Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

သြစီဆိုင်ရာ ကိုဗစ်-၁၉ - သင့်ဘာသာစကားနဲ့ သိရမယ့် အကြောင်းအရာများ

သင့်ရဲ့ဘာသာစကားနဲ့သိရမယ့် ကိုဗစ်-၁၉ဆိုင်ရာ အကြောင်းအရာများကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။

နေ့စဉ် နောက်ဆုံးရ ကိုဗစ်-၁၉ အချက်အလက်တွေကို အင်္ဂလိပ်ဘာသာနဲ့သိလိုပါက SBS News Covid-19 မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


သြစတြေးလျနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး
သြစတြေးလျံ အစိုးရကနေ လုံခြုံဘေးကင်းပြီး ထိရောက်မှု ရှိတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိပြီ ဆိုတာနဲ့ သြစတြေးလျံ အားလုံးအတွက် ထိုးပေးနိုင်အောင် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

COVID-19 vaccine national roll-out strategy
COVID-19 vaccine national roll-out strategy
Australian Government - Department of Health

သင့်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့အတွက် ဘယ်မှာကြိုတင်နေရာယူထားလို့ရနိုင်သလဲ ဆိုတာကိုသိရှိလိုပါက https://covid-vaccine.healthdirect.gov.au/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သင်အသက်အရွယ် ၄၀ ဒါမှမဟုတ် အထက်ဆိုရင် ကာကွယ်ဆေးထိုးလို့ပြီဖြစ်ပါတယ်။ အသက် ၁၆နှစ်နဲ့ ၃၉ နှစ်အကြားက လူတချို့လည်း ကာကွယ်ဆေးထိုးရလို့ရကောင်း ရနိုင်ပါတယ်။

သင့်ရဲ့မိသားစုဆရာဝန်နဲ့ရက်ချိန်းကြိုယူဖို့နဲ့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို မိမိဘာသာစကားနဲ့ အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။ https://www.health.gov.au/initiatives-and-programs/covid-19-vaccines/covid-19-vaccine-information-in-your-language

ဘယ်ကာကွယ်ဆေးကအာမခံချက်ရှိသလဲ။

COVID-19 Comirnaty (Pfizer) ဟာ အသက် ၁၆နှစ်နဲ့ ၅၉ ကြားကလူတွေအတွက် ပိုမိုသင့်လျော်တယ်လို့ Australian Technical Advisory Group on Immunisation [ATAGI] ကအကြံပြုထားပါတယ်။

ကိုဗစ်-၁၉ကာကွယ်ဆေး AstraZeneca ကို အသက် ၁၈နှစ်နဲ့ ၅၉နှစ်အကြားလူတွေကို ထိုးပေးလို့ရတယ်လို့လည်းဆိုပါတယ်။

သင့်အနေနဲ့ကာကွယ်ဆေးထိုးလို့ရနိုင်ပြီလားဆိုတာကိုစစ်ကြည့်ဖို့အတွက် https://covid-vaccine.healthdirect.gov.au/ ဝက်ဘ်ဆိုဒ်မှာ တဆင့်ပြီးတဆင့် ဝင်ကြည့်နိုင်ပါတယ်။

သင်အသက် ၁၈နှစ် နဲ့အထက် ရှိပေမယ့် ကာကွယ်ဆေးထိုးလို့ရတဲ့အထဲမှာမပါသေးဘူးဆိုရင် သင်ထိုးလို့ရတဲ့အချိန်ကျရင် အသိပေးဖို့ တောင်းဆိုထားလို့ရပါတယ်။
သြစတြေးလျားနိုင်ငံမှာ အသက် ၁၆နှစ်အောက်လူတွေဟာ ကာကွယ်ဆေးလို့မရသေးပါဘူး။

