Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

NSW ခြံတစ်ခုမှာ အလုပ်သမားကို တစ်နာရီ ၃ ဒေါ်လာပဲ ပေးလို့ တော်ဝင်စုံစမ်းမှု လုပ်ဖို့ တောင်းဆို

The AWU says workers are being exploited on farms all over Australia. Source: Hulton Archive

NSW ပြည်နယ်က ခြံတစ်ခုမှာ ပြည်ပနိုင်ငံက အလုပ်သမားတွေကို တစ်နာရီ ၃ ဒေါ်လာပဲ ပေးတဲ့အတွက် အလုပ်သမားတွေအပေါ် မတရားအမြတ်ထုတ်မှုတွေကို တော်ဝင်စုံစမ်းစစ်ဆေးရေးလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

NSW ပြည်နယ် မြောက်ပိုင်းက blueberry ခြံတစ်ခုမှာ ပြည်ပကနေ လာရောက်အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားတွေကို တစ်နာရီ ၃ ဒေါ်လာပဲ ပေးတယ်လို့ တွေ့ရှိတာ ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံရဲ့ အနိမ့်ဆုံးလစာက တစ်နာရီကို ဒေါ်လာ ၂၀ နီးပါး ရှိနေတဲ့အချိန်မှာ တစ်နာရီကို ၃ ဒေါ်လာသာ ပေးတာ ဖြစ်ပါတယ်။ 

Coffs Harbour တဝိုက်က blueberry ခြံတွေမှာ အသီးခူးတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို ၃ လကြာ လေ့လာတဲ့အခါမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို အလုပ်သမားတွေအပေါ် မတရားအမြတ်ထုတ်မှုတွေက သြစတြေးလျ နိုင်ငံတလွှားမှာ ဖြစ်ပေါ်တဲ့အတွက် တော်ဝင်စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ဒီကိစ္စကို စုံစမ်းတဲ့ McKell Institute က ပြောပါတယ်။ 

အသက် ၄၆ နှစ်အရွယ် Natalie Trigwell ဟာ Nimbin မှာ ဖြစ်ပွားတဲ့ တောမီးလောင်မှုအတွင်း အိမ်က မီးထဲပါသွားလို့  campervan ထဲမှာပဲ နေထိုင်ရတာဖြစ်ပြီး ကြံရာမရတဲ့အဆုံး ဘယ်ရီသီးခူးတဲ့အလုပ်ကို ဝင်လုပ်ခဲ့တာ ဖြစ်ပါတယ်။

တစ်ရက်ကို ၁၅ ဒေါ်လာ ကနေ ဒေါ်လာ ၂၀ ပဲ ရတယ်လို့ သူမက ပြောပြပါတယ်။ 

Backpacker လို့ခေါ်တဲ့ သြစတြေးလျ နိုင်ငံကို အလည်လာရင်း အလုပ်လုပ်ခွင့်ပါ ရတဲ့ တချို့နိုင်ငံသားတွေနဲ့ ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်သူ တချို့ဟာလည်း လုပ်ငန်းခွင်မှာ ဖိနှိပ်မှုတွေနဲ့ လစာချိုးနှိမ်မှုတွေ ခံစားရတယ်လို့ ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂျာမနီနိုင်ငံသား တစ်ဦးဟာ ဆိုရင် တစ်နာရီကို ၃ ဒေါ်လာသာ ရခဲ့ပြီး နောက်ပိုင်းမှာ ပျှမ်းမျှအားဖြင့် တစ်နာရီကို ၆.၂၁ ဒေါ်လာသာ ရရှိခဲ့တယ်လို့ ပြောပြထားပါတယ်။ 

သြစတြေးလျနိုင်ငံက အလုပ်သမားသမဂ္ဂ အဖွဲ့ရဲ့ အတွင်းရေးမှူး Daniel Walton က ဒီလို အနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီး တော်ဝင်စုံစမ်းစစ်ဆေးရေး လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

ဒီလို မတရားမှု လုပ်ရပ်တွေဟာ Coffs Harbour မှာပဲ ဖြစ်နေတာမဟုတ်ပဲ သြစတြေးလျ တခွင်မှာ ဖြစ်နေတာလို့လည်း ပြောပါတယ်။  

AWU National Secretary Daniel Walton.
AWU National Secretary Daniel Walton says "outrageous exploitation" is occurring on farms all over Australia.
AAP

Mr Walton urged Agriculture Minister David Littleproud to support a royal commission.

ဒီလို အမြတ်ထုတ်မှုမျိုးကို လူနည်းစုကသာ လုပ်တာဖြစ်ပေမယ့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အားလုံးကို နာမည်ပျက်နိုင်တဲ့ အနေအထားဖြစ်တယ်လို့လည်း ပြောပါတယ်။ 

ဒီလို အနေအထားကို ပြုပြင်ဖို့အတွက် အလုပ်ခေါ်ယူမှု လုပ်ပေးတဲ့ လူတွေကို ပိုမိုစိစစ်ဖို့၊ အနိုင်ကျင့်မှု လုပ်သူကို ပြင်းထန်စွာအရေးယူဖို့နဲ့ သြစတြေးလျနိုင်ငံရဲ့ ဗီဇာစနစ်ကို ပြုပြင်ပြောင်းလဲဖို့အပြင် လုပ်ငန်းခွင်ဝင်ရောက် စစ်ဆေးရေးတွေလည်း လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

 

Source AAP - SBS
This story is also available in other languages.