ဒါကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် အင်္ဂါနေ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေ ဖြစ်ပါတယ်။
- Northern Territory မှာ ကလေးငယ်တစ်ဦးအပါအဝင် ကူးစက်သူ ၃ ဦးထပ်တိုးလာပြီးနောက် ဒီဇင်ဘာလ ၄ ရက်အထိ လော့ခ်ဒေါင်းချမှတ် ထားပါတယ်။
- Queensland ပြည်နယ်ဝန်ကြီးချုပ် Annastacia Palaszczuk က ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးထိုးသူ ၉ ၀% မရှိမခြင်း ဆစ်ဒနီမြို့ကို ခဏသွားလိက်မယ် ဆိုတာမျိုး လုပ်လို့ရမှာ မဟုတ်ဘူးလို့ ပြောဆို လိုက်ပါတယ်။
- ပြည်တွင်း ခရီးသွားတွေအတွက် ရောဂါစစ်ဆေးရေးစနစ်မှာ အပြောင်းအလဲလုပ်ဖို့ NSW တိုက်တွန်း ထားပါတယ်။
- South Australia က ကွာရန်တင်းဝင်စရာမလိုပဲ NSW, ACT နဲ့ Victoria ပြည်နယ်က လူတွေအတွက် နယ်စပ်ဖွင့်ပေး၊ သောကြာနေ့မွန်းလွဲပိုင်းကစပြီး လူပေါင်း ၄၃၀၀၀ ဦး ပြည်နယ်ထဲဝင်ခွင့်ရဖို့ EntryCheck ဝဘ်ဆိုက်ကနေတဆင့် လျှောက်ထားကြပါတယ်။
- သြစတြေးလျမှာ အသက် ၁၆ နှစ်အထက် ရှိသူ လူဦးရေ ၈၀% အောက်သာ ထိုးထားတဲ့ ရပ်ကွက်၊ မြို့နယ်တွေကနေ South Australia ကို လာရောက်ရင် ကွာရန်တင်း ဝင်ရဦးမှာ ဖြစ်ပါတယ်။
COVID-19 ကူးစက်မှုနဲ့ သေဆုံးသူ အရေအတွက် -
Victoria ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်သူ ၈၂၇ ဦးရှိပြီး ၁၉ ဦး သေဆုံးရပါတယ်။ သေဆုံးသူတွေထဲက ၁၇ ဦးဟာ ကာကွယ်ဆေး မထိုးထားကြတဲ့ လူတွေ ဖြစ်ပါတယ်။
NSW မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၇၃ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။
ACT မှာ ဒီကနေ့ ကူးစက်သူ ၁၉ ဦး ရှိပါတယ်။
ပြည်နယ်အလိုက် ကွာရန်တင်းနဲ့ တင်းကြပ်မှုဆိုင်ရာ သတ်မှတ်ချက်များ
သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသမှာ ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေ လုပ်ခွင့်မရှိဘူးလဲ ဆိုတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
ခရီးသွားလာခြင်း
နိုင်ငံတကာက ခရီးသွားတွေအတွက် သတင်းအချက်အလက်များနဲ့ ကိုဗစ်-၁၉ အချက်အလက်အပြင် သင့်ဘာသာနဲ့ ခရီးသွားခြင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။
ငွေရေးကြေးရေး ထောက်ပံ့မှု
ပြည်နယ်တွေမှာ ကာကွယ်ဆေးထိုးတဲ့ လူဦးရေ ၇၀ နဲ့ ၈၀% ရှိပြီဆိုတာနဲ့ COVID-19 Disaster Payment ထောက်ပံ့ကြေးမှာ အပြောင်းအလဲ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ဒုက္ခရောက်လို့ အကူအညီလိုအပ်ရင် သင့်ဘာသာစကားနဲ့ Services Australia မှာ လေ့လာနိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory