Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

Darwin ပစ်ခတ်မှု လူ ၄ ဦးသေဆုံး၊ သေနတ်သမားကိုဖမ်းဆီးထား

Members of the Territory Response Group(TRG) arrest a suspected gunman in Darwin. Source: ABC NEWS

Darwin မြို့မှာ အင်္ဂါနေ့ညက ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် လူ ၄ ဦးထက်မနည်း သေဆုံးပြီး သံသယရှိသူ သေနတ်သမားကို ဖမ်းဆီးထားပါတယ်။

ပစ်ခတ်မှုအတွင်း အမျိုးသား ၄ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ Darwin မြို့က မတူညီတဲ့နေရာ လေးခုကို လိုက်လံပစ်ခတ်ခဲ့တဲ့ သေနတ်သမားကတော့ ဆေးရုံတင်ထားပါတယ်။

ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်နဲ့ လွှတ်လာတဲ့ အသက် ၄၅ နှစ်အရွယ် သံသယရှိသူ သေနတ်သမားကို ပစ်ခတ်မှုလုပ်ခဲ့ပြီးနောက် တနာရီအကြာမှာ ဖမ်းဆီးနိုင်ငံခဲ့ပါတယ်။ သေနတ်သမားဟာ အင်္ဂါနေ့ညက Darwin မြို့လယ်ခေါင်အတွင်းရှိ တည်းခိုခန်းတခုနဲ့ အနီးအနားတ၀ိုက်ကို ပစ်ခတ်မှုလုပ်ခဲ့တာပါ။

ဗုဒ္စဟူးနေ့မှာတော့ သေနတ်သမားရဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ရတဲ့ ရည်ရွယ်ချက်တွေအပါအ၀င် အဖြစ်အပျက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးသမားတွေ လိုက်လံစုဆောင်းနေပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီးက Stuart Highway နဲ့ McMinn Street လမ်းစုံမှာ သူကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Police at a crime scene on the intersection of McMinn Street and Stuart Highway in Darwin.
Police at a crime scene on the intersection of McMinn Street and Stuart Highway in Darwin.
Source: AAP

ရုပ်မြင်သံကြားမှာတွေ့ရတဲ့ ရုပ်သံအရ သူ့ရဲ့ အဖြူရောင်ကားအောက်ကနေ စွဲထုတ်နေတုန်း သူ့ရဲ့ ခြေထောက်တွေကတော့ မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့ဖြစ်တဲ့ Territory Response Group အဖွဲ့ကို ခြေထောက်နဲ့ ကန်ထုတ်နေတာကိုတွေ့ ရပါတယ်။

Darwin မြို့လယ်ခေါင်အပြင်နား Finnis St လမ်းပေါ်က ညနေ ၅ နာရီ ၅၀ မိနစ်လောက်မှာ အခင်းစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားတဦး သေနတ်ပစ်ခတ်မှုကြောင့် Buffalo Club, Gardens Hill Crescent အနီး Palms Motel နဲ့ Jolly Street လမ်းပေါ်မှာ လူ ၄ ဦးသေဆုံးခဲ့ပါတယ်။

Locations of the shootings.
Locations of the shootings.
SBS News/Google Maps

သေနတ်သမားဟာ အဖမ်းမခံရခင်မှာ သူ့ကိုယ်သူသွားရောက်အဖမ်းခံဖို့ Peter McCauley Centre ရဲစခန်းကို ၀င်ရောက်ဖို့ကြိုးစားခဲ့ကြောင်း၊ ပြီးတော့ သူနဲ့ ညှိနှိုင်းမှုလုပ်ခဲ့တဲ့ တာဝန်ကျ ရဲမှူးကိုဖုန်းဆက်ခဲ့တယ်လို့ ရဲမင်းကြီး Reece Kershaw က သတင်းထောက်တွေကို ပြောပါတယ်။

စွမ်စွဲခံထားရတဲ့ သေနတ်သမားဟာ မော်တော်ဆိုင်ကယ်ဂိုဏ်း အဖွဲ့ဝင် ၀ရမ်းပြေး တဦးဖြစ်ပြီး သူ့ရဲ့ ရာဇ၀တ်မှုနောက်ခံအကြောင်းတွေကို ရဲတပ်ဖွဲ့ကသိရှိထားသူဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ ယူဆရပါတယ်။

သေနတ်သမားဟာ ပစ်ဒဏ်ကို ထောင်တွင်းမှာ တနှစ်ထက်မနည်း နေခဲ့ပြီး ဇန်န၀ါရီလ လောက်ကမှ အာမခံနဲ့ ပြန်လွှတ်လာတာဖြစ်ကြောင်း၊ သူ့ရဲ့ လက်ကောက်ဝပ်မှာ သူ့ကိုစောင့်ကြည့်လို့ရတဲ့ လျှပ်စစ်လက်ကောက်ဝပ် ၀တ်ဆင်ထားပေးကြောင်း၊ အင်္ဂါနေ့ ပစ်ခတ်မှုကို တဦးတည်း လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း Mr Kershaw ကပြောပါတယ်။

 

Members of the Territory Response Group(TRG) arrest a suspected gunman in Darwin.
Members of the Territory Response Group(TRG) arrest a suspected gunman in Darwin.
Source: ABC NEWS

ကြိုတင်ကာကွယ်မှုလုပ်တဲ့အနေနဲ့ သူ့ကို ဆေးရုံ အချုပ်ခန်းထဲမှာ ချုပ်နှောင်ထားပါတယ်။

သေဆုံးသွားကြတဲ့ အမျိုးသားတွေရဲ့ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေကတော့ Palms Hotel ဆေးရုံအပြင်ဘက်မှာ ၀မ်းနည်းမျက်ရည်တွေနဲ့ အတူ စုရုံးခဲ့ကြပါတယ်။

Palms အနီးက ခြေထောက်မှာ သေနတ်ထိမှန်ခဲ့တဲ့ အမျိုးသမီးကတော့ ဆေးရုံတင်ထားရပြီး သူမရဲ့ အခြေအနေဟာ တည်ငြိမ်နေပြီးလို့ မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဆိုင်ရာ ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။

The Chief Minister of the Northern Territory Michael Gunner.
The Chief Minister of the Northern Territory Michael Gunner.
Source: AAP

လန်ဒန်မှာရောက်နေတဲ့ ၀န်ကြီးချုပ် Scott Morrison ကတော့ ဒီပစ်ခတ်မှုဟာ အလွန် ဆိုးဝါးတဲ့ အကြမ်းဖက်မှု လုပ်ရပ် တခု ဖြစ်ကြောင်း ပြောသလို ခံစားခဲ့ရတဲ့ မိသားစုတွေနဲ့ မြောက်ပိုင်း အုပ်ချုပ်မှုအတွင်းက လူတွေအားလုံးအတွက် အင်မတန်မှ ၀မ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။

Source AAP - SBS