SKIP TO MAIN CONTENT

သြစတြေးလျားနိုင်ငံတဝှမ်း ကိုဗစ်-၁၉ ကူးစက်သူ ၃၇၇ ဦးတိုးလာ

လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားနိုင်ငံတဝှမ်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၇၇ ဦးတိုးလာပြီး ဒီအထဲမှာ ၃၄၅ဦးဟာ နယူးဆော့သ်ဝေးပြည်နယ်ထဲကဖြစ်ပါတယ်။

Members of the public are tested at a pop up COVID clinic at Roselands shopping centre in Sydney, Friday, July 30, 2021. The stay-at-home orders for coronavirus-hit Greater Sydney and surrounds have been tightened with non-essential retail to close and al
Members of the public are tested at a pop up COVID clinic at Roselands shopping centre in Sydney, Friday, July 30, 2021. Source: AAP

1 min read

Published

By SBS News

Presented by Shah Paung

Source: SBS


Skip to article content

နယူးဆော့သ်ဝေးပြည်နယ်ထဲမှာ ရောဂါကူးစက်ခံရသူ ၃၄၅ဦးထဲက ၆၀ထက်မနည်းဟာ ရောဂါကူစက်ခံရစဉ် လူမှုအသိုင်းအဝိုင်းထဲမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် အသက် ၉၀ အရွယ်အမျိုးသား ၂ဦးလည်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

အခုလိုအခြေအနေတွေကြောင့် Bogan, Bourke, Brewarrina, Coonamble, Gilgandra, Narromine, Walgett နဲ့ Warren ဒေသန္တရအစိုးရအုပ်ချုပ်ရေးနယ်မြေတွေကို ညတွင်းချင်းမှာပဲ ပိတ်ချခံရတဲ့ ဒေသစာရင်းထဲကို ထည့်သွင်းလိုက်ပါတယ်။

Bayside, Burwood နဲ့ Strathfield ဒေသတွေမှာတော့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ညနေ ၅နာရီကစပြီးပိုမိုတိုးမြှင့်ထားပါတယ်။

အခုဆိုရင် နယူးဆော့သ်ဝေးပြည်နယ်အတွင်း ပိတ်ချခံရတဲ့ဒေသ ၁၂ခုရှိသွားပြီ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာတော့ ရောဂါရှိသူ ၂၁ဦးထပ်မံတိုးလာပြီး ဒီအထဲက ၄ဦးဟာ သိရှိထားတဲ့ ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာနဲ့ ဆက်စပ်မှုမရှိဘူးလို့ဆိုပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက ၆ဦးကတော့ ရောဂါရှိစဉ် လူမှုအသိုင်းအဝိုင်းထဲမှာနေထိုင်သူတွေဖြစ်ပါတယ်။

အခုဆိုရင် မဲလ်ဘုန်းမြို့နယ်နိမိတ်အတွင်း နေထိုင်သူတွေဟာ နောက်ထပ် သီတင်းတပတ်အကြာ ဆက်ပီးပိတ်ချခံထားရပါတယ်။

ဒါကြောင့်မို့လည်း မဲလ်ဘုန်းမြို့နယ်နိမိတ်အတွင်း ပိတ်ချမှုကြောင့် ထိခိုက်က်နှစ်နာရတဲ့ စီးပွားရေးလုပ်ငန်း တစ်သိန်းကျော်အတွက် ထပ်မံ ထောက်ပံ့ကူညီမှုတွေပေးသွားဖို့ရှိတယ်လို့ Jobs, Innovation & Trade ဆိုင်ရာဝန်ကြီး Martin Pakula ကြေညာလိုက်ပါတယ်။

တချိန်တည်းမှာပဲ Australian Capital Territory အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း တနှစ်ကျော်ကြာပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူတဦး တွေ့ရှိခဲ့တဲ့တွက် ဒီကနေ့ ညနေ ၅နာရီကစပြီး သီတင်းတပတ်အကြာ ပိတ်ချလိုက်ပါတယ်။

ကွင်းစလန်းပြည်နယ်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ဦး ထပ်မံတိုးလာပြီး အားလုံးဟာ သိရှိထားတဲ့ ရောဂါကူးစက်ပြန့်ပွားတဲ့နေရာနဲ့ ဆက်စက်မှုရှိသလို ရောဂါစဉ်ကာလအတွင်း ကွာရန်တင်း (ရောဂါခြေချုပ်) မှာ နေထားကြတဲ့သူတွေဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now