Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

NSW မှာ တင်းကြပ်မှု စောစီးစွာ ဖြေလျှော့ပေးမှာဖြစ်ပေမယ့် ကာကွယ်ဆေး မထိုးထားတဲ့လူတွေအတွက် ကြန့်ကြာမယ်

Mashabiki wajumuika wakati wa mchuano wa Melbourne Cup, katika uwanja wa mashindano ya farasi wa Flemington Racecourse, Melbourne. Source: AAP

ဒါကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေ ဖြစ်ပါတယ်။

ဖြေလျှော့ပေးမှုဆိုင်ရာ စည်းမျဉ်းများ

  • NSW မှာ ကာကွယ်ဆေး အပြည့်အဝ ထိုးထားသူတွေအတွက် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဖြေလျှော့မှု လုပ်ပေးမယ့်အစား နိုဝင်ဘာလ ၈ ရက်ကစပြီး ဖြေလျှောက်မှု လုပ်ပေးမှာ ဖြစ်ပါတယ်။
  • NSW မှာ ဘယ်အကျယ်အဝန်း၊ အကွာအဝေးမှာ လူဘယ်နှစ်ယောက်သာ စုရမယ်ဆိုတဲ့ density limit ကို ဖယ်ရှားပေးလိုက်ပေမယ့် gym တွေ၊ အကသင်တန်းတွေမှာတော့ အကျယ်အဝန်းအပေါ်မူတည်ပြီး လူအနည်းအများ လက်ခံရမယ့် စည်းမျဉ်းကို သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အဆောက်အဦးအတွင်းမှာ နှာခေါင်းစည်းတွေကို ဆက်လက် တပ်ဆင်ရမှာ ဖြစ်ပါတယ်။
  • NSW မှာ ကာကွယ်ဆေး မထိုးထားသေးတဲ့ လူတွေအတွက် တင်းကြပ်မှုတွေကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
  • Victoria ပြည်နယ် ကျန်းမာရေးဌာနက မိမိဖာသာ ကိုဗစ်-၁၉ ရောဂါရှိမရှိ မိနစ်ပိုင်းအတွင်း အဖြေသိနိုင်မယ့် antigen self test တွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတဲ့ အကြံပြု လမ်းညွန်ချက်တွေကို ထုတ်ပြန်ထားပါတယ်။
  • South Australia မှာ နိုဝင်ဘာလ ၂၃ ရက်ကစပြီး ပြည်တွင်းခရီးသွားသူတွေအတွက် နယ်စပ်ဖွင့်ပေးလိုက်ပြီး နိုင်ငံတကာက ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူတွေ ပြည်နယ်ထဲ ဝင်လာရင် ၇ ရက်သာ ကွာရန်တင်းဝင်ရမယ်လို့ လျှော့ပေါ့ပေးလိုက်ပါတယ်။

ကာကွယ်ဆေး ထိုးပေးခြင်းဆိုင်ရာ အခြေအနေ

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း

 

  • Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၉ ၈၉ ဦးရှိပြီး ၉ ဦး သေဆုံးခဲ့ရပါတယ်။
  • NSW မှာ ကူးစက်သူ ၁၇၃ ဦးသာရှိပြီး ၄ ဦး သေဆုံးခဲ့ရပါတယ်။
  • ACT မှာ ကူးစက်သူ ၈ ဦးသာ ရှိပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine
VIC Travel permitOverseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

This story is also available in other languages.