Coming Up Sat 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

သြစတြေးလျနိုင်ငံအတွင်းက ပြည်နယ်တွေနဲ့ ဒေသဆိုင်ရာတွေရဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်များ

Police check permits and ID of drivers at a checkpoint for traffic coming from Melbourne into Geelong. Source: Asanka Ratnayake/Getty Images

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ကန့်သတ်မှုတွေဟာ သြစတြေးလျနိုင်ငံ တလွှားမှာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ လိုအပ်ချက်တွေ စိုးရိမ်မကင်းစရာတွေအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်နေတာပါ။ အောက်ပါအချက်တွေကတော့ ပြည်နယ်နဲ့ ဒေသတွေမှာ ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။

တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိုဗစ်-၁၉  အချက်အလက်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ 

  • ဒီအချက်အလက်တွေဟာ တချိန်လုံး အပြောင်းအလဲဖြစ်နေတတ်တဲ့အတဲ့အတွက် ပြည်နယ်တိုင်းအတွက် ဖော်ပြထားတဲ့ links တွေကို သွားရောက်ပြီး အချက်အလက်အပြည့်အစုံနဲ့ ဘယ်လို ချွင်းချက်တွေရှိသလဲ ဆိုတာကို  သွားရောက်လေ့လာဖို့ တိုက်တွန်းလိုပါတယ်။ 

 

Victoria - တင်းကြပ်မှုတွေကို ဖြေလျှော့ခြင်း 

ပြည်နယ်အစိုးရရဲ့ တင်းကြပ်မှု ဖြေလျှော့ပေးခြင်း လမ်းပြမြေပုံအရ  မဲလ်ဘုန်းမြို့မှာ ချမှတ်ထားတဲ့ တင်းကြပ်မှုအဆင့် ၄၊ Stage 4 lock-down ကို  ၂ ပတ်ကြာ ၂၀၂၀ ခုနှစ် စက်တင်ဘာလကုန်နီးပါးအထိ သက်တမ်းတိုးထားပါတယ်။ 

ဗစ်တိုးရီးယားပြည်နယ်မှာ ချမှတ်ထားတဲ့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးရာမှာ မဲလ်ဘုန်းမြို့နဲ့ နယ်ဒေသတွေအတွက် ဖြေလျှော့မှုတွေက ကွာခြားပါတယ်။ ဒါကြောင့် အသေးစိတ်ကို သိလိုရင် လမ်းပြမြေပုံကို လေ့လာပါ။  

မဲလ်ဘုန်းမြို့

  • ကာဖြူးအချိန်က ည ၉  နာရီမှစတင် 
  • တစ်ရက်မှာ အိမ်ပြင်ထွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ၂ နာရီအထိ လုပ်နိုင် 
  • တစ်ယောက်တည်း နေထိုင်သူအနေနဲ့ အိမ်မှာ မိမိအဆိုပြုသူ တစ်ဦးကို လက်ခံခွင့်ရှိ (သင်အရင်းနှီးဆုံးသူနဲ့ ဆက်လက် လည်ပတ်ဆက်ဆံခွင့်ရဖို့အတွက်)  
  • နေအိမ်ပြင်ပမှာ တခြားလူတစ်ယောက်နဲ့ သွားရောက်ခွင့်ရှိ သို့မဟုတ် တစ်အိမ်တည်းနေသူတွေ သွားလာခွင့်ရှိ 

COVID နဲ့ ဆက်စပ်ပြီး လူနေမှုပုံစံသစ် new normal အဆင့်ရောက်ဖို့အတွက် သွားရောက်မယ့် ခြေလှမ်းများ 
(ကျန်းမာရေး အာဏာပိုင်တွေရဲ့ အကြံပြုချက်အပေါ် မူတည်ဦးမှာ ဖြစ်ပါတယ်)

  • ပထမခြေလှမ်း (စက်တင်ဘာလ ၁၃ ရက်နောက်ပိုင်း)

ပထမ ခြေလှမ်းက မဲလ်ဘုန်းမြို့ပေါ် နေထိုင်သူတွေအတွက်သာ အကျုံးဝင်ပါတယ်။ 

အဲဒီအဆင့်မှာ တခြားလူနဲ့ ထိတွေ့ဆက်ဆံခွင့် အနည်းငယ် ပိုပေးထားပါတယ်။ (အထက်မှာ ဖော်ပြထားတဲ့အတိုင်း)

  • ဒုတိယ ခြေလှမ်း

ဗစ်တိုးရီးယားပြည်နယ်အတွင်းက နယ်ဒေသတွေအတွက် (စက်တင်ဘာလ ၁၃ ရက် နောက်ပိုင်း)
အရင်းနှီးဆုံးသော ပုဂ္ဂိုလ်တွေနဲ့ လည်ပတ်ခွင့်ရမှာဖြစ်ပြီး ဧည့်သည်တချို့ကို လက်ခံနိုင်မှာဖြစ်သလို ကျောင်းတွေမှာလည်း အချိန်အပိုင်းအခြားအလိုက် ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့ပေါ်က လူတွေအတွက် (စက်တင်ဘာလ ၂၈ ကစပြီး)
အရင်းနှီးဆုံးသော ပုဂ္ဂိုလ်ကို လက်ခံခွင့်ရှိမှာဖြစ်ပြီး တချို့အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရမှာဖြစ်သလို တချို့ ကျောင်းသားတွေလည်း ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပါတယ်။ 

  • တတိယ ခြေလှမ်း 

ဗစ်တိုးရီးယား ပြည်နယ်က နယ်ဒေသတွေအတွက် (စက်တင်ဘာ ၁၆ ရက်မှ စပြီး)

အားကစား၊ အပန်းဖြေရေး၊ အခမ်းအနားနဲ့ အထူးပွဲတွေအတွက် ဖွင့်လှစ်ပေးခြင်း။ 

  • ဘာအကြောင်းပြချက်မှ မလိုပဲ အိမ်အပြင်ထွက်ခွင့်ရှိခြင်း
  • အိမ်အပြင်မှာ တခြားလူနဲ့ တွေ့ဆုံခွင့်ရှိခြင်း 
  • အဆောက်အဦးပြင်ပမှာ လူ ၁၀ ဦးအထိ စုဝေးခွင့်ရှိ 
  • နေအိမ်အတွင်း တခြားအိမ်ထောင်စုတစ်ခုမှ လူ ၅ ဦးအထိ လက်ခံခွင့်ရှိ 
  • Term 4 ကြရင် ကျောင်းသူ ကျောင်းသားများအားလုံး လုံခြုံဘေးကင်းရေးသတ်မှတ်ချက်အတိုင်း ကျောင်းပြန်တက်ခွင့်ရှိ 
  • စားသောက်ဆိုင်လုပ်ငန်း ပြန်လည်ဖွင့်လှစ်ပေးမယ့် ဆိုင်ပြင်ပမှာ ထိုင်စားရေးကိုသာ ဦးစားပေးလုပ်ခွင့်ရှိ  
  • လက်လီဆိုင်များ ဖွင့်ခွင့်ရှိပေမယ့် ဆံပင်ညပ်ဆိုင်ကလွဲရင် တခြား နီးနီးကပ်ကပ် ထိတွေ့ရတဲ့ လုပ်ငန်းများကို ဆက်လက်ပိတ်ထားပါတယ်။ 

 
မဲလ်ဘုန်း မြို့ပေါ်အတွက် (အောက်တိုဘာ ၂၆ ရက်) 
အဓိက လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့်ရှိပြီး၊ စာသင်ကျောင်းတွေ ပြန်ဖွင့်လှစ်ခြင်း၊ အားကစား၊ အခမ်းအနားနဲ့ အထူးပွဲတချို့ကို ပြန်လည် ကျင်းပခွင့်ပေးမှာ ဖြစ်ပါတယ်။  

  • နောက်ဆုံးအဆင့် (နိုဝင်ဘာ ၂၃ ရက်)

ပြည်နယ်တခုလုံးမှာ 
လူစုဝေးခွင့် ပိုပေးပြီး စားသောက်ဆိုင်လုပ်ငန်းနဲ့ တည်းခိုခြင်းမျိုးကို ပြန်လည်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။  

  • COVID Normal ကိုဗစ်နဲ့ ဆက်စပ်တဲ့ လူနေမှု ပုံစံသစ်အဆင့်မှာတော့

လူစုဝေးမှုမှာ ကန့်သတ်ခြင်းမရှိ၊ ဧည့်သည်လက်ခံမှုမှာလည်း ကန့်သတ်ခြင်းမရှိသလို၊ စားသောက်ဆိုင် တည်းခိုခြင်းနဲ့ အားကစားလုပ်ငန်းမှာလည်း ကန့်သတ်မှု မရှိတော့ပါဘူး။ 

“COVID Normal” အဆင့်လို့ ဆိုရာမှာ
- လွန်ခဲ့တဲ့ ၂၈ ရက်အတွင်း ရောဂါကူးစက်မှုထပ်မတိုးလာခြင်း 
- ရောဂါကူးစက်ခံနေရသေးသူ မရှိခြင်း (ပြည်နယ်တခုလုံး) 
- သြစတြေးလျနိုင်ငံရဲ့ တခြားနေရာမှာလည်း ကူးစက်ပြန့်နှံ့မှု မရှိမှသာ အဲဒါကို COVID Normal လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ 

ဗစ်တိုးရီးယား ပြည်နယ်တစ်ခုလုံးအတွက် အကျုံးဝင်တာကတော့ -

ရောဂါရှိသူအပြင် ရောဂါရှိသူနဲ့ ထိတွေ့ဆက်ဆံသူ close contacts များအတွက်

ကိုရိုနာဗိုင်းရပ်စ် ရှိသူတွေ (ရောဂါ ရှိသူနဲ့ တစ်အိမ်တည်းနေထိုင်သူတွေ၊ ရောဂါရှိသူနဲ့ ထိတွေ့ဆက်ဆံသူတွေလည်း) သီးသန့်ခွဲခြားနေထိုင်ခြင်း self isolate လုပ်ရမှာ ဖြစ်ပါတယ်။  ပိုမိုသိလိုရင် 
 
ဆေးရုံဆီ သွားရောက်လည်ပတ်ခြင်း 
ဆေးရုံတွေမှာ လည်ပတ်မယ့် လူတွေရဲ့ အသက်ကို ကန့်သတ်ထားသလို၊ လူနာဆီ လည်ပတ်နိုင်တဲ့ ဧည့်သည်အရေအတွက်နဲ့ လည်ပတ်ချိန်ကိုလည်း ကန့်သတ်ထားပြီ ဖြစ်ပါတယ်။ ပိုမိုလိုရင် 
 
ဒဏ်ကြေး Fines 
ပါးစပ်နဲ့ နှာခေါင်းစည်း mask တွေကို တပ်ဆင်ခြင်းမရှိရင် ဒဏ်ကြေး ဒေါ်လာ ၂၀၀ ဆောင်ရနိုင်ပါတယ်။ 
ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိသူ ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့မှုရှိသူတွေအနေနဲ့ နေအိမ်မှာပဲ သီးသန့်ခွဲခြားနေထိုင်တာမျိုးမလုပ်ရင် ဒဏ်ကြေး ဒေါ်လာ ၄၉ ၅၇ ပေးဆောင်ရနိုင်ပါတယ်။

Masks ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ခြင်း 

ဗစ်တိုးရီးယား ပြည်နယ်သားတွေအားလုံး အိမ်အပြင် ထွက်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။  ၁၂ နှစ်အောက် ကလေးငယ်တွေကတော့ မဖြစ်မနေ Masks တွေ တပ်ဆင်စရာ မလိုအပ်ပါဘူး။ ပိုမိုသိလိုရင် https://www.dhhs.vic.gov.au/face-masks-covid-19 မှာ လေ့လာနိုင်ပါတယ်။ 

ငွေရေးကြေးရေးထောက်ပံ့မှု 

  • ပြည်ထောင်စု အစိုးရကနေ ဗစ်တိုးရီးယားပြည်နယ်အတွင်းကလူတွေ အလုပ်နားရလို့ ခွင့်ရက်တွေ မရှိဘူးဆိုရင်  ကပ်ရောဂါဆိုင်ရာ ခွင့်အနေနဲ့ ဒေါ်လာ ၁၅၀၀ ပေးထားတာ ဖြစ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်အတွင်းက  JobKeeper ဒါမှမဟုတ် JobSeeker ပံ့ပိုးကြေး မရတဲ့လူ၊ အလုပ်ကနေ ဘာခွင့်မှ မရတဲ့လူတွေဖြစ်ပြီး ရောဂါကြောင့် ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်မှု လုပ်ရမယ့် လူတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ 

  • Pandemic Leave Disaster Payment ကို ဗစ်တိုးရီးယား ပြည်နယ် အစိုးရကပေးတဲ့ ဒေါ်လာ ၁၅၀၀  Coronavirus (COVID-19) Worker Support payment နဲ့ အစားထိုးလိုက်ပြီ ဖြစ်ပါတယ်။ 

  • မိဘ၊ အုပ်ထိန်းသူတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးလို့အပြီး အဖြေကို စောင့်ဆိုင်းနေတုန်း self-isolate သီးသန့်ခွဲခြားနေထိုင်ခြင်း လုပ်ရရင် အစိုးရက ဒေါ်လာ ၃၀၀ ပေးမှာ ဖြစ်ပါတယ်။ 

အလုပ်ရှင်တွေဖက်ကနေ

ဖြစ်နိုင်ရင် အလုပ်သမားတွေကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်းရမှာ ဖြစ်ပါတယ်။  

မဖြစ်မနေ အလုပ်သွားရမယ့် အလုပ်သမားတွေအတွက် အလုပ်ရှင်ကနေ အလုပ်သွားခွင့် ပါမတ် ထုတ်ပေးရမှာ ဖြစ်ပါတယ်။  https://www.dhhs.vic.gov.au/permitted-worker-scheme-covid-19 မှာ လေ့လာနိုင်ပါတယ်။ 

စာသင်ကျောင်းတွေရဲ့ အခြေအနေ 
Term 4 (အောက်တိုဘာ ၅ ရက်) ကစပြီး နယ်ဒေသက ကျောင်းသားတွေအနေနဲ့ တချိန်တည်းမှာ ကျောင်းရောက်လာတာမျိုးမဖြစ်ရအောင် အချိန်အပိုင်းအခြားအလိုက် သတ်မှတ်ပေးပြီး ကျောင်းတက်ခွင့်ရမှာဖြစ်ပြီး မဲလ်ဘုန်းမြို့ပေါ်က ကျောင်းသားတွေ ( ၃ တန်းမှ ၁၀ တန်း) လည်း အချိန်အပိုင်းအခြားအလိုက် ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပါတယ်။ 
 
  • ပြည်နယ်အတွင်းက ကျောင်းသူ၊ ကျောင်းသားတွေ အားလုံး အိမ်ကနေပဲ အွန်လိုင်းကနေတဆင့် စာသင်ယူနေကြဆဲ ဖြစ်ပါတယ်။  
  • VCE ကျောင်းသားတွေအပြင် ဗစ်တိုးရီးယားပြည်နယ်အတွင်းက ကျောင်းသားတွေအားလုံး အိမ်မှာနေပြီး အွန်လိုင်းကနေပဲ စာသင်ယူနေကြပါတယ်။ 
  • မသန်စွမ်းသူတွေနဲ့ ဥာဏ်ရည်ချို့တည့်တဲ့လူတွေအတွက် Specialist schools စပ္ပာယ်ရှယ် ကျောင်းတွေကိုတော့ ဆက်လက် ဖွင့်ထားပါတယ်။
  • မိဘ နှစ်ပါးစလုံး အလုပ်သွားရတဲ့ ကလေးတွေကတော့ ကျောင်းသွားခွင့်ရှိပြီး ကျောင်းမှာ အုပ်ထိန်းပေးမယ့် သူတွေ ချပေးထားပါတယ်။
  • General Assessment Test (GAT) ကို Term 4 မှ ပြုလုပ်မှာ ဖြစ်ပါတယ်။ 

 https://www.education.vic.gov.au/about/department/Pages/learningfromhome.aspx မှာ လေ့လာနိုင်ပါတယ်။ 

ကလေးထိန်း စင်တာများ

Stage 4 တင်းကြပ်မှု ကာလ ၆ ပတ်အတွင်း ချိနဲ့ချို့တဲ့သူ ကလေးငယ်တွေနဲ့ မိဘနှစ်ပါးစလုံးက မဖြစ်မနေ အလုပ်သွားရမယ့်သူတွေရဲ့ ကလေးငယ်တွေသာလျှင် ကလေးထိန်းကျောင်းကို ပို့ခွင့်ရှိပါတယ်။ 

တခြားမိသားစုတွေအတွက်ကတော့ Children "rescue package" အစီအစဉ် ချမှတ်ပေးထားပါတယ်။ 

အဲဒါကို "triple guarantee" လို့ ခေါ်ဆိုလေ့ရှိပြီ အကြောင်းရင်းကတော့ အဲဒီအစီအစဉ်က မိဘတွေအတွက်၊ ကလေးထိန်းဝန်ဆောင်မှုဌာနအတွက်နဲ့ ကလေးထိန်းအမှုထမ်းတွေအတွက် အာမခံရှိတဲ့ အစီအစဉ် ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ 

ကလေးကို အိမ်မှာပဲ ထားရမယ့် မိသားစုတွေအတွက် အဲဒီအစီအစဉ်က - 

  • ရက်ပေါင်း ၃၀ အထိ ကလေးထိန်းကျောင်း ပို့ဖို့ ပျက်ကွက်ရင်လည်း ကလေးအတွက် နေရာဆက်လက် ထားရှိပေးခြင်း
  • အဲဒီကာလအတွင်း ကလေးကို စာရင်းထဲ ဆက်လက်ထားရှိမှာဖြစ်ပေမယ့် အခကြေးငွေ တောငးမှာမဟုတ်ခြင်း တို့ဖြစ်ပါတယ်။ 

ကလေးထိန်းဌာနတွေအတွက်က - 

  • မိဘတွေဆီက မရရှိတဲ့ အဖိုးအခတွေကို အစိုးရက ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။ 

State of disaster ကာလ

• အဲဒီကာလမှာ ရဲတွေကို လုပ်ပိုင်ခွင့် အာဏာပိုပေးထားပြီး အာဏာပိုင်တွေကို ပါလီမာန်ကနေ ချမှတ်ထားတဲ့ အက်ဥပဒေတွေကို ပယ်ချခွင့်ရှိတဲ့ ကာလဖြစ်ပါတယ်။ 
• အစိုးရအနေနဲ့ ကာဖြူးအမိန့်ကို ထိရောက်စွာ ချမှတ်လှုပ်ရှားနိုင်အောင် လုပ်ဆောင်စေနိုင်ပါတယ်။   
• ဒီလို ကာလအတွင်း ရဲတွေကို လုပ်ပိုင်ခွင့်ပေးပြီး ကျန်းမာရေးဌာနက လူတွေနဲ့ ပူးပေါင်းပြီးတော့ လူတွေ တင်းကြပ်မှုတွေကို လိုက်နာမှု ရှိမရှိ လိုက်လံစစ်ဆေးခွင့် ရှိပါတယ်။   

New South Wales

NSW ပြည်နယ် ပညာပေးဆိုင်ရာဌာနကနေ ကိုဗစ်-၁၉  နဲ့ ဆက်စပ်ပြီး ကျန်းမာရေးလုပ်သားတွေနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းတွေအတွက် အချက်အလက်တွေကို ဖော်ပြထားတာ ရှိပါတယ်။ https://www.nsw.gov.au/resources-for-your-community/burmese

NSW ပြည်နယ်မှာ ကိုဗစ်-၁၉  ရောဂါ ပြန့်ပွားမှု ဆက်လက်ဖြစ်ပေါ်နေတဲ့နေရာများ -  https://www.nsw.gov.au/covid-19/latest-news-and-updates#latest-covid-19-case-locations-in-nsw မှာ လေ့လာပါ။

ရောဂါအဖြစ်များတဲ့ နေရာနဲ့ ရောဂါရှိသူ သွားရောက်ခဲ့တဲ့ နေရာကို သွားမိခဲ့ရင် မိမိရောက်ခဲ့တဲ့ နောက်ဆုံးရက်ကနေ ၁၄ ရက်ကြာ တခြားလူနဲ့ သီးသန့်နေထိုင်ခြင်း self- isolate လုပ်ဖို့ ညွန်ကြားထားပါတယ်။ ဘာရောဂါ လက္ခဏာမှ မပြချင်နေ ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှု ခံယူဖို့၊ စမ်းသပ်မှု ရလဒ်က ပိုးမရှိကြောင်းပြသတဲ့ negative ဖြစ်နေပါစေ နောက်ပိုင်းမှာ ရောဂါလက္ခဏာ ပြလာရင် နောက်တစ်ကြိမ် စမ်းသပ်စစ်ဆေးမှု ခံယူပြီး ၁၄ ရက်ကြာ သီးသန့်နေထိုင်ဖို့ ညွန်ကြားထားပါတယ်။ 

လူစုဝေးခြင်းဆိုင်ရာ သတ်မှတ်ချက် 

နေအိမ်နဲ့ ပြင်ပမှာ အိမ်သူ အိမ်သားအပြင် လူ ၂၀ အထိ စုဝေးခွင့်ရှိပါတယ်။ 

ဘာသာရေးဆိုင်ရာ အခမ်းအနား - ဘာသာရေးဆိုင်ရာ အခမ်းအနားမှာ လူ ၁၀၀ ထက် စုဝေးခွင့်မရှိသလို ၄ စတုရန်းမီတာ အကွာအဝေးမှာ နေထိုင်ရမယ်ဆိုတဲ့စည်းမျဉ်းကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ 

လက်ထပ်ထိမ်းမြားခြင်း အခမ်းအနား - လက်ထပ် မင်္ဂလာအခမ်းအနားမှာ လူ ၁၅၀ ထက် စုဝေးခွင့်မရှိသလို ၄ စတုရန်းမီတာ အကွာအဝေးမှာ နေရာချပေးရမယ်ဆိုတဲ့ စည်းမျဉ်ကို သတ်မှတ်ထားတဲ့အပြင် COVID-Safe အတွက် မှတ်ပုံတင်ထားရမှာ ဖြစ်ပါတယ်။ 

အသုဘအခမ်းအနား - အသုဘအခမ်းအနားတွေမှာ လူ ၁၀၀ ထက် စုဝေခွင့်မရှိသလို ၄ စတုရန်းမီတာ စည်းမျဉ်းကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ 

စီးပွားရေးနဲ့ အပန်းဖြေခြင်းဆိုရာ လုပ်ငန်းများ 

NSW ပြည်နယ်အတွင်းက gym နဲ့ fitness centre တွေမှာ 

  • မှတ်ပုံတင်ပြီး COVID Safety Plan ထားရှိရမယ်
  • COVID-19 Safe Hygiene Marshal တစ်ဦး အချိန်ပြည့်ရှိနေရမယ် ( COVID-19 Safe Hygiene Marshal ဟာ တခြားလူနဲ့ မတူတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ရမှာဖြစ်ပြီး COVID-19 Safety Plan နဲ့ ဆက်စပ်တဲ့အရာတွေ လူတွေ လိုက်နာအောင် လုပ်ဆောင်ဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်။)

Pubs, bars, ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေ၊ အစားနဲ့ အသောက် နေရာတွေ၊ ဝိုင်ထုတ်လုပ်ရေးနေရာတွေ၊ ကာဆီနို၊ မှတ်ပုံတင်ထားတဲ့ ကလပ်နဲ့ အသေးစား အရက်ဘားဆိုင် တွေမှာ -

  • လူ ၁၀ ဦးအထိသာ ဘွတ်ကင်တွေကို လက်ခံရန် 
  • ၂၄ နာရီအတွင်း ဒီဂျစ်တယ် မှတ်တမ်းတွေကို ထားရှိရန်
  • မင်္ဂလာပွဲနဲ့ တခြားစီးပွားရေးအခမ်းအနားတွေမှာ လူ ၁၅၀ အထိသာ လက်ခံရမှာဖြစ်ပြီး ၄ စတုရန်းမီတာ အကွာအဝေးသတ်မှတ်ချက်ကို လိုက်နာရန် 
  • အသုဘအခမ်းအနားနဲ့ ဘာသာရေးအခမ်းအနားမှာ လူ ၁၀၀ အထိသာ စုဝေးရန် သတ်မှတ်ထားပါတယ်။

 

လုပ်ငန်းရှင်တွေမှာ COVID-19 Safety Plan ထားရှိရမှာ ဖြစ်ပြီး ဝင်ရောက်လာသူတိုင်းကို စာရင်းထဲ မှတ်ထားရမှာ ဖြစ်ပါတယ်။ https://www.nsw.gov.au/covid-19/covid-safe-business မှာ လေ့လာနိုင်ပါတယ်။ 

အဆောက်အဦး ပြင်ပမှာ ပြုလုပ်တဲ့ ရိုးရာယဉ်ကျေးမှု ပွဲတွေနဲ့ အားကစားပွဲတွေကို လူ ၄၀၀၀၀ လောက်အထိ ဆန့်တဲ့နေရာမှာလုပ်ရင် ဆန့်တဲ့ လူဦးရေရဲ့ ၂၅% အထိ လူတွေကို လက်ခံခွင့်ရှိပါတယ်။ 

ကလေးငယ်တွေနဲ့ ကွန်မြူနီတီ အားကစားတွေနဲ့ လူကြီးတွေအတွက် အားကစားတွေကို ပြန်လည် စတင်ပြီ ဖြစ်ပါတယ်။ 

ခရီးသွားလာခြင်း

NSW ပြည်နယ်ဟာ ဗစ်တိုးရီးယားပြည်နယ်နဲ့ နယ်စပ်ကို ယာယီပိတ်ချထားပါတယ်။

ဗစ်တိုးရီးယား ပြည်နယ်ထဲကနေ နယူးဆောက်သ်ဝေးလ် ပြည်နယ်ကို ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ ဟိုတယ်မှာ  ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ဟိုတယ်မှာ ကွာရန်တင်း ဝင်ဖို့အတွက် ကုန်ကျစရိတ်ကို စက်တင်ဘာလ ၁၁ ရက်အထိ အခမဲ့ လုပ်ဆောင်ပေးပြီး ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်နယ်သားတွေအပေါ် ငွေရေးကြေးရေး ဝန်ထုတ် သက်သာအောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ 

နယ်စပ်အတွင်းမှာ နေထိုင်သူတွေ အနေနဲ့ NSW ပြည်နယ် ဝင်ခွင့် ပါမစ်ကို (https://disasterassistance.service.nsw.gov.au/bcpermit/borderCheck) မှာ လျှောက်ထားနိုင်ပါတယ်။ နယ်စပ်ဖြတ်ကျော်ခွင့်ဟာလည်း အခြေအနေအပေါ် မူတည်ပြီးမှ ဝင်ခွင့်ရှိတာ ဖြစ်ပါတယ်။ ဝင်ခွင့်ရနိုင်တဲ့ အခြေအနေတွေက -

  • NSW ပြည်နယ်ထဲ အလုပ်လုပ်ဖို့ ပြီးရင် အဲဒီမှာပဲ နေထိုင်မယ့်သူ၊ ကျောင်းသွားရမယ့်သူ၊ ဆေးကုသမှု ခံယူဖို့ ဒါမှမဟုတ် စောင့်ရှောက်မှု ခံယူဖို့၊ ဒါမှမဟုတ် ဆွေမျိုးတွေကို စောင့်ရှောက်မှုပေးရမယ့်သူတွေ ဖြစ်ပါတယ်။ 
  • သတ်မှတ်ပေးထားတဲ့ နယ်စပ် ဇုံအတွင်းမှာပဲ သွားလာရမှာဖြစ်ပြီး NSW ပြည်နယ်အတွင်းက တခြားနေရာတွေဆီ သွားရောက်ခွင့် မရှိပါဘူး။ 
  • လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဗစ်တိုးရီးယား ပြည်နယ်ကို သွားခဲ့တဲ့သူ ဒါမှမဟုတ် နယ်စပ်ဒေသဇုံကို သွားရောက်ခဲ့တဲ့သူတွေဆိုရင် NSW ပြည်နယ်ထဲ ဝင်ခွင့် မရှိပါဘူး။ 

သင့်အနေနဲ့ နယ်စပ်ဇုံမှာ နေထိုင်ခြင်း ရှိမရှိကို  https://www.service.nsw.gov.au/border-zone-address-check မှာ လေ့လာနိုင်ပါတယ်။ 

ပြည်ပကနေ NSW ပြည်နယ်ကို ရောက်ရှိလာသူတွေကတော့ မိမိရဲ့ စားရိတ် (ဒေါ်လာ ၃၀၀၀) နဲ့ ဟိုတယ်မှာ ၂ ပတ်ကြာ ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ https://www.nsw.gov.au/media-releases/nsw-to-charge-returned-international-travellers-for-hotel-quarantine မှာ လေ့လာနိုင်ပါတယ်။ 

ချွင်းချက်ရရှိသူတွေကတော့ - 

  • နယ်စပ်ဒေသမှာ နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေ
  • အရေးတကြီး မဖြစ်မနေ လုပ်ရမယ့်အရာတွေကို ဝန်ဆောင်မှုပေးသူတွေနဲ့ 
  • တခြား ပြည်နယ်ကနေ နယူးဆောက်သ်ဝေးလ်ကို ဖြတ်သန်းသွားလာသူတွေအတွက် ချွင်းချက် သတ်မှတ်ပေးပါတယ်။ 
  • တခြားပြည်နယ်ကလူတွေအနေနဲ့ NSW ပြည်နယ်ကို လာရောက်လည်ပတ်ခွင့်ရှိပေမယ့် ဆိုင်ရာ ပြည်နယ်ကို ပြန်သွားတဲ့အခါမှာ သူတို့နေထိုင်ရာ ပြည်နယ်ရဲ့ သတ်မှတ်ချက်ကို လိုက်နာရမှာ ဖြစ်ပါတယ်။ 
  • စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်း မရှိတဲ့ လူတွေအနေနဲ့ ထောင်ဒဏ် ၆ လ ကျခံရနိုင်သလို ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၁၀၀၀၀ ဒါမှမဟုတ် နှစ်မျိုးလုံး အပြစ်ပေးခံရနိုင်ပါတယ်။ 
  • caravan park နဲ့ camping နေရာတွေ ပြန်လည်ဖွင့်ပြီ ဖြစ်ပါတယ်။ အမျိုးသား ဥယျာဉ်တွေဆီ လည်ပတ်ဖို့ စီစဉ်နေသူတွေအနေနဲ့ အချက်အလက်တွေကို www.nationalparks.nsw.gov.au မှာ သွားရောက် လေ့လာနိုင်ပါတယ်။
  • သက်ကြီးဂေဟာ ဒါမှမဟုတ် ကျန်းမာရေးဝန်ဆောင်မှု ဌာနကို သွားရောက်လည်ပတ်တာမျိုးလည်း ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ 