ကိုဗစ်-၁၉  ဆိုင်ရာ စိတ်ကျန်းမာရေးနဲ့ ပံ့ပိုးမှုများ 

၂၀၂၀ခုနှစ်မှာ သြစတြေးလျားအစိုးရက တနှစ်တာစိတ်ရောဂါကုထုံးအတွက် Medicare သက်သာစရိတ်ထဲမှာ ၁၀ကြိမ်ထပ်မံထည့်သွင်းပေးထားပါတယ်။ စိတ်ကျန်းမာရေးပြုစုစောင့်ရှောက်ရေးအစီအစဉ်အောက်မှာရှိတဲ့ အကြုံဝင်တဲ့လူနာတွေအားလုံး MBS (Better Access) ကနေတဆင့် စိတ်ရောဂါအထူးကုဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ အထွေထွေကုဆရာဝန်တွေနဲ့ ပိုမိုတွေ့ခွင့်ရရှိကြမှာဖြစ်ပါတယ်။
သြစတြေးလျားအစိုးရက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်တဲ့ ထောက်ပံ့ကူညီမှုတွေကို စိတ်ကျန်းမာရေး လမ်းစဖြစ်တဲ့ "Head to Health" ကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ တကိုယ်တည်း နေထိုင်ရတဲ့အတောအတွင်း စိတ်ကျန်းမာရေးကောင်းမွန်အောင်ဘယ်လို ထိန်းသိမ်းနေထိုင်ရမလဲဆိုတဲ့ အကြောင်းအရာနဲ့ လမ်းညွှန်းမှုတွေကို ဖော်ပြပေးထားပါတယ်။

Embrace Mental Health ဟာ Mental Health Australia ကနေစီစဉ်လုပ်ဆောင်တဲ့စီမံကိန်းတခုဖြစ်ပြီး လူမျိုးပေါင်းစုံဘာသာပေါင်းစုံနောက်ခံကနေလာတဲ့သူတွေရဲ့ စိတ်ကျန်းမာရေးအတွက် ရည်ရွယ်ပြီးတော့ ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ အရင်းအမြစ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ အကြောင်းအရာတွေကို စီစဉ်လုပ်ဆောင်ပေးပါတယ်။

စိတ်ကျန်းမာရေးအထောက်အကူတွေကိုသင့်ဘာသာစကားနဲ့သိရှိလိုပါက TIS National ကို ၁၃၁ ၄၅၀ ကနေခေါ်ဆိုနိုင်သလို ဒါမှမဟုတ် စကားပြန်တယောက်ရရှိဖို့အတွက် tisnational.gov.au မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ TIS National မှာ ဘာသာပေါင်း ၁၀၀ ကျော်ရှိပြီး တပတ် ၇ရက် ၂၄နာရီခေါ်ဆိုနိုင်ပါတယ်။

စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးအကြောင်းအရာပိုမိုသိရှိလိုပါက မြန်မာဘာသာနဲ့ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

ငွေရေးကြေးရေး အခက်အခဲ (Pandemic Leave Disaster Payment) 

ကိုဗစ်-၁၉  ကာလအတွင်း ငွေရေး ကြေးရေး အခက်အခဲဖြစ်နေရင်Covid19 Money Smart မှာ သွားရောက်လေ့လာနိုင်သလို National Debt Helpline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၀၇ ၀၀၇ ကို ဆက်သွယ်နိုင်ပါတယ်။ 

သြစတြေးလျနိုင်ငံ ပြည်ထောင်စု အစိုးရကနေ ကပ်ရောဂါဆိုင်ရာခွင့် အနေနဲ့ disaster payment တွေ ချမှတ်ပေးထားပြီး pandemic leave မှာ လျှောက်ထားပါတယ်။ 

အဲဒီ ပံ့ပိုးကြေးဟာ ရောဂါကြောင့် အလုပ်မသွားပဲ အိမ်မှာနေပြီး self-isolate ဒါမှမဟုတ် ကွာရန်တင်းဝင်ရသူတွေ ဖြစ်နိုင်သလို ကိုဗစ်-၁၉  ရောဂါရှိသူကို ပြုစုစောင့်ရှောက်မှု လုပ်ရမှာဖြစ်ပေမယ့် အလုပ်မှာ ဖျားနာခွင့်မရှိတဲ့လူတွေကို ပံ့ပိုးပေးထားတဲ့ ပံ့ပိုးမှု ဖြစ်ပါတယ်။ 

