ဇွန်လ ၂၆ ရက် ပေါ့ကဒ်စ် သတင်း

Burmese Podcast News

SBS မြန်မာပိုင်း အစီအစဉ် ပေါ့ကတ်စ် သတင်းများ။ Source: SBS Burmese

NSW မှာ ဆစ်ဒနီမြို့လယ်အပါအဝင် နေရာအတော်များများ ၂ ပတ်ကြာ ပိတ်ချခံရတဲ့အကြောင်း၊ ကမာ္ဘ့ကျန်းမာရေးအဖွဲ့က ကိုဗစ် ၁၉ မျိုးကွဲ Delta အမျိုးအစားဟာ ကမာ္ဘအတွက် အနာ္တရာယ်ရှိတယ်လို့ သတိပေးတဲ့ သတင်းအပါအဝင် တခြား သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။


နော်ဝေနိုင်ငံက သက်ကြီးပင်စင်တွေကို ရင်းနှီးမြုပ်နှံမှုလုပ်တဲ့ KLPကုမ္ပဏီ က Adani Ports မှာ ရင်းနှီးမြုပ်နှံမှု မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Adani Ports နဲ့ Special Economic Zone Ltd ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေကြောင့် အာဒါနီမှာ ရင်းနှီးမြုပ်နှံမှု မလုပ်တော့ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

အဲဒီ ပင်စင်စားတွေရဲ့ ငွေကြေးတွေကို ရင်းနှီးမြုပ်နှံဟာ နော်ဝေဂျီယံ ခရိုနာ ၈၁၃.၅ ဘီလီယံ ဒါမှမဟုတ် ဒေါ်လာ ၉၅.၁ ဘီလီယံ တန်ဖိုးရှိတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့အထိ အဲဒီကုမ္ပဏီဟာ Adani Ports မှာ ဒေါ်လာ ၉ သန်းအထိ ရင်းနှီးမြုပ်နှံထားတာ ဖြစ်ပါတယ်။

Adani Ports ဟာ ရန်ကုန်မှာ ရင်းနှီးမြုပ်နှံထားပြီး မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ သတင်းတွေကိုကြည့်ပြီး ရင်းနှီးမြုပ်နှံသူတွေက အဲဒီလို ရင်းနှီးမြုပ်နှံမှုကနေ မြန်မာစစ်တပ်က လက်နက်နဲ့ တခြားပစည်းတွေ ဝယ်ယူတင်သွင်းတာမျိုး ဒါမှမဟုတ် ဆိပ်ကမ်းကို ရေတပ်စခန်းအဖြစ် အသုံးပြုတာမျိုး လုပ်နိုင်တယ်ဆိုပြီး ရင်းနှီးမြုပ်နှံမှု မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ။

အခုလောလောဆယ် အာဒီနီမှာ ရင်းနှီးမြုပ်နှံမှု မလုပ်တော့တဲ့ ငွေကြေးတွေကို တခြား ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတယ်လို့ KLP ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

တခြား သတင်းတွေကိုလည်း အပြည့်အစုံ နားဆင်နိုင်ပါပြီ။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now