Coming Up Sat 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

ဒီနှစ် ဖက်ဒရယ်ရွေးကောက်ပွဲမှာ ဘာတွေမျှော်လင့်နိုင်သလဲ။

MELBOURNE, AUSTRALIA - MAY 18 : People cast their votes at a polling station May 18, 2019. (Photo by Recep Sakar/Anadolu Agency/Getty Images) Source: Anadolu

ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်က မေလ ၂၁ ရက်နေ့မှာ ဖက်ဒရယ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်စစ်တမ်းတွေအရ အတိုက်အခံ လေဘာပါတီက ရှေ့ပြေးနေပေမယ့် သုံးသပ်သူတွေကတော့ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်နေသေးတယ်လို့ ဆိုပါတယ်။

ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ Australian newspaper ရဲ့ Newspoll စစ်တမ်းအရ နှစ်ပါတီ ကြိုက်နှစ်သက်မှုမှာ အတိုက်အခံ ဖြစ်နေတဲ့ လေဘာပါတီက အစိုးရဖြစ်နေတဲ့ လစ်ဘရယ်၊ နေရှင်နယ် ညွန့်ပေါင်းအစိုးရထက် ၅၄% - ၄၆% နဲ့ မဲ့သာနေကြောင်း ပြသနေပါတယ်။

၀န်ကြီးချုပ် ကြိုက်နှစ်သက်ရေးမှာတော့ ညွန့်ပေါင်းအစိုးရခေါင်းဆောင် ၀န်ကြီးချုပ် Scott Morrison က အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese ထက် ၁% သာ အသာရနိုင်ကြောင်း ပြသနေပြီး ၄၃% - ၄၂% မှာ ရှိနေပါတယ်။

စစ်တမ်းရလဒ်အရ အခုအချိန်မှာသာ ရွေးကောက်ပွဲ ကျင်းပလိုက်ရင် လေဘာပါတီက အနိုင်ရမယ်ဆိုတာကို ပြသတာ ဖြစ်ပေမယ့် အတည်မဆိုလိုနိုင်ဘူးလို့ Flinders University က နိုင်ငံရေးနဲ့ အစိုးရဘာသာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ Haydon Manning က ပြောပါတယ်။

Coming up next

# TITLE RELEASED TIME MORE
ဒီနှစ် ဖက်ဒရယ်ရွေးကောက်ပွဲမှာ ဘာတွေမျှော်လင့်နိုင်သလဲ။ 04/05/2022 10:12 ...
ဩစီရှေ့နေချုပ်အနေနဲ့ စစ်ကောင်စီကို တရားစွဲဆိုနိုင်အောင် NUG က အမှုတွေ စုဆောင်းတင်ပြဖို့ရှိ 28/06/2022 13:30 ...
သြစီမှာ သေတမ်းစာ ထားရှိဖို့ ဘာကြောင့်အရေးကြီးသလဲ 28/06/2022 11:23 ...
တရုတ်က ဩစီနဲ့ ပူးပေါင်းမှုပိုလုပ်ဖို့ လိုလား 28/06/2022 05:25 ...
သန်းခေါင်စာရင်းအရ ဩစတြေးလျမှာ ခါတိုင်းထက် လူမျိုး‌ပေါင်းစုံ ဘာသာပေါင်းစုံပိုဖြစ် 28/06/2022 10:17 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၂ ဇွန်လ ၂၈ ရက် ပေါ့ကတ်စ် 28/06/2022 12:58 ...
တစ်ကျော့ပြန်ပဋိပက္ခတွေကြားက ရခိုင်လူထုလုံခြုံရေး 25/06/2022 10:28 ...
ဒုက္ခသည်ဆိုင်ရာ သတင်းပတ်မှာ ရိုဟင်ဂျာ လူငယ်တွေ ကဗျာစာအုပ် ဖြန့်ဝေ 25/06/2022 11:31 ...
မဲလ်ဘုန်းမြို့က ကရင်နီတွေ ၁၄၇ ကြိမ်မြောက် အမျိုးသားနေ့ ကျင်းပ 25/06/2022 09:40 ...
ဘာကြောင့်ဒုက္ခသည်များဆိုင်ရာ သတင်းပတ် ကျင်းပကြသလဲ 25/06/2022 06:27 ...
View More