Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

Lockdown တွေ မလုပ်ထားပေမယ့် ဘာကြောင့် ဆူပါမတ်ကက်မှာ ပစ္စည်းတွေမရှိ ဖြစ်နေရတာလဲ

The spike in COVID infections has caused major logistical disruptions, with staff members forced to stay at home Source: SBS Vietnamese

သြစတြးလျနိုင်ငံ တခွင်က ဆူပါမတ်ကက်ဈေးဆိုင်ရဲ့ စင်တွေပေါ်မှာ ပစ္စည်းတွေ ပြောင်တလင်းအခြေအနေ ရောက်နေတာမျိုး ဖြစ်နေတဲ့အတွက် သမဂ္ဂအဖွဲ့အစည်းတွေဟာ ဇန်နဝါရီလ ၁၇ ရက် မနေ့တုန်းက အရေးပေါ် အစည်းအဝေးထိုင်ခဲ့ကြပါတယ်။

အိုမီခရွန် မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ နေအိမ်မှာပဲ သီးသန့်ခွဲခြားနေထိုင်မှုတွေ လုပ်နေရတဲ့အတွက် အဲဒီလို နေထိုင်ရခြင်းရဲ့ နောက်ဆက်တွဲက သြစတြေးလျနိုင်ငံအပေါ် သက်ရောက်မှုတွေ ဖြစ်နေရပါတယ်။

အခုတလော ဆူပါမတ်ကက်တွေကို သွားတဲ့အခါ စင်ပေါ်မှာ ဘာမှမကျန်တော့ပဲ တချို့ပစ္စည်းတွေ ဝယ်မရ ဖြစ်နေတာမျိုး ကြုံရမှာ ဖြစ်ပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့မှုရှိရင် အလုပ်မလာပဲ နေအိမ်မှာပဲနေထိုင်ရတဲ့အတွက် ဆူပါမတ်ကက်မှာ အမှုထမ်းတွေ မရှိလို့ စင်ပေါ် ပစ္စည်းသစ် မတင်နိုင်တာတွေ၊ ပစ္စည်းအချိန်မှီ ရောက်မလာတာတွေကြောင့်လည်း ဖြစ်တယ်လို့ သြစတြေးလျံ အမျိုးသား တက္ကသိုလ်က David Leaney က ပြောပါတယ်။

A-C-T-U ((Australian Council of Trade Unions)) အဖွဲ့ရဲ့ အတွင်းရေးမှူး Sally McManus ကတော့ ရောဂါရှိနေတဲ့ လူတွေအနေနဲ့ အလုပ်ပြန်ဝင်ရတဲ့ အနေအထားဖြစ်မယ်ဆိုရင် အစုလိုက်အပြုံလိုက် မလုပ်မဆင်းပဲ ဆန္ဒပြသွားမယ်လို့ ချိမ်းခြောက်နေပါတယ်။ 

Coming up next

# TITLE RELEASED TIME MORE
Lockdown တွေ မလုပ်ထားပေမယ့် ဘာကြောင့် ဆူပါမတ်ကက်မှာ ပစ္စည်းတွေမရှိ ဖြစ်နေရတာလဲ 18/01/2022 08:01 ...
နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုစံနှုန်းသည် အခြားနိုင်ငံ၏ တားမြစ်ချက်ဖြစ်နိုင်။ 29/05/2022 10:52 ...
Ko Osman Mah က Leadership Role အကြောင်း ဆွေးနွေးထားသည်။ 29/05/2022 12:13 ...
အဖြေရှာရခက်နေဆဲ ကလေးတွေရဲ့ ပညာရေး 28/05/2022 12:51 ...
SBS မြန်မာပိုင်း မေလ ၂၈ ပေါ့ကတ်စ် သတင်းများ 28/05/2022 10:12 ...
မြန်မာ့လက်ဝှေ့ကစားသမား ဘရောနီကာ ထိုင်းမှာ ဘာလို့ ကစားနေသလဲ၊ လာမယ့်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားလဲ 24/05/2022 13:23 ...
SBS မြန်မာပိုင်း အစီအစဉ် ၂၀၂၂ မေလ ၂၄ ရက် ပေါ့ကတ်စ် 24/05/2022 11:26 ...
အခြေချနေထိုင်ခြင်း လမ်းညွန် - အထက်တန်းကျောင်း ရွေးချယ်ခြင်း 24/05/2022 12:09 ...
ဝန်ကြီးချုပ်အသစ် ဘယ်သူလဲ၊ လေဘာက ဘာကတိတွေပေးခဲ့လဲ၊ ဘယ်လို အကောင်အထည်ဖော််မလဲ 24/05/2022 15:22 ...
ကိုတင်ကိုနဲ့ မအေးမွန်တို့က ဘရစ္စဘိန်းမြို့ ရေကြီးမှုပါ ကြုံရတဲ့ အတွေ့ကြုံတွေ ပြောပြထား 21/05/2022 11:52 ...
View More