Pandemic Leave Disaster ပံ့ပိုးကြေးနဲ့ပတ်သက်ပြီး ဆိုင်ရာ ပြည်နယ်နဲ့ ဒေသတွေရဲ့ သတ်မှတ်ချက်တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။ 

COVID-19 ရောဂါ ဘယ်လို ကူးစက်ပြန့်နှံ့ပါသလဲ၊ ဘယ်လို ကာကွယ်နိုင်မလဲ။ 

COVID-19 ဟာ တစ်ဦးကို တစ်ဦး အောက်ပါ နည်းလမ်းတွေနဲ့ ကူးစက်နိုင်ပါတယ်။ 

  • ကူးစက်ခံရသူနဲ့ ထိတွေ့ဆက်ဆံမှု ဒါမှမဟုတ် ရောဂါ လက္ခာဏာ မပြသခင်မှာ ထိတွေ့ဆက်ဆံမှုတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ 
  • ရောဂါ ကူးစက်ခံထားရသူရဲ့ ချောင်းဆိုးမှု ဒါမှမဟုတ် နာချေမှုတွေကို ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါတယ်။
  • ရောဂါကူးစက်ခံရသူရဲ့ ချောင်းဆိုးမှု ဒါမှမဟုတ် နာချေမှုတွေ ပေကျန်နေတဲ့ အရာ (ဥပမာ တံခါးလက်ကိုင်နဲ့ စားပွဲခုံ) တွေကို ကိုင်မိပြီးနောက် အဲဒီကနေတဆင့် မိမိရဲ့ ပါးစပ်နဲ့ မျက်နှာကို ကိုင်တွယ်မိရာကနေ ကူးစက်နိုင်ပါတယ်။ 

ကိုဗစ်-၁၉  ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ လက်ကို သန့်စင်စွာ ထားခြင်း၊ နာချေ၊ ချောင်းဆိုးတဲ့အခါ လက်မောင်းနဲ့အုပ်ပြီး လုပ်ဆောင်ခြင်းအပြင် ဖျားနာတဲ့အခါ တခြားလူနား မနေတာမျိုးတွေက ဗိုင်းရပ်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အကောင်းဆုံး နည်းလမ်းတွေ ဖြစ်ပါတယ်။ အဲဒီတော့ သင့်အနေနဲ့ လုပ်သင့်တာက 

  • တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၁.၅ မီတာအကွာမှာနေပြီး အဆောက်အဦးအတွင်းမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ၄ စတုရန်း မီတာအကွာအဝေးမှာ နေထိုင်တာတွေ
  • အိမ်သာတက်ပြီးတဲ့အခါပဲ ဖြစ်ဖြစ် ထမင်းမစားမီနဲ့ ထမင်းစားပြီးတိုင်းဖြစ်ဖြစ် ဆပ်ပြာနဲ့ လက်ကို မကြာခဏဆေးကြောတာတွေ 
  • ချောင်းဆိုးတဲ့အခါ၊ နာချေတဲ့အခါ အုပ်ထားပြီး အသုံးပြုထားတဲ့ တစ်ရှူးတွေကို စွန့်ပစ်ပြီးရင် အရက်ပျံနဲ့ ဖော်စပ်ထားတဲ့ လက်သန့်စင်ဆေးတွေကို အသုံးပြုတာတွေ
  • နေထိုင်မကောင်းဖြစ်နေရင် တခြားလူနား နေထိုင်ခြင်း မပြုတာတွေ (တခြားလူနဲ့ အနည်းဆုံး ၁.၅ မီတာ အကွာအဝေးမှာ နေထိုင်သင့်) ဖြစ်ပါတယ်။

