စစ်ကောင်စီရဲ့ အင်အားသုံးအကြမ်းဖက်မှုတွေကြားမှာ ငြိမ်းချမ်းရေးနယ်မြေ လေးကေ့ကော်ဒေသဟာ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေဆူညံခဲ့ရပါပြီ။
ဒေသခံပြည်သူတစ်သောင်းကျော်ဟာလည်း စစ်ဘေးရှောင်ဘဝနဲ့ ဘေးလွတ်ရာ ရွာတွေ၊ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံနယ်စပ်က မွေးမြူရေးခြံတွေ၊ ဘုရားကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
နေအိမ်ဖျက်ဆီးခံခဲ့ရတာတွေ၊ ထွက်ပြေးတိမ်းရှောင်ချိန်မှာ သေနတ်ကျည်ထိမှန်ခံရတာတွေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေကြားမှာ အခက်များစွာကြုံခဲ့ရပါတယ်။