေနည်းတဲ့ လူမှုအသိုင်းအဝိုင်းအသစ်တွေကိုပါ ထည့်တွက်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။ 
 

Coming up next

# TITLE RELEASED TIME MORE
SBS က ဘာသာစကားပေါင်းစုံ ဝန်ဆောင်မှုကို ပြန်လည်ဆန်းစစ်မှုလုပ်နေ 15/10/2021 08:06 ...
မတူကွဲပြား ထုံးတမ်းဓလေ့တွေကြားက လွတ်လပ်ခွင့်ပျောက်ဆုံးနေဆဲ ချင်းမျိုးနွယ်စုများ 04/12/2021 11:44 ...
ပျော်ရွှင်ခြင်းက ကျန်းမာရေးကို အထောက်အကူဖြစ်စေသလား 04/12/2021 11:28 ...
Omicron Variant အကြောင်း သင်သိလိုသည့်အချက်အလက်များ။ 04/12/2021 06:47 ...
Orphan Relative Visa : ဘယ်သူတွေ လျှောက်ထားနိုင်မလဲ။ 04/12/2021 11:47 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၁ ဒီဇင်ဘာလ ၀၄ ရက် ပေါ့ကတ်စ်သတင်းများ။ 04/12/2021 10:05 ...
အခြေချနေထိုင်ခြင်း လမ်းညွန် - အမျိုးသားများရဲ့ စိတ်ကျန်းမာရေးနဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်ခြင်း 30/11/2021 17:11 ...
သီးသန့်အစီအစဉ် တစ်ခုသည် ကာကွယ်ဆေးထိုးနှုန်း 100% နီးပါး ရရှိ။ 30/11/2021 14:25 ...
ဘာသာရေး ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ဥပဒေသစ်သည် သြစတြေးလျလူ့အဖွဲ့အစည်းကို ထိခိုက်စေမည်ဖြစ်သည်။ 30/11/2021 10:01 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၁ နိုဝင်ဘာလ ၃၀ ရက် ပေါ့ကတ်စ်သတင်းများ။ 30/11/2021 10:34 ...
View More