ပိုမိုသိလိုပါက https://www.nsw.gov.au/covid-19/what-you-can-and-cant-do-under-rules/border-restrictions မှာ လေ့လာနိုင်ပါတယ်။ 

စာသင်ကျောင်းဆိုင်ရာ သတ်မှတ်ချက်  

  • NSW ပြည်နယ်တလွှားက ကျောင်းသူ၊ ကျောင်းသားတိုင်းလိုက်နာရမှာက ကိုဗစ်-၁၉  ရောဂါလက္ခဏာ ပြသပြီ ဆိုတာနဲ့ negative ရောဂါမရှိကြောင်း အဖြေရလဒ် မထွက်လာမခြင်း ကျောင်းတက်ခွင့် မရှိပါဘူး။ 
  • School formals ပွဲ၊ ကျောင်းကပွဲ၊ ကျောင်းပြီးလက်မှတ် အပ်နှင်းပွဲနဲ့ တခြားလူမှုရေးဆိုင်ရာ အခမ်းအနားတွေကို ကျင်းပခွင့် မရှိပါဘူး။ 
  • သင်ရိုးညွန်းတမ်းတွေကို မဖြစ်မနေ သင်ကြားပို့ချဖို့ လိုအပ်တယ်ဆိုတဲ့ အဖွဲ့တွေကသာ ဝန်ဆောင်မှုနဲ့ အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်ခွင့် ရှိပါတယ်။
  • ကျောင်းအချင်းချင်းအကြား တွေ့ဆုံဖလှယ်မှုတွေ လုပ်ရင်လည်း ရပ်ကွက်အတွင်း၊ ဇုံအတွင်းရှိ စာသင်ကျောင်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
  • မိဘ၊ အုပ်ထိန်းသူန့ တခြား မရှိမဖြစ် လိုအပ်သူမဟုတ်တဲ့ လည်ပတ်သူတွေအနေနဲ့ ကျောင်းဝန်းအတွင်း လာခွင့်မရှိပါဘူး။
  • အဖွဲ့လိုက် သီချင်းသီဆိုမှု ( ကွိုင်ယာ) နဲ့ တခြား အဖွဲ့လိုက် သီဆိုရေရွတ်မှုမျိုးကိုမှ ခွင့်မပြုသလို ပုလွေ၊ ခရာ စတဲ့ တီးမှုတ်ရေးကိရိယာတွေကို အဖွဲ့လိုက် လေ့ကျင့်တာမျိုးကိုလည်း ပိတ်ပင်ထားပါတယ်။
  • ကန်တင်းနဲ့ ယူနီဖောင်းဆိုင်တွေကတော့ ကျောင်းအုပ်ကြီးရဲ့ ညွန်ကြားချက်အတိုင်း ဖွင့်ခွင့်ရှိပါတယ်။
  • နေ့ခြင်းပြန် လေ့လာရေးခရီးတွေကို ဆက်လက် လုပ်ခွင့်ရှိပါတယ်။ 

NSW ဆိုင်ရာ အချက်အလက်ကို https://www.nsw.gov.au/covid-19 မှာလည်း ရှာကြည့်နိုင်ပါတယ်။ 

Queensland

Schoolies

Schoolies အစီအစဉ်တွေကို ဖျက်သိမ်းထားပြီး အဲဒါတွေကတော့ ကြိုတင်စီစဉ်ထားတဲ့ အခမ်းအနားပွဲတွေနဲ့ Gold Coast မှာ နှစ်စဉ်ပြုလုပ်တဲ့ ဖျော်ဖြေရေးပွဲတွေ ဖြစ်ပါတယ်။ 

ဒါပေမဲ့ မိမိနေထိုင်ရာ နေအိမ်နဲ့ သိပ်မဝေးလှတဲ့ နေရာတွေမှာ ကျောင်းပြီးတဲ့လူငယ်တချို့ မိမိဖာသာ ရက်အနည်းငယ် စုဝေးနေထိုင်တာမျိုးလုပ်နိုင်ပေမယ့် ကျောင်းကနေ စီစဉ်ပေးတာမျိုးတွေကိုတော့ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။  

လူစုဝေးခြင်းဆိုင်ရာ သတ်မှတ်ချက်

အစိုးရကနေ ချွင်းချက်အဖြစ် သတ်မှတ်ပေးထားတဲ့ နေရာတွေကလွဲရင် ဘရစ္စဘိန်းမြို့ရဲ့ နေအိမ်နဲ့ အများပြည်သူပိုင် နေရာတွေမှာ လူ ၃၀ အထိသာ စုဝေးခွင့်ရှိပါတယ်။ https://www.qld.gov.au/health/conditions/health-alerts/coronavirus-covid-19/current-status/restricted-areas-covid-19/queensland-covid-19-restricted-areas-31-August-2020

လူစုဝေးခွင့် ကန့်သတ်ထားတဲ့ ဒေသတွေကတော့ -

  • City of Brisbane
  • City of Ipswich
  • Logan City
  • Scenic Rim Region
  • Somerset Region
  • Lockyer Valley Region
  • Moreton Bay Region
  • Redland City
  • Cherbourg Aboriginal Shire
  • Gold Coast City
  • Goondiwindi Region
  • South Burnett Region
  • Southern Downs Region
  • Toowoomba Region
  • Western Downs Region တို့ ဖြစ်ပါတယ်။ 

Aged Care ဆိုင်ရာ ကန့်သတ်ချက်တွေကို https://www.health.qld.gov.au/system-governance/legislation/cho-public-health-directions-under-expanded-public-health-act-powers/aged-care  မှာ လေ့လာပါ။ 

ဆေးရုံလည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက်ကို https://www.health.qld.gov.au/system-governance/legislation/cho-public-health-directions-under-expanded-public-health-act-powers/hospital-visitors-direction  မှာ လေ့လာပါ။ 

သွားလာလှုပ်ရှားမှုနဲ့ လူစုဝေးမှု - ကန့်သတ်ဧရိယာမှာ လူ ၁၀ ဦးသာစုဝေးခွင့်ရှိပြီး တခြားဧရိယာမှာ လူ ၃၀ အထိ စုဝေးခွင့် ရှိပါတယ်။ https://www.health.qld.gov.au/system-governance/legislation/cho-public-health-directions-under-expanded-public-health-act-powers/movement-gathering-direction

Disability Accomodation Services ဆိုင်ရာ ကန့်သတ်ချက်ကို https://www.health.qld.gov.au/system-governance/legislation/cho-public-health-directions-under-expanded-public-health-act-powers/disability-accommodation-services  မှာ လေ့လာပါ။ 

စီးပွားရေးနဲ့ အပန်းဖြေခြင်းဆိုင်ရာ လုပ်ငန်းများ 

၂၀၂၀  ဒီဇင်ဘာလအထိ ဖျားနာခွင့် မရှိတဲ့ casual သမားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရှိရင် ကွင်းစလန်း အစိုးရကနေ ဒေါ်လာ ၁၅၀၀ ပေးနေပြီ ဖြစ်ပါတယ်။ Jobkeeper ပံ့ပိုးမှု မရတဲ့ အလုပ်သမားတွေအတွက်လည်း အကြုံးဝင်ပါတယ်။ 

လူတစ်ယောက်နဲ့တစ်ယောက် ၄ စတုရန်းမီတာခြားရမယ့် စည်းမျဉ်းက 

  • စီးပွားလုပ်ငန်းအတွင်းမှာ ဧည့်သည်တွေအတွက် အကျုံးဝင် (၂၀၀ စတုရန်းမီတာအောက် သေးငယ်တဲ့ လုပ်ငန်းတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ၂ စတုရန်းမီတာ ခြားနေပြီး လူ ၅၀ အထိ စုဝေးခွင့်ရှိပါတယ်။)
  • ပြတိုက်၊ ပြခန်း၊ စာကြည့်တိုက်နဲ့ သမိုင်းဝင်နေရာတွေမှာလည်း အဲဒီစည်းမျဉ်းက သက်ရောက်မှုရှိ
  • COVID Safe Industry Plan ရှိပြီးသား အားကစား၊ အပန်းဖြေနေရာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ရာ နေရာတွေမှာလည်း အကျုံးဝင်
  • ပြိုင်ပွဲတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆော့ရတဲ့ကွင်းထဲက ကစားနည်းမျိုးအတွက်လည်း သက်ရောက်မှု၇ှိ
  • အဆောက်အဦးအတွင်း အားကစားတွေအတွက် အကျုံးဝင်
  • ကွင်းစလန်းပြည်နယ်က COVID Safe Plan ရှိပြီးသား အားကစားရုံကြီးတွေမှာ ပရိသတ် ၂၅၀၀၀ အထိ သို့မဟုတ် ဆန့်တဲ့ လူဦးရေပမာဏရဲ့ ၅၀% ကို လက်ခံနိုင်တဲ့နေရာအတွက်လည်း အကျုံးဝင်သလို 
  • COVID Safe Plan ရှိပြီးသား ဖျော်ဖြေရေးစင်တာတွေ၊ ပြဇာတ်ရုံတွေလို နေရာမှာ ပရိသတ် ၅၀% အထိ လက်ခံနိုင်ပြီး အထက်ဖော်ပြပါ နေရာအားလုံးမှာ ၄ စတုရန်းမီတာ ခြားရမယ့် စည်းမျဉ်းက အကျုံးဝင်မှု ရှိတာ ဖြစ်ပါတယ်။ 

Outback

တချိန်တည်းမှာ လူ ၅၀ အထိ စုဝေးစားသောက်နိုင် ( COVID Safe Checklist ရှိလျှင်) 

  • စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ pub၊ လိုင်စင်ရ ကလပ်တွေ၊ RSL club တွေ၊ ဒေသခံတွေအတွက် ဟိုတယ်မှာ စားသောက်နိုင်ပြီး ( ဒေသတွင်းမှာ နေထိုင်ကြောင်း သက်သေပြရမည်) bar သို့မဟုတ် လောင်းကစား ဂိမ်းတွေ ပိတ်ချထားမှာ ဖြစ်ပါတယ်။ 
  • Outback လို့ခေါ်တဲ့ ဝေးလံခေါင်သီတဲ့ နယ်ဒေသမှာ နေထိုင်တဲ့လူတွေကသာ အဲဒီဒေသမှာ အပန်းဖြေခရီး သွားလာခွင့် ရှိပါတယ်။ 

