SKIP TO MAIN CONTENT

မိုးဗြဲမှာ ဖမ်းဆီးခံထားရသူကို လူသားဒိုင်းအဖြစ်သုံး၊ ပေါက်ကွဲရေးပါတဲ့အိတ်လွယ်ခိုင်းလို့ဆို

ဖမ်းဆီးခံရာမှ ပြန်လွတ်မြောက်လာသူ
ဖမ်းဆီးခံရာမှ ပြန်လွတ်မြောက်လာသူ Source: CJ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီဖက်က စစ်သားတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာမျိုးလုပ်ပြီး ဖမ်းဆီးထားသူတွေကို ပေါက်ကွဲရေးတွေပါတဲ့ ကျောပိုးအိတ်တွေ လွယ်ထားခိုင်းတယ်လို့ သိရပါတယ်။


Published

Updated

By Mu Laing Thein

Source: SBS


Skip to podcast episode content

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီဖက်က စစ်သားတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာမျိုးလုပ်ပြီး ဖမ်းဆီးထားသူတွေကို ပေါက်ကွဲရေးတွေပါတဲ့ ကျောပိုးအိတ်တွေ လွယ်ထားခိုင်းတယ်လို့ သိရပါတယ်။


ဇွန်လ ၄ ရက်နေ့တုန်းက မိုးဗြဲမြို့ ကက်သလစ် ဘုရားကျောင်းမှာ လူမရှိလို့ ဘုရားကျောင်းစောင့်နေတဲ့ လူတွေကို စစ်ကောင်စီဖက်က ဖမ်းဆီးသွားတာဖြစ်ပြီး ပုဆိုးဟောင်းတွေကို မျက်နှာမှာ စည်းထားပြီး လက်နောက်ပြန်တုတ်ခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးရဲ့ သားဖြစ်သူက ပြောပြပါတယ်။

သူ့ဖခင်ဟာ မွန်းလွဲပိုင်းလောက်မှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီနဲ့ မိုးဗြဲမြို့ PDF တိုက်ပွဲတွေအတွင်း လူသားဒိုင်းအဖြစ် အသုံးခံရသလို ဖမ်းဆီးခံရသူတွေ ထွက်မပြေးအောင် ဖောက်ခွဲရေး ပစ္စည်းပါတဲ့ အိတ်တွေကို လွယ်ထားခိုင်းတယ်လို့ ပြောပါတယ်။

အခု သူ့ဖခင်ကို လုံခြုံရာကို ရှောင်ခိုင်းထားပြီး တခြားဖမ်းဆီးခံရသူတွေလည်း လွှတ်မြောက်လာဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

အပြည့်အစုံကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now