သြစတြေးလျ အစိုးရက သြစတြေးလျမှာ နေထိုင်တဲ့လူတိုင်း COVIDSafe app ကို ဒေါင်းလုဒ် လုပ်ဖို့ တိုက်တွန်းထားပါတယ်။ 

ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် စစ်ဆေးမှု ခံယူပါ။  

Coronavirus ရောဂါ လက္ခာဏာတွေထဲမှာ သာမာန် ဖျားနာခြင်းကနေ နျူမိုးနီးယား အထိ ပြင်းထန်နိုင်ပြီး COVID-19 ရဲ့ ရောဂါ လက္ခာဏာတွေဟာ တခြား အအေးမိခြင်းနဲ့ တုတ်ကွေးရောဂါ လက္ခာဏာနဲ့ ဆင်တူနေတတ်ပြီး အဲဒီအထဲမှာ 

  • ဖျားခြင်း
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခာဏာရှိခြင်း
  • ချောင်းဆိုးခြင်း 
  • လည်ချောင်းနာခြင်း
  • အသက်ရှုမဝခြင်းနဲ့ 
  • တခြားလက္ခာဏာတွေလည်း ပါဝင်ပြီး အဲဒီအထဲမှာ နာရေယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား ဒါမှမဟုတ် အဆစ်တွေ ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အနှံ့အာရုံ ပျက်စီးခြင်း၊ အရသာအာရုံ ပျက်စီးခြင်း၊ စားချင်စိတ် မရှိခြင်းနဲ့ မူးဝေအော့အန်ချင်နေတာမျိုးတွေ ပါဝင်ပါတယ်။ 

ကျန်းမာရေး အာဏာပိုင်တွေကနေ ကိုဗစ်-၁၉  ရောဂါလက္ခာဏာနဲ့ ဆက်စပ်ပြီး စစ်ဆေးလေ့လာလို့ရအောင် အချက်အလက်တွေ တင်ပြထားတာရှိပြီး  COVID19 Symptom Checker  မှာ လေ့လာနိုင်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် တိကျတဲ့ ကုသနည်း မရှိသေးပါဘူး။ ဒါပေမဲ့ အများအားဖြင့်တော့ supportive medical care နည်းတွေနဲ့ ကုသပေးပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေက ဗိုင်းရပ်စ်အပေါ် သက်ရောက်မှု မရှိဘူးလို့လည်း သိရပါတယ်။ 

သင့်မှာရောဂါလက္ခဏာရှိလာပါက စစ်ဆေးမှုခံယူသင့်ပါတယ်။

ရောဂါလက္ခဏာအကြောင်းနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ကို မေးမြန်းဆက်သွယ်လိုရင် တစ်နိုင်ငံလုံးအတွက် ချမှတ်ပေးထားတဲ့ Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ၂၄ နာရီ ၇ ရက်ပတ်လုံး ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။  

ဘယ်နေရာမှာ စစ်ဆေးမှု ခံယူနိုင်သလဲ။ 

ကိုဗစ်-၁၉  ရောဂါ စစ်ဆေးရေး စင်တာတွေနဲ့ ပတ်သက်ပြီး သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသမှာ စစ်နိုင်တဲ့နေရာကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ 

သင့်မှာ ရောဂါလက္ခဏာ ရှိနေရင် သီးသန့်ခွဲခြားနေထိုင်းခြင်း self-isolate လုပ်ရမှာ ဖြစ်ပါတယ်။

အဲဒီကာလအတွင်း အလုပ်သွားတာတွေ၊ ကျောင်းသွားတာတွေ၊ ရှော့ပင်းစင်တာ၊ ကလေးထိန်းကျောင်း ဒါမှမဟုတ် တက္ကသိုလ် တက်တာမျိုးတွေ မလုပ်ပါနဲ့။