ဌာနေတိုင်းရင်းသားဒေသ - ဇီဝလုံခြုံရေးဧရိယာ 

ပြည်ထောင်စု အစိုးရကနေ ဇီဝလုံခြုံရေးဒေသအဖြစ် သတ်မှတ်ထားတဲ့နေရာတွေမှာ အဆင့် ၃ ဆင့်နဲ့ တဖြေးဖြေးဖြေလျှော့သွားမယ့် အစီအစဉ်ကို ပြည်နယ်အစိုးရနဲ့ ဌာနေတိုင်းရင်းသားခေါင်းဆောင်တွေက သဘောတူကြပြီ ဖြစ်ပါတယ်။ 

အဲလိုဌာနေတိုင်းရင်းသားဒေသက လူမှုအသိုင်းအဝိုင်းတွေဟာ ပြည်ထောင်စုအစိုးရရဲ့ ဇီဝလုံခြုံရေးတင်းကြပ်မှု လက်အောက်ကနေ ဒီနောက်ပိုင်း ပြည်နယ်အစိုးရရဲ့ တင်းကြပ်ကန့်သတ်မှုအောက်မှာ လှုပ်ရှားနေထိုင်သွားမှာ ဖြစ်ပါတယ်။ 

ဝေးလံခေါင်သီတဲ့ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းထဲကို ဝင်ရောက်ရင် quarantine လုပ်ဖို့ သတ်မှတ်ချက်ကို ဖယ်ရှားပြီး ဖြေလျှော့ခြင်း လမ်းပြမြေပုံအရ Burke နဲ့ Cook မြို့နယ်တွေကိုလည်း ကွင်းစလန်းပြည်နယ်က တခြားဒေသလိုပဲ သတ်မှတ်ချက်တူ ချထားတာမျိုး လုပ်ဆောင်ထားပါတယ်။ ပိုမိုသိလိုရင် https://www.datsip.qld.gov.au/resources/datsima/covid/remote-communities-roadmap.pdf  မှာ လေ့လာနိုင်ပါတယ်။ 

သွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်များ 

  • ကွင်းစလန်းပြည်နယ်အနေနဲ့ NSW နဲ့ ACT ကလူ မှန်သမျှကို  နယ်စပ်ဖြတ်ကျော်ခွင့် မပေးတော့ပါဘူး။
  • ဗစ်တိုးရီးယားအပါအဝင် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ကိုဗစ်-၁၉  hotspot လို့ကြေညာထားတဲ့နေရာမှန်သမျှကလူတွေကို ကွင်းစလန်းပြည်နယ်က ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး။  
  • ကွင်းစလန်းပြည်နယ်သားတွေအနေနဲ့ တခြားဒေသကနေ ပြည်နယ်ထား ပြန်ဝင်လာရင် ကိုယ့်စားရိတ်နဲ့ကို ဟိုတယ်မှာ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။ 
  • Western Australia, South Australia, Tasmania နဲ့ Northern Territory ဒေသက လူတွေအနေနဲ့ နယ်စပ်ရေးရာ ကြေညာချက်ဖောင်ကို ဖြည့်စွက်ပြီး ရောဂါလက္ခဏာပြသတာနဲ့ ကိုဗစ်-၁၉  ရှိမရှိ စစ်ဆေးခံမယ်ဆိုတဲ့အချက်ကို လက်မှတ်ရေးထိုးရင် ကွင်းစလန်းပြည်နယ်ထဲကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ 
  • နယ်စပ်ဖြတ်ကျော်ခွင့်ရဖို့ ဘယ်လို လျှောက်ထားနိုင်သလဲ ဆိုတာကို https://www.covid19.qld.gov.au/government-actions/border-closing မှာ လေ့လာနိုင်ပါတယ်။ 

ကျောင်းပြန်တက်ချိန် 

  •  ကျောင်းသူ၊ ကျောင်းသား အားလုံး ကျောင်းပြန်တက်နေကြပြီ ဖြစ်ပါတယ်။ 

Queensland ပြည်နယ် စာသင်ကျောင်းနဲ့ ပတ်သက်ပြီ: https://qed.qld.gov.au/about-us/news-and-media/novel-coronavirus မှာ လေ့လာနိုင်သလို
ကန့်သတ်ချက်တွေကို ဖြေလျှော့ခြင်းနဲ့ ပတ်သက်ပြီ: https://www.qld.gov.au/covid-19/government-actions/roadmap-to-easing-queenslands-restrictions မှာ လေ့လာနိုင်ပါတယ်။ 


South Australia  

လူစုဝေးခြင်းဆိုင်ရာ ကန့်သတ်ချက်

  • နေအိမ်မှာ လူ ၅၀ ထက် ပိုမစုရ  
  • လူနေအိမ်မဟုတ်တဲ့ ပုဂ္ဂလိကပိုင် နေရာမှာ (အတွင်းနဲ့ ပြင်ပမှာ) လူ ၁၀၀ ထက် ပိုမစုရ 
  • Pubs, bars နဲ့ စားသောက်ဆိုင်မှာ အရက်ဝမ်ဖို့ မှာယူတဲ့နေရာနဲ့ဝေးတဲ့နေရာမှာ ထိုင်နေတဲ့ လူတွေကိုပဲ အရက်သေစာ ရောင်းချခွင့်ရှိ
  • ဗစ်တိုးရီးယားပြည်နယ်နဲ့ South Australia ပြည်နယ်ရဲ့ နယ်စပ်ရဲ့ ကီလိုမီတာ ၄၀ အတွင်းမှာ နေထိုင်သူတွေအတွက် သွားလာခွင့်ရှိ ပါတယ်။ 
  • Western Australia, Northern Territory, Queensland နဲ့ Tasmania ပြည်နယ်ကနေတဆင့် ဆစ်ဒနီမြို့ ဒါမှမဟုတ် ကင်ဘာရာမြို့ လေဆိပ်ကို သွားဖို့အတွက် South Australia မှာ transit လုပ်သူတွေအနေနဲ့ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်စရာ မလိုတော့ပါဘူး။    

စီးပွားရေးနဲ့ အပန်းဖြေခြင်းဆိုင်ရာ လုပ်ငန်းများ 

စီးပွားရေးနဲ့ အပန်းဖြေခြင်းဆိုင်ရာ လုပ်ငန်းတွေ လိုက်နာရမယ့်အချက်တွေကို :https://www.covid-19.sa.gov.au/emergency-declarations/public-activities မှာ လေ့လာနိုင်ပါတယ်။ 

  • COVID-Safe Plan ရှိပြီးသား လုပ်ငန်းတွေအနေနဲ့ အစီအစဉ်အသစ် ထပ်မံ ရေးဆွဲစရာမလိုပါဘူး။ 
  • အကယ်၍သင့်မှာ COVID-Safe Plan ရှိပြီးသား ဖြစ်ပေမယ့် နေရာတိုးချဲ့ဖွင့်လှစ်တာမျိုးလုပ်ရင် အစီအစဉ်အသစ် ရေးဆွဲရမှာ ဖြစ်ပါတယ်။
  • COVID-Safe Plan မရှိသေးတဲ့ လုပ်ငန်းတွေအနေနဲ့ လုပ်ငန်း မစတင်ခင်မှာ အစီအစဉ်ရေးဆွဲရမှာဖြစ်ပြီး https://www.covid-19.sa.gov.au/recovery/create-a-covid-safe-plan မှာ လေ့လာနိုင်ပါတယ်။ 

သွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်

  • South Australia ပြည်နယ်အတွင်းက နယ်ဒေသတွေကို သွားလာခွင့် ရှိပါတယ်။ 
  • ဗစ်တိုးရီးယားပြည်နယ်ကနေ ဝင်လာသူ မှန်သမျှ SA ပြည်နယ်ထဲ ဝင်လာခွင့်မရှိသလို ဗစ်တိုးရီးယားပြည်နယ်မှာ ရှိနေတဲ့ SA ပြည်နယ်သားတွေအနေနဲ့ SA ထဲကို ပြန်ဝင်ခွင့်တောင် မပေးထားသေးပါဘူး။ 
  • ဗစ်တိုးရီးယားပြည်နယ်ကနေ မဖြစ်မနေ ဝင်လာဖို့ လိုအပ်သူတွေကိုသာ ဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ နယ်စပ်နှစ်ခုနားမှာ နေထိုင်သူတွေအတွက်လည်း အလားတူ ဖြစ်ပါတယ်။
  • SA နဲ့ ဗစ်တိုးရီးယား နယ်စပ်နှစ်ခုကြားမှာ နေထိုင်သူတွေအနေနဲ့ သွားလာခွင့်ရဖို့ Essential Traveller အောက်မှာ ခွင့်ပြုချက် ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။ အကယ်၍ သွားလာမှု ခွင့်ပြုချက် ရရှိထားသူအနေနဲ့ အောက်ပါအခြေအနေတွေမှာ ထပ်လျှောက်ထားဖို့ မလိုအပ်ပါဘူး။ အဲဒီလူတွေကတော့ - 

- ၁၁ တန်း ဒါမှမဟုတ် ၁၂ တန်း ကျောင်း တက်နေတဲ့လူတွေ 

- ၁၁ တန်း ဒါမှမဟုတ် ၁၂ တန်း တက်နေသူတွေကို ကိုယ်ပိုင်ကားနဲ့ ပို့ဆောင်သူတွေ

- SA နဲ့ ဗစ်တိုးရီးယား နယ်စပ်မှာနေထိုင်ပြီး စိုက်ပျိုးမွေးမြူရေး နဲ့ တခြားအဓိက လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကတော့ ထပ်လျှောက်စရာ မလိုအပ်ပါဘူး။ 

