နယူးဆောက်သ်ဝေးလ် ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ ဦး တိုးလာပေမယ့် အစိုးရက တင်းကြပ်မှုကို အနည်းငယ် ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
Greater Sydney တဝိုင်းမှာ တင်းကြပ်မှုတွေ ဆက်လက်ချမှတ်ထားပေမယ့် ဒီဇင်ဘာလ ၂၄ ရက်နောက်ပိုင်း Sydney's Northern Beaches ကို အပိုင်း ၂ ပိုင်း ခွဲခြားမှာ ဖြစ်ပါတယ်။
Narrabeen Bridge မြောက်ပိုင်း၊Bahai Temple အရှေ့ပိုင်း Mona Vale Road ဖက်ခြမ်းမှာ ပိုမို တင်းကြပ်မှု ချမှတ်ထားပါတယ်။
Northern Beaches မြောက်ပိုင်းမှာ နေထိုင်သူတွေက ဒီဇင်ဘာ ၂၄၊ ၂၅ နဲ့ ၂၆ ရက်နေ့မှာ ဧည့်သည် ၅ ဦး လက်ခံခွင့်ရှိပြီး တံတားရဲ့ တောင်ပိုင်းခြမ်းမှာ နေထိုင်သူတွေကတော့ ဧည့်သည် ၁၀ ဦးအထိ လက်ခံခွင့်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဒေသ နှစ်ခုစလုံးက လူတွေ တခြားဒေသကို သွားလာခွင့်မရှိပဲ သူတို့နေထိုင်ရာ Northern Beaches တဝိုက်ပဲ သွားလာရမှာ ဖြစ်ပါတယ်။
Greater Sydney နဲ့ Central Coast ဒေသခံတွေကလည်း အသက် ၁၂ အောက် ကလေးငယ်တွေအပြင် အိမ်မှာ ဧည့်သည် ၁၀ ဦးအထိ လက်ခံခွင့်ရှိပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုခံယူသူ ၄၂၀၀၀ ရှိပြီး အဲဒီအထဲက ကူးစက်သူ ၈ ဦးရှိပါတယ်။
ဒီလိုအခြေအနေကြောင့် Northern Beaches မှာ ကူးစက်ခံရသူ ၉ ၇ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ညွန်ကြားထားပါတယ်။ ပြည်နယ်အလိုက် လူဘယ်လောက်သာ စုရမယ်ဆိုတဲ့ ကန့်သတ်တင်းကြပ်မှုတွေကို လေ့လာပါ။
သင့်အနေနဲ့ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါ လက္ခဏာ ခံစားနေရရင် နေအိမ်မှာပဲနေပြီး ရောဂါ စမ်းသပ်ဖို့ သင့်ရဲ့ ဆရာဝန်ကို ဖုန်းဆက်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
SBS အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို နားဆင်လေ့လာနိုင်အောင် ဘာသာစကား ၆၃ မျိုးနဲ့ တင်ဆက်ပေးနေပြီး www.sbs.com.au/coronavirus မှာ သွားရောက် လေ့လာနိုင်ပါတယ်။
သင်နေထိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania မှာ လေ့လာပါ။