တခြားလူတွေကို အကူအညီတောင်းပြီး သင့်အိမ်ရှေ့တံခါးမှာ အစားအစာနဲ့ တခြား လိုအပ်တဲ့ အရာတွေကို လာချပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

ဧည့်သည်တွေကိုလည်း အိမ်ထဲ ဝင်ခွင့်မပြုပါနဲ့ - သင်နဲ့အတူ နေထိုင်နေကြ အိမ်သူ အိမ်သားကိုသာ သင့်အိမ်မှာ နေထိုင်သင့်ပါတယ်။

0:00

 

ဘယ်သူတွေအတွက် စိုးရိမ်ရပါသလဲ။ 

တချို့ ရောဂါ ကူးစက်ခံရသူတွေဟာ လုံးဝဖျားနာခြင်းမျိုးတွေ မရှိပေမယ့် တချို့လူတွေမှာ ရောဂါ လက္ခာဏာ အနည်းငယ်သာပြပြီး အလွယ်တကူ သက်သာပျောက်ကင်းမှာဖြစ်ပေမယ့် တချို့လူတွေကတော့ အလျင်အမြန်နှုန်းနဲ့ အဖျားကြီးတာမျိုး ဖြစ်တတ်ပါတယ်။ တခြား ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေကနေ သိရတဲ့ အတွေ့အကြုံတွေအရ ဒီရောဂါဟာ  

  • Aboriginal နဲ့ Torres Strait Islander ဌာနေတိုင်းရင်းသား လူမျိုးတွေဖြစ်ပြီးတော့ အသက် ၅၀ ကျော်နဲ့အထက်ရှိပြီး နာတာရှည်ရောဂါ တစ်ခု ဒါမှမဟုတ် တစ်ခုထက်မက ရှိသူတွေ
  • အသက် ၆၅ နှစ်နဲ့ အထက်ရှိပြီးတော့ နာတာရှည် ဝေဒနာ ရှိသူတွေ အတွက် စိုးရိမ်ရပါတယ်။ နာတာရှည်ရောဂါ အခြေအနေအဖြစ် သတ်မှတ်ထားတာတွေ အာလုံးပါဝင်ပြီး သက်သေအထောက်အထားတွေ ဒီထက်မက ထွက်လာတဲ့အခါ ထပ်မံ အသိပေးသွားမှာ ဖြစ်ပါတယ်။
  • အသက် ၇၀ နဲ့ အထက် ရှိသူတွေနဲ့
  • ခုခံအားစနစ် ပျက်ပြားနေတဲ့သူ (ဥပမာ ကင်ဆာဝေဒနာသည်) တွေအတွက် စိုးရိမ်ရပါတယ်။  

 

နှာခေါင်းစည်းတွေကို တပ်ဆင်သင့်သလား။ 

သြစတြေးလျနိုင်ငံအတွင်းက တချို့ပြည်နယ်နဲ့ ဒေသတွေမှာ နှာခေါင်းစည်းတွေကို တပ်ဆင်ဖို့ တိုက်တွန်းသလို၊ တချို့ကတော့ မဖြစ်မနေ တပ်ဆင်ဖို့ သတ်မှတ်ထားတာ ရှိပါတယ်။ သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသမှာ ကိုဗစ်-၁၉  ရောဂါ အခြေအနေ ပြောင်းလဲမှုရှိရင် သင့်အနေနဲ့ နှာခေါင်းစည်းတွေကို တပ်ဆင်မှုလုပ်ဖို့ သင့်မသင့် ဆိုတဲ့ ညွန်ကြားချက်တွေမှာလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ အဲဒီတော့ သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ အကြံပြုချက်တွေကို အမြဲတမ်း သိအောင် လုပ်ဖို့ အရေးကြီးပါတယ်။ ဆိုင်ရာပြည်နယ်ရဲ့ သတ်မှတ်ချက်ကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။  

နှာခေါင်းစည်းကို တပ်ဆင်တဲ့အခါမှာလည်း မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ တပ်ဆင်သင့်ပါတယ်။ 