  • Northern Territory, Queensland, Tasmania နဲ့ Western Australia ပြည်နယ်ကလူတွေ South Australia ပြည်နယ်ထဲကို အကန့်အသတ်မရှိ ဝင်ထွက်နိုင်ပါတယ်။ 
  • NSWနဲ့ နိုင်ငံခြားကနေ ဝင်လာသူတွေက self-isolate လုပ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရှိတယ်လို့ စမ်းသပ်တွေ့ရှိရင် ဒါမှမဟုတ် ရောဂါ ရှိသူနဲ့ နီးစပ်မှု ရှိသူဆိုရင်လည်း self-isolation လုပ်ရမှာ ဖြစ်ပါတယ်။ 
  • South Australia အနေနဲ့ မိမိရဲ့ နယ်စပ်ကို ကင်ဘာရာက လူတွေအတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့နောက်ပိုင်း ဖွင့်လှစ်ပေးလိုက်ပြီး အဲဒီကလူတွေဝင်လာရင် ၁၄ ရက်ကြာ isolate လုပ်စရာ မလိုပါဘူး။ 
  • ၁၄ ရက်အတွင်း မိမိရဲ့ နေအိမ် (ဒါမှမဟုတ် ဟိုတယ်) မှာ နေထိုင်ရမှာဖြစ်ပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ကလွဲရင် ကျန်တဲ့အချိန်မှာ အိမ်အတွင်းမှာပဲ နေထိုင်ရမှာ ဖြစ်ပါတယ်။ 
  • ဘယ်နေရာကနေမဆို South Australia ပြည်နယ်ထဲ ဝင်မလာခင် အနည်းဆုံး ၃ ရက်အလိုမှာ ပြည်နယ်အတွင်း သွားလာခွင့်လက်မှတ် Cross Border Travel Registration ကို အရင်လျှောက်ထားရမှာဖြစ်ပြီး https://www.police.sa.gov.au/online-services/cross-border-travel-application မှာ လေ့လာနိုင်ပါတယ်။ 

 

ကျောင်းပြန်ဖွင့်ချိန် 

South Australian စာသင်ကျောင်းတွေကို ကျောင်းဖွင့်ကာလ ဒုတိယအကြိမ် term 2 ကစပြီး ကျောင်းဖွင့်ထားပြီးတော့ ကျောင်းသားတွေကိုလည်း ကျောင်းတက်ဖို့ တိုက်တွန်းထားပါတယ်။ ကိုဗစ်-၁၉  ကပ်ရောဂါနဲ့ ဆက်စပ်ပြီး South Australia ပြည်နယ်အတွင်းက အများပြည်သူပိုင် စာသင်ကျောင်းတွေအတွက် ဒုတိယအကြိမ်မြောက်ဆိုင်ရာ ကျောင်းဖွင့်ကာလအတွက် ချမှတ်ထားတဲ့ ညွန်ကြားချက်တွေကို ချမှတ်ပြီး အဲဒီအတိုင်း လိုက်လံလုပ်ဆောင်နေတာဖြစ်ပါတယ်။  

ပိုမိုသိလိုရင် - https://www.covid-19.sa.gov.au  မှာ သွားရောက် လေ့လာနိုင်ပါတယ်။ 


Western Australia

Western Australia ပြည်နယ်ဟာ ကန့်သတ်မှု ဖြေလျှော့ခြင်းဆိုင်ရာ လမ်းပြမြေပုံအရ အဆင့် ၆ ဆင့် သတ်မှတ်ထားတဲ့အထဲက အဆင့် ၄ ကို ကျင့်သုံးနေပြီ ဖြစ်ပါတယ်။   

  • ကန့်သတ်မှု ဖြေလျှော့ခြင်းအဆင့် ၅ Phase 5 ကို အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်မှာဖြစ်ပြီး ကျန်းမာရေးအကြံပေးချက်အပေါ် မူတည်ပြီး ဒီထက်မက ရက်ရွှေ့ဆိုင်းတာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။  
  • WA ပြည်နယ်ရဲ့ လမ်းပြမြေပုံကို အင်္ဂလိပ်ဘာသာစကားအပြင် တခြားဘာသာစကားနဲ့လည်း  https://www.wa.gov.au/government/publications/covid-19-roadmap မှာ လေ့လာနိုင်ပါတယ်။ 
  • လူစုဝေးခြင်းနဲ့ ဆက်စပ်ပြီး 100/300 စည်းမျဉ်းတွေကို ဖယ်ရှားလိုက်ပါတယ်။  
  • ၂ စတုရန်းမီတာ စည်းမျဉ်းကို ချမှတ်ထားတာဖြစ်ပြီး (လူ ၅၀၀ ကျော်ဆန့်တဲ့နေရာမှာ အလုပ်လုပ်သူအတွက်သာ အကျုံးဝင်ပါတယ်။) 
  • စားသောက်ဆိုင်နဲ့ pub တွေမှာ ထိုင်စား၊ ထိုင်သောက်တဲ့အခါ လိုက်နာရမယ့် သတ်မှတ်ချက်တွေကို ဖယ်ရှားထားပါတယ်။ 
  • စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ ဘားဆိုင်မှာ လာထိုင်တဲ့ လူတွေရဲ့ အချက်အလက်ကို ရေးမှတ်ထားစရာ မလိုတော့ပါဘူး။  
  • အခမ်းအနားအားလုံး ကျင်းပခွင့်ရှိပေမယ့် ကြီးမားတဲ့ အခမ်းအနားနဲ့ စင်မြင့် တစ်ခုထက်မက လိုအပ်တဲ့ ဂီတပွဲတော်တွေကိုတော့ ခွင့်မပြုသေးပါဘူး။  
  • ဖျော်ဖြေရေး ခန်းမတွေမှာ ထိုင်ခုံမထားပေးတဲ့ ဖျော်ဖြေမှုမျိုးနဲ့ ဘားဆိုင်၊ pub နဲ့ နိုက်ကလပ်တွေမှာလည်း ဖျော်ဖြေခွင့် ရှိပါတယ်။ 
  • ကာဆီနို လောင်းကစားတွေကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါတယ်။ 

 

သွားလာခြင်းဆိုင်ရာ ကန့်သတ်ချက် 

  •  WA ပြည်နယ်ထဲ ဝင်ထွက်သွားလာခွင့် ချွင်းချက်ရှိသူမှ မဟုတ်ရင် ပြည်နယ်ထဲ ဝင်ခွင့်မရှိပါ။ https://www.wa.gov.au/government/document-collections/covid-19-coronavirus-state-of-emergency-declarations#travel-and-border-state-wide
  • လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဗစ်တိုးရီးယားပြည်နယ်နဲ့ နယူးဆောက်သ်ဝေးလ် ပြည်နယ်ကို သွားရောက်ခဲ့တဲ့ လူတွေအနေနဲ့ WA ပြည်နယ်ထဲ ဝင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ပါအခြေအနေတွေမှာ ချွင်းချက် သတ်မှတ်ပေးထားပြီး  https://www.wa.gov.au/government/publications/victoria-and-new-south-wales-arrivals-frequently-asked-questions မှာ လေ့လာနိုင်ပါတယ်။ 
  • Kimberly ဒေသအပါအဝင် Western Australia ပြည်နယ် တလွှားကို သွားလာခွင့်ရှိပါတယ်။ ဒါပေမဲ့ ဝေးလံခေါင်သီတဲ့ ဌာနေတိုင်းရင်းသား အာဘော်ရီဂျင်နာတွေ နေထိုင်တဲ့ ဒေသကိုတော့ သွားရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။  

ကျောင်းပြန်ဖွင့်ချိန်

  • Western Australian အစိုးရကျောင်းတွေမှာ Term 2 အတွင်း ကလေးကို ကျောင်းပို့ဖို့ ရွေးချယ်တဲ့ မိသားစုတွေကို ကျောင်းပို့ခွင့် ပေးထားပါတယ်။  
  • အိမ်မှာနေပြီး အဝေးကနေသာ သင်ယူမယ့် ကျောင်းသားတွေအတွက် အဝေးသင်ခြင်းဆိုင်ရာ packages တွေနဲ့ resources တွေကို ပံ့ပိုးထားပါတယ်။  
  • မိဘ၊ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို အကြိုအပို့ လုပ်ဖို့အတွက် ကျောင်းဝင်းထဲ ဝင်ခွင့်ရှိပါတယ်။ 

Western Australia စာသင်ကျောင်းဆိုင်ရာ အချက်အလက်တွေကို https://www.wa.gov.au/organisation/department-of-the-premier-and-cabinet/covid-19-coronavirus-education-and-family-advice မှာ လေ့လာနိုင်သလို WA ပြည်နယ်ဆိုင်ရာအကြောင်း
ပိုမိုသိလိုရင် http://www.wa.gov.au/covid19roadmap မှာလည်း လေ့လာနိုင်ပါတယ်။ 


Tasmania

ကပ်ရောဂါခွင့်ရက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic Leave Disaster Payment

တက်စ်မေးနီးယားပြည်နယ်က လုပ်သားတွေအနေနဲ့ ကိုဗစ်-၁၉  ကြောင့် ကွာရန်တင်းဝင်ရတယ် ဒါမှမဟုတ် မိမိကိုယ်ကို တခြားလူနဲ့ ခွဲခြားနေထိုင်မှု self isolation လုပ်ရလို့ အလုပ်မသွားနိုင်ရင် ကပ်ရောဂါခွင့်ရက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှုအနေနဲ့ ဒေါ်လာ ၁၅၀၀ ခံစားခွင့် ရှိပါတယ်။

အဲဒီငွေကြေးကို တစ်ကြိမ်ထဲ ပေးမှာဖြစ်ပြီး ၁၄ ရက်ကြာ self-isolation လုပ်ရတဲ့ ကာလအတွင်း ကာမိစေဖို့အတွက် ဖြစ်ပါတယ်။ 

လူစုဝေးခြင်းဆိုင်ရာ ကန့်သတ်ချက် 

  • နေအိမ်မှာ - အိမ်သူ အိမ်သားအပြင် တခြားလူ အယောက် ၂၀ အထိ အချိန်မရွေး လက်ခံနိုင်ပါတယ်။ 
  • အမှုထမ်း၊ လုပ်အားပေးသူတွေ၊ ကလေးငယ်တွေအပါအဝင် သတ်မှတ်ထားတဲ့ အကွာအဝေးမှာ နေရာချပေးနိုင်ရင် လူကို ဆန့်သလောက် လက်ခံနိုင်ပါတယ်။ 

