အိမ်ထောင်ဖက်အပေါ် လွန်ကဲစွာ ထိန်းချုပ်မှုကို ပြစ်မှူအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုမှုများလာ

Domestic Violence

Domestic Violence Source: Press Association

နိုင်ထက်စီးနင်း ချုပ်ကိုင်မှုတွေဟာ အိမ်ထောင်ရေးမှာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စေနိုင်တဲ့ အဓိက ရှေ့ပြေးလက္ခဏာ ဖြစ်တဲ့အတွက် နိုင်ထက်စီးနင်းတဲ့ အမှုအကျင့်တွေကို အရေးယူပေးဖို့ အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးသမားတွေက တောင်းဆိုနေကြပါတယ်။


အကယ်လို့ သင့်အနေနဲ့ အသုံးစရိတ်အတွက် တောင်းခံမှု လုပ်နေရရင် ဒါမှမဟုတ် ပိုက်ဆံ ကိုင်ခွင့်မရှိရင်၊ အကယ်လို့ သင်ဟာ မိသားစုတွေ၊ တခြားမိတ်ဆွေတွေနဲ့ လွတ်လပ်စွာ ပေါင်းသင်းခွင့်မရှိတာတွေ၊ သူတို့နဲ့ မပေါင်းနဲ့လို့ ပြောဆိုတာ ဒါမှမဟုတ် သူတို့နဲ့ မပေါင်းသင်းနိုင်အောင် လုပ်ဆောင်တာ ဆိုမျိုးတွေ၊ သင့်ကိုလည်း တချိန်လုံး အရိုအသေတန်ပြီး သိက္ခာချတာတွေ၊ သေးသိမ်အောင် လုပ်နေရင် ဒါမှမဟုတ် သူတို့ကို ထားခဲ့ရင် သူတို့ကို သူတို့ သေကြောင်းကြံမယ်၊ နာကြင်အောင် လုပ်မယ်လို့ ခြိမ်းခြောက်တာမျိုး၊ ဒါမှမဟုတ် အိမ်မွေးတိရိစာ္တန်ကို နှိပ်စက်မယ် ဒါမှမဟုတ် သား၊သမီးကို ရိုက်နှက်မယ်၊ သတ်ပစ်မယ်ဆိုပြီး ပြောဆိုတာမျိုးတွေဟာ ထိန်းချုပ်မှု လွန်ကဲခြင်းလို့ ခေါ်တဲ့ အိမ်တွင်းအကြမ်းဖက်မှု တစ်မျိုး ဖြစ်ပါတယ်။

ယုံကြည်ရာ ဘာသာကို ဆန့်ကျင်တဲ့အရာမျိုး လုပ်ခိုင်းခြင်း ဥပမာ ဟိန္ဒူဘာသာနောက်ခံရှိသူ မွတ်ဆလင်နောက်ခံ ရှိသူကို သူတို့ ယုံကြည်မှုနဲ့ ဆန့်ကျင်တဲ့ အရာကို လုပ်ခိုင်းတာတွေ၊ ဒါမှမဟုတ် အသားမစားတဲ့လူကို အသားဟင်းချက်ခိုင်းပြီး မချက်နိုင်ဘူးလို့ ပြောတဲ့အခါ ဒေါသနဲ့ ဝေဖန်တာမျိုးတွေ ဖြစ်ပါတယ်။

ချစ်သူရည်းစား၊ ဒါမှမဟုတ် ယောက်ကျားဖြစ်သူက အတင်းအဓမ္မနည်းနဲ့ မယားဖြစ်သူကို ကိုယ်ဝန်ရအောင် လုပ်တာမျိုးလည်း ပါဝင်ပြီး အဲဒီလို လုပ်ရင် အမျိုးသမီးက သူ့အပေါ် ဆက်လက် မှီခိုနေအောင် လုပ်ဆောင်တာမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

သူမရဲ့ အလုပ်က ခေါင်းငုံ့ပြီး ပြောသလိုသာ လုပ်ဖို့ ဖြစ်ပါတယ်။ အများအားဖြင့်တော့ သူတို့ယာက်ကျားတွေနောက်လိုက်၊ ယောက်ကျားရဲ့ ဆုံးဖြတ်ချက် မှတ်သမျှ သဘောတူလိုက်ရင် မယားကောင်းဖြစ်တယ်ဆိုတာကို ယုံကြည်အောင် ရိုက်သွင်းခံရတာ ဖြစ်ပါတယ်။

SBS ကနေ 'See What You Made Me Do' ဆိုတဲ့ ရုပ်မြင်သံကြား အစီအစဉ်ကို မေလ ၅ ရက် ဗုဒ္ဒဟူးနေ့ ည ၈ နာရီ ခွဲမှာ စတင်ထုတ်လွှင့်ဖို့ ရှိပြီး SBS ရုပ်မြင်သံကြားမှာဖြစ်ဖြစ် SBS On Demand မှာပဲ ဖြစ်ဖြစ် ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ အပိုင်း ၃ ပိုင်းရှိတဲ့အတွက် ဒုတိယပိုင်းနဲ့ တတိယပိုင်းကို တစ်ပတ်ခြားစီ ထုတ်လွှင့်မှာဖြစ်ပြီး မေလ ၁၂ ရက်နဲ့ ၁၉ ရက်မှာ ထုတ်လွှင့်ဖို့ ရှိပါတယ်။ အဲဒီအစီအစဉ်တွေကို တနင်္ဂနွေနေ့ ည ၉ နာရီခွဲမှာ  SBS VICELAND အစီအစဉ်မှာ ပြန်လည် ပြသမှာ ဖြစ်ပါတယ်။

အကယ်လို့ သင်ဖြစ်စေ၊ ကလေးတစ်ဦးက အသက်အနာ္တရာယ်အတွက် စိုးရိမ်ရရင် သုံညသုံးလုံးကို ချက်ခြင်း ဖုန်းဆက်ပါ။

သင်ကိုယ်တိုင် ဒါမှမဟုတ် သင်သိသူ တစ်ဦးဦးကနေ အကူအညီလိုအပ်ရင် 1800 RESPECT ရဲ့ဖုန်းဖြစ်တဲ့ 1800 737 732 ကို ဖုန်းဆက်နိုင်သလို 1800RESPECT.org.au ကို သွားပြီးတော့လည်း အကူအညီတောင်းနိုင်ပါတယ်။

လူငယ်တွေအတွက် Kids Helpline ရဲ့ ဖုန်းဖြစ်တဲ့ 1800 55 1800 ကို ဖုန်းဆက်နိုင်သလို kidshelpline.com.au ကိုလည်း အကူညီတောင်းခံနိုင်ပါတယ်။

အမျိုးသားတွေအနေနဲ့ Men’s Referral Service ရဲ့ ဖုန်းဖြစ်တဲ့1300 766 491 ကို ဖုန်းဆက်နိုင်သလို  ntv.org.au ကို အကူညီတောင်းနိုင်ပါတယ်။

ဒါမှမဟုတ် Lifeline ရဲ့ဖုန်းဖြစ်တဲ့ 13 11 14ကို ဖုန်းဆက်နိုင်သလို www.lifeline.org.au ကိုလည်း အကူအညီတောင်းခံနိုင်ပါတယ်ရှင်။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now