  • နှာခေါင်းစည်းကို မတပ်ခင်မှာ သင့်ရဲ့ လက်ကို လက်သန့်စင်ဆေးနဲ့ အရင်သန့်စင်အောင်လုပ်ပြီးမှ တပ်ဆင်သင့်သလို ဖြုတ်ပြီးတဲ့အခါကြရင်လည်း လက်သန့်စင်ဆေးနဲ့ သန့်စင်သင့်ပါတယ်။ 
  • နှာခေါင်းစည်း mask က သင့်ရဲ့ နှာခေါင်း၊ ပါးစပ်ကို လုံခြုံရမှာဖြစ်သလို သင့်ရဲ့ မေးအောက်နားမှာ အသားကျနေရမှာဖြစ်ပြီး သင့်ရဲ့ နာတံနဲ့ ပါးနှစ်ဖက်ရဲ့ ထောင့်ကို လုံခြုံစေရမှာ ဖြစ်ပါတယ်။  
  • နှာခေါင်းစည်းကို တပ်ဆင်တဲ့အခါ ဒါမှမဟုတ် ဖြုတ်လိုက်တဲ့အခါကြရင် နှာခေါင်းစည်းရဲ့ အရှေ့ဖက်ကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ 
  • နှာခေါင်းစည်းကို သင့်ရဲ့ လည်ပင်းနဲ့ နှာခေါင်းအောက်မှာ ချထားတာမျိုး မလုပ်ပါနဲ့။  
  • တစ်ခါသုံး နှာခေါင်းစည်းတွေကို ပြန်လည်အသုံးပြုတာမျိုး မလုပ်ပါနဲ့။ ထပ်ခါ ထပ်ခါ ပြန်သုံးလို့ရတဲ့ နှာခေါင်းစည်းမျိုးကို အသုံးပြုမယ်ဆိုရင်လည်း တစ်ခါသုံးပြီးတိုင်း လျှော်ဖွတ်ပြီး သန့်ရှင်းခြောက်သွေ့တဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။  

ပြည်တွင်း၊ ပြည်ပ ဝင်ထွက်သွားလာခြင်း။ 

ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရကနေ သီးသန့်သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ထားခွင့်ရှိပြီး အဲဒီအထဲမှာ နယ်စပ်တွေကို ပိတ်ချထားခွင့်လည်း ပါဝင်ပါတယ်။ 

ဒေတာအချက်အလက်တွေကို စုဆောင်းဖို့ ပြဌာန်းခြင်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ပြည်နယ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအတွက် ရောဂါခြေရာခံတဲ့နေရာမှာ လွယ်ကူအောင် ပြည်တွင်းမှာ ပြေးဆွဲတဲ့ လေယာဉ်ပေါ်က ခရီးသည်တွေရဲ့ ဒေတာအချက်အလက်ကို စုဆောင်းဖို့ ပြဌာန်းထားပြီး နာမည်၊ အီးမေးလ်လိပ်စာ၊ မိုဘိုင်းဖုန်းနံပတ်နဲ့ နေထိုင်ရာ ပြည်နယ် စတဲ့အချက်အလက်တွေကို ကောက်ခံနေပြီ ဖြစ်ပါတယ်။

 

နိုင်ငံတကာ ခရီးသွားခြင်း

နိုင်ငံတကာ ပြေးဆွဲတဲ့လေယာဉ်တွေအတွက် ယာယီ သတ်မှတ်ကန့်သတ်ချက်တွေ ထားရှိပြီး အစိုးရကနေ ဒီလို ကန့်သတ်ချက်တွေကို ပုံမှန်ပြန်လည် ဆန်းစစ်ပြီး အပြောင်းအလဲတွေ လုပ်နိုင်ပါတယ်။ ဒီလို ကန့်သတ်ချက်တွေက သင်သြစတြေးလျကို ပြန်လာဖို့အရေး ထိခိုက်မှု ရှိနိုင်ပါတယ်။ အချက်အလက်တွေက မကြာခဏ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ ပိုမိုသိလိုရင် Smart Traveller မှာ လေ့လာပါ။ 