စီးပွားရေးနဲ့ အပန်းဖြေခြင်းဆိုင်ရာ လုပ်ငန်းများ 

  • ဧရိယာတစ်ခုအတွင်း လူသိပ်သည်းမှုအပေါ် မူတည်တဲ့ လူစုဝေးခွင့် - အဆောက်အဦးအတွင်း အများဆုံး လူ ၂၅၀ နဲ့ အဆောက်အဦးပြင်ပမှာ လူ ၅၀၀ အထိသာ လက်ခံခွင့်ရှိပါတယ်။ 
  • လူစုဝေးမှုအတွင်း တစ်ယောက်နဲ့ တစ်ယောက်အကြား ၂ စတုရန်းမီတာ ကွာခြားရမှာဖြစ်ပါတယ်။ https://www.coronavirus.tas.gov.au/families-community/gatherings-density-and-physical-distancing
  • ဧရိယာတစ်ခုအတွင်း လူသိပ်သည်းမှုအပေါ် မူတည်တဲ့ လူစုဝေးမှုမှာ သတ်မှတ်ထားတဲ့ လူစုဝေးခွင့်ထက် သေးငယ်နေရင် နည်းတဲ့လူဦးရေကိုသာ လက်ခံရမှာ ဖြစ်ပါတယ်။
  • လိုင်စင်ရ ဆိုင်တွေမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရှိပေမယ့် အရက်သောက်တဲ့အခါ ထိုင်သောက်ရမှာ ဖြစ်ပါတယ်။ ပိုမိုသိလိုရင် https://www.coronavirus.tas.gov.au/business-and-employees/business-restrictions မှာ လေ့လာပါ။ 

သွားလာခြင်းဆိုင်ရာ ကန့်သတ်ချက် 

  • တက်စ်မေးနီးယားပြည်နယ်ရဲ့ အရေးပေါ်ကာလကို အောက်တိုဘာလ ၂၆ ရက်နေ့အထိ သက်တမ်းတိုးထားပါတယ်။ 
  • ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး တက်စ်မေးနီးယားပြည်နယ်ရဲ့ နယ်စပ်ကို ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။ 
  • တက်စ်မေးနီးယားပြည်နယ်အတွင်း ကြိုက်တဲ့နေရာကို သွားလာလို့ရပါတယ်။ ဒါပေမဲ့ လူစုဝေးခြင်းနဲ့ အိမ်လည်ပတ်ခြင်းဆိုင်ရာ သတ်မှတ်ချက်တွေကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။  
  • Queensland ပြည်နယ်ကနေပြန်လာတဲ့ တက်စ်မေးနီးယားပြည်နယ်သားတွေဟာ City of Brisbane, City of Ipswich နဲ့ Logan City မှာ နေခဲ့မယ်ဆိုရင် ပြည်နယ်အစိုးရက သတ်မှတ်ပေးထားတဲ့ နေရာမှာ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။ 

တက်စ်မေးနီးယားပြည်နယ်ရဲ့ သွားလာခြင်းဆိုင်ရာ နောက်ဆုံး ကန့်သတ်ချက်ကို https://www.coronavirus.tas.gov.au/travellers-and-visitors/coming-to-tasmania မှာ လေ့လာနိုင်ပါတယ်။ 

အွန်လိုင်းပေါ်ကနေတဆင့် ပြည်ဝင်ခွင့်ရဖို့ လျှောက်ထားခြင်း 

တခြားပြည်နယ် ဒါမှမဟုတ် တခြားနိုင်ငံကနေ တက်စ်မေးနီးယား ပြည်နယ်ကို လာရောက်သူတွေအနေနဲ့ အွန်လိုင်းပေါ်မှာ ခရီးသွားလာရေးဆိုင်ရာ မှတ်ပုံတင်ခြင်းစနစ်ဖြစ်တဲ့ G2G PASS ကို https://www.g2gpass.com.au မှာ အရင်မှတ်ပုံတင်ပြီးမှ ဝင်ခွင့်လျှောက်လွှာ တောင်းခံရမှာ ဖြစ်ပါတယ်။

  • Good to Go App မှာ ဖောင်ဖြည့်တဲ့အခါ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဘယ်နေရာမှာ နေထိုင်သွားလာခဲ့တယ်ဆိုတာကို မှန်ကန်စွာ ဖြည့်စွက်ရမှာဖြစ်ပြီး အချက်အလက်မှားတွေကို ပေးရင် ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၁၆၈၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၆ လ အထိ ကျခံရနိုင်ပါတယ်။  

ကျောင်းဖွင့်ချိန်

ကျောင်းသားများအားလုံး ကျောင်းပြန်တက်ကြပြီ ဖြစ်ပါတယ်။  

ပိုမိုသိလိုရင် https://www.coronavirus.tas.gov.au/  မှာ လေ့လာနိုင်ပါတယ်။ 

Northern Territory

လူစုဝေးခြင်းဆိုင်ရာ ကန့်သတ်ချက် 

  • NT မှာ လူစုဝေးခြင်းဆိုင်ရာ ကန့်သတ်ချက်တွေ မချမှတ်ထားပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ၁.၅ မီတာ အကွာအဝေးမှာ နေထိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ 
  • မင်္ဂလာဆောင်ပွဲနဲ့ အသုဘပွဲတွေလည်း ကျင်းပခွင့် ရှိပါတယ်။  

စီးပွားရေးနဲ့ အပန်းဖြေဆိုင်ရာ လုပ်ငန်းများ 

စီးပွားရေးလုပ်ငန်းအားလုံး ဖွင့်ခွင့်ရှိသလို အားကစားပြိုင်ပွဲတွေလည်း ကျင်းပခွင့်ရှိပါတယ်။ သတ်မှတ်ထားတဲ့ ထိုင်ခုံတွေမှာ ခွင့်ပြုထားတဲ့ ပရိသတ်ဦးရေနဲ့ ကွန်မြူနီတီပွဲနဲ့ အားကစားပြိုင်ပွဲမှာ တက်ရောက်ခွင့်ရှိပေမယ့် လူ အယောက် ၅၀၀ ထက် ပိုတဲ့ ပွဲတွေအတွက် COVID-19 Safety Plan အရ ခွင့်ပြုချက်ရပြီးမှသာ လုပ်ဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ ပွဲတွေအတွက် အခြေအနေ တစ်ခုခြင်းစီအပေါ် မူတည်ပြီး လုပ်ခွင့်ပြုမပြု ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ 

သွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်

  •  ပြည်ပကနေ Territory ထဲ ဝင်လာမယ်ဆိုရင် Howard Springs ကွာရန်တင်းစင်တာမှာ အမြဲတမ်း စောင့်ကြည့်မှုခံရမှာဖြစ်ပြီး ကွာရန်တင်းမှာ နေထိုင်ဖို့ ကုန်ကျစရိတ် ဒေါ်လာ ၂၅၀၀ ကိုလည်း မိမိဖာသာ ကုန်ကျခံရမှာ ဖြစ်ပါတယ်။
  • တခြားပြည်နယ်နဲ့ တခြားဒေသကနေ NT ထဲ ဝင်လာသူတွေက အောက်ပါ အချက် ၆ ချက်ကို လိုက်နာရမှာ ဖြစ်ပါတယ်။

- ကွာရန်တင်းသတ်မှတ်ချက်တွေကို လေ့လာဖတ်ရှုခြင်း

- နယ်စပ်ဝင်ခွင့်လျှောက်လွှာ ဖြည့်စွက်ခြင်း

- ရောက်လာတဲ့အခါ ခံဝန်ဂတိလက်မှတ်ရေးထိုးခြင်း

- မိမိရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ခြင်း နဲ့

- Hotspots အဖြစ် ကြေညာချက်ရဲ့ နောက်ဆုံးရအချက်အလက်ကို သိရှိအောင် လုပ်ဆောင်ထားခြင်းတို့ ဖြစ်ပါတယ်။ 

အချက် ၆ ချက်နဲ့ ဆက်စပ်ပြီး ပိုမိုသိလိုရင် https://coronavirus.nt.gov.au/travel/quarantine မှာ လေ့လာပါ။ 

  • နယ်စပ်တွေနဲ့ လေဆိပ်တွေမှာ NT ရဲတွေ အစဉ် ချထားမှာ ဖြစ်ပါတယ်။ 
  • Northern Territory (NT) အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု ဖြစ်နေတဲ့ ပြည်နယ်တွေနဲ့ နယ်စပ်ကို အနည်းဆုံး ၁၈ လ ကြာ ( ၂၀၂၀ သြဂုတ်လကစပြီး) ပိတ်ချထားဦးမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်နေတဲ့  hotspot ဒေသကလူတွေ ဆက်လက်ဝင်ခွင့် ရှိပေမယ့် ဟိုတယ်မှာ ၁၄ ရက်ကြာ မိမိရဲ့ စရိတ်နဲ့ ကုန်ကျခံပြီး အရင်ဦးဆုံး နေထိုင်ရမှာ ဖြစ်ပါတယ်။ 
  • ဥယျာဉ်တွေနဲ့ အပန်းဖြေနေရာတွေကို သွားရောက်လည်ပတ်နိုင်ပြီး ရာသီအလိုက် ပိတ်ချဖို့ လိုအပ်တဲ့အခါမှသာ ပိတ်ချဖို့ ရှိပါတယ်။ 

    Northern Territory (NT) ဒေသအတွင်း ဥယျာဉ်တွေနဲ့ အပန်းဖြေနေရာတွေအကြောင်း သတိပေးချက်တွေကို အချိန်နီးကပ်မှ အသိပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲလို နေရာကို အလည်အပတ် မသွားခင်-  

ကျောင်းဖွင့်ချိန် 

  • Northern Territory ဒေသက ကျောင်းသား အားလုံး ကျောင်းပြန်တက်ဖို့ မျှော်လင့်ထားပါတယ်။  
  • မိသားစုကနေ ကလေးကို ကျောင်းမပို့ဖို့ ရွေးချယ်ရင် အိမ်မှာနေပြီး လေ့လာသင်ယူမှု လုပ်ရမှာ ဖြစ်ပါတယ်။   

အချက်အလက်ကို https://education.nt.gov.au/publications/information-for-term-2-2020?SQ_VARIATION_814972=0 မှာလေ့လာနိုင်ပါတယ်။ 
NT ရဲ့ လမ်းပြမြေပုံကို https://coronavirus.nt.gov.au/steps-to-restart/roadmap-new-normal မှာ လေ့လာနိုင်ပါတယ်။ 