ကွာရန်တင်းကိစ္စနဲ့ ရောဂါစမ်းသပ်ရေးတွေကို ပြည်နယ်နဲ့ ဒေသအလိုက် စီစဉ်ကြတာဖြစ်ပြီး အောက်ပါ လင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

သြစတြေးလျနိုင်ငံကနေ ပြည်ပကို ထွက်ခွာလိုတယ်ဆိုရင် ခရီးသွားခွင့်ရဖို့ အွန်လိုင်းပေါ်မှာ လျှောက်ထားနိုင်ပြီး အောက်ပါအချက်အလက်တွေပြည့်စုံရင်တောင် ချွင်းချက် ရရှိနိုင်ပါတယ်။

  • ကိုဗစ်-၁၉  ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ အပါအဝင် သင့်ရဲ့ ခရီးစဉ်ဟာ ရောဂါ ကူးစက်ပြန့်နှံ့မှုအပေါ် တုန့်ပြန်ဖို့အတွက်
  • သင့်ရဲ့ ခရီးစဉ်ဟာ (သွင်းကုန်၊ ထုတ်ကုန်အပါအဝင်) အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းလုပ်ဖို့အတွက်
  • သြစတြေးလျနိုင်ငံမှာ မရနိုင်တဲ့ အရေးပေါ် ဆေးကုသမှု ခံယူဖို့အတွက်
  • အရေးပေါ်လိုအပ်ပြီး မရှောင်ရှားနိုင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်
  • လူသားခြင်း စာနာထောက်ထားရေးအတွက်နဲ့ 
  • နိုင်ငံတော်အတွက်သာ ခရီးသွားတာမျိုး ဖြစ်ရမှာ ဖြစ်ပါတယ်။ 

အချက်အလက် ပိုမို သိလိုတယ်ဆိုရင် www.smartraveller.gov.au ကို သွားရောက် လေ့လာနိုင်ပါတယ်။ 

 


 

အစိုးရကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်များ 

 

  • ကိုဗစ်-၁၉  နဲ့ ပတ်သက်ပြီး သြစတြေးလျ အစိုးရရဲ့ ကိုင်တွယ်ချက်တွေကို Government response to the outbreak မှာ လေ့လာပါ။ 
  • အင်္ဂလိပ်ဘာသာနဲ့ အချက်အလက်တွေကို ပိုသိချင်ရင် Australian Government Department of Health မှာ လေ့လာပါ။ 
  • AUSTRALIAN GOVERNMENT DEPARTMENT OF HOME AFFAIRS - သြစတြေးလျံ လူမှုအသိုင်းအဝိုင်းအတွက် သင့်ဘာသာစကားဖြင့် အချက်အလက်တွေကို information for the Australian community in your language မှာ ရှာကြည့်နိုင်ပါတယ်။ 

 


သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့  တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ညွန်ကြားထားပါတယ်။ ပြည်နယ်အလိုက် လူဘယ်လောက်သာ စုရမယ်ဆိုတဲ့ ကန့်သတ်တင်းကြပ်မှုတွေကို လေ့လာပါ။ 

သင့်အနေနဲ့ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါ လက္ခဏာ ခံစားနေရရင် နေအိမ်မှာပဲနေပြီး ရောဂါ စမ်းသပ်ဖို့ သင့်ရဲ့ ဆရာဝန်ကို ဖုန်းဆက်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

SBS အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို နားဆင်လေ့လာနိုင်အောင် ဘာသာစကား ၆၃ မျိုးနဲ့ တင်ဆက်ပေးနေပြီး www.sbs.com.au/coronavirus မှာ သွားရောက် လေ့လာနိုင်ပါတယ်။ 

သင်နေထိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania မှာ လေ့လာပါ။