Australian Capital Territory

လူစုဝေးခြင်းဆိုင်ရာ ကန့်သတ်ချက် 

  • ဧည့်သည်အရေအတွက် သတ်မှတ်ကန့်သတ်ခြင်း မရှိ
  • အသုဘအခမ်းအနားအပါအဝင် တခြား လူစုဝေးပွဲတွေမှာ လူ ၁၀၀ အထိ စုဝေးနိုင် (တစ်ယောက်နဲ့ တစ်ယောက် ၄ စတုရန်း မီတာအကွာမှာနေရင်)
  • သေးငယ်တဲ့ နေရာမှာ လူ ၂၅ ဦးအထိ လက်ခံနိုင် သို့မဟုတ် တစ်ယောက်နဲ့တစ်ယောက် ၄ စတုရန်းမီတာ အကွာမှာ နေထိုင်ရင် ဆန့်သလောက် နေလို့ရပါတယ်။ 

ပိုသိလိုရင်  https://www.covid19.act.gov.au/protecting-yourself-and-others/groups-and-gatherings မှာ လေ့လာနိုင်ပါတယ်။ 

ခရီးသွားလာခြင်း 

  • NSW သို့ Queensland ကနေ ACT ထဲဝင်လာသူတွေအတွက်- ဆစ်ဒနီမြို့ထဲကနေ လွန်ခဲ့တဲ့ ၁၄ ရက်မှ ရောက်လာသူတွေအနေနဲ့ တခြားနေရာထက် အန္တာရာယ်များနိုင်တဲ့ နေရာတွေဆီ သွားမလည်ဖို့ သို့ အလုပ်သွားမလုပ်ဖို့ ညွန်ကြားထားပါတယ်။ အဲဒီနေရာတွေကတော့ သက်ကြီးစောင့်လျှောက်ရေးစင်တာ၊ ဆေးရုံနဲ့ အကျဉ်းထောင်တို့ဖြစ်ပါတယ်။  ကွာရန်တင်းလုပ်စရာတော့ မလိုအပ်ပါဘူး။ 
  • ဗစ်တိုးရီးယားပြည်နယ်ထဲကနေ ACT ထဲကို ဝင်လာသူတွေကို (ACT ဒေသခံကလွဲရင်) ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ACT ကျန်းမာရေးဌာနကနေ ချွင်းချက်ပေးထားသူတွေကိုတော့ ဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်ထဲကနေ ACT ထဲ ဝင်လာဖို့ တစ်ခုတည်းသော နည်းလမ်းက လေယာဉ်နဲ့ ကင်ဘာရာမြို့ လေဆိပ်ထဲကို ဝင်ရောက်လာခြင်းသာ ဖြစ်ပါတယ်။  
  • ဗစ်တိုးရီးယားပြည်နယ်ကနေ ပြန်ရောက်လာတဲ့ ACT ဒေသခံတွေအနေနဲ့ ACT မှာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ပြန်ဝင်မလာခင် ၇၂ နာရီမှာ အာဏာပိုင်တွေကို ပြန်ဝင်လာဖို့ရှိတဲ့အကြောင်း ကြိုတင်အကြောင်းကြားရမှာ ဖြစ်ပါတယ်။ 

စီးပွားရေးနဲ့ အပန်းဖြေဆိုင်ရာ လုပ်ငန်းများ

Contact sport ပြိုင်ပွဲတွေဖြစ်တဲ့ အကပြိုင်ပွဲ၊ သိုင်းပြိုင်ပွဲတွေ ပြန်လည်စတင်နိုင်ပေမယ့် ( COVID Safe Environment ကိုဗစ် ဘေးအန္တာရာယ် ကင်းတဲ့ ပတ်ဝန်းကျင်အနေအထား ဒါမှမဟုတ် COVID Safety Plan ကိုဗစ်လုံခြုံဘေးကင်းရေး အစီအစဉ်တွေ ချမှတ်ထားရမှာဖြစ်ပါတယ်။ 

ရေကူးပြိုင်ပွဲနဲ့ အသင်းလိုက် ရေကူးခြင်းတွေလည်း ပြန်လည်စတင်နိုင်ပေမယ့် ရေကူးကန်အတွင်း လူအများဆုံး စုဝေးခွင့် သတ်မှတ်ချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ ရေကူးလမ်းကြောင်း တစ်ခုမှာ လူဘယ်နှစ်ယောက်သာ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး။ 

ACT ဒေသအတွင်းက လုပ်ငန်းတွေအတွက် လမ်းညွန်ချက်များကို https://www.covid19.act.gov.au/business-and-work မှာ လေ့လာပါ။ 

  • ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၈ ရက်နောက်ပိုင်း ကင်ဘာရာမြို့က စားသောက်ဆိုင်၊ ကော်ဖီနဲ့ ဘားတွေမှာ ဆိုင်အရွယ်အစားနဲ့ မဆိုင်ပဲ လူ ၂၅ ဦးအထိ လက်ခံနိုင်ပါတယ်။
  • Bar၊ Pub နဲ့ ကလပ်တွေမှာ လူ ၁၀ ဦးပါဝင်တဲ့အဖွဲ့အတွက် စားပွဲခုံ တစ်ခုံစာ ဒါမှမဟုတ် ဘွတ်ကင်လက်ခံပြီး အရက်ယာမကာ ရောင်းချနိုင်ပေမယ့် အစားအစာ ရောင်းချခွင့်မရှိ 
  • အားကစားအတွက် လေ့ကျင့်ရေးတွေ၊ အကနဲ့ သိုင်းသင်တန်းတွေကို ပြန်လည်ခွင့်ပြုပြီ ဖြစ်ပါတယ်။ 

အောက်ပါ အခြေအနေတွေမှာ အမှုထမ်းတွေအပါအဝင် (တစ်ယောက်နဲ့ တစ်ယောက် ၄ စတုရန်းမီတာ အကွာမှာ နေရင်) လူ ၁၀၀ အထိ စုဝေးခွင့်ရှိပါတယ်။

  • ဘုရားဝတ်ပြုရာနေရာ သို့ ဘာသာရေးအခမ်းအနား
  • ရုပ်ရှင်ရုံ၊ ရုပ်ရှင်ပြဇာတ်ရုံ
  • Indoor/ outdoor ကစားကွင်း၊ ဂိမ်းကစားရာနေရာနဲ့ play centre 
  • Gym, health clubs, fitness, dance
  • ရေကူးကန်
  • ကွန်မြူနီတီ အားကစား နဲ့ တခြား အားကစားများ
  • ကွိုင်ယာသီချင်းအဖွဲ့၊ အတီးအမှုတ်အဖွဲ့
  • အလှပြုပြင်ရေး၊ ခြေသည်း လက်သည်းပြုပြင်ရေး၊ တက်တူးနဲ့ အနှိပ်စတဲ့ ဝန်ဆောင်မှုလုပ်ငန်း
  • Caravan park, campground နဲ့ camp sites မှာ လူ ၁၀၀ အထိ စုဝေးခွင့် ရှိပါတယ်။ 

Health Services protection

  • ဒီဂျစ်တယ် နည်းပညာအသစ်နဲ့ စမ်းသပ်လေ့လာပြီး လူတစ်ဦးအနေနဲ့ ကျန်းမာရေးစင်တာထဲ ဝင်သင့်မသင့် လုပ်ဆောင်နေပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါ ရိုးရှင်းပေမယ့် အရေးကြီးတဲ့ မေးခွန်းတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ အဲလို ဖြေဆိုမှုအပေါ် မူတည်ပြီး မိမိကို ကျန်းမာရေးစင်တာထဲ ဝင်ခွင့် ပေးဖို့ သင့်မသင့် အစိမ်းရောင် အမှန်ခြစ်တဲ့ သင်္ဂေတ ဒါမှမဟုတ် အနီရောင် အမှန်ခြစ် ထားတဲ့ သင်္ဂေတတို့နဲ့ သတ်မှတ်ပေးမှာဖြစ်ပါတယ်။  https://screening.covid19.act.gov.au/ မှာ လေ့လာနိုင်ပါတယ်။ 
  • ကျန်းမာရေး စင်တာတွေဆီ လည်ပတ်ခွင့် တင်းကြပ်ထားပါတယ်။  
  • လူနာ တစ်ဦးအတွက် တစ်ရက်မှာ လူတစ်ယောက်သာ လာလည်ခွင့်ရှိပြီး တစ်နာရီသာ လည်ပတ်ခွင့် ရှိပါတယ်။  
  • ဆေးရုံတင်ထားရတဲ့ ကလေးငယ်နဲ့အတူ မိဘ အုပ်ထိန်းသူ တစ်ဦးသာ အတူတူနေခွင့် ရပါတယ်။  

ကျောင်းတက်ချိန် 

အစိုးရပိုင် ကျောင်းတွေအားလုံး မျက်နှာခြင်းဆိုင် ကျောင်းစာသင်ဖို့ ကျောင်းပြန်တက်ကြပြီ ဖြစ်ပါတယ်။ 

ပိုမိုသိလိုရင် https://www.covid19.act.gov.au/updates မှာ သွားရောက် လေ့လာနိုင်ပါတယ်။ 


 

သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့  တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ညွန်ကြားထားပါတယ်။ ပြည်နယ်အလိုက် လူဘယ်လောက်သာ စုရမယ်ဆိုတဲ့ ကန့်သတ်တင်းကြပ်မှုတွေကို လေ့လာပါ။

မဲလ်ဘုန်းမြို့မှာ နေထိုင်သူတွေအနေနဲ့ သွားလာခြင်း ကန့်သတ်မှု အဆင့် ၄ ကို လိုက်နာရမှာဖြစ်သလို ည ၈ နာရီကနေ မနက် ၅ နာရီအထိ ကာဖြူးအချိန်အဖြစ် သတ်မှတ်ထားတဲ့အတွက် အဲဒီအတွက် ကန့်သတ် သတ်မှတ်ချက်တွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ https://www.dhhs.vic.gov.au/updated-restrictions-announcement-2-august-covid-19 မှာ ပိုမို လေ့လာနိုင်ပါတယ်။ 

သင့်အနေနဲ့ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါ လက္ခဏာ ခံစားနေရရင် အိမ်မှာပဲနေပြီး ရောဂါ စမ်းသပ်ဖို့ သင့်ရဲ့ ဆရာဝန်ကို ဖုန်းဆက်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဘာသာစကား ၆၃ မျိုးနဲ့ တင်ဆက်ပေးနေပြီး www.sbs.com.au/coronavirus မှာ သွားရောက် လေ့လာနိုင်ပါတယ်။