SKIP TO MAIN CONTENT

ပဥ္စမမြောက် ကိုဗစ်ကာကွယ်ဆေးကို ဒီလကစပြီး ထိုးနိုင်ပြီ

ဩစတြေးလျနိုင်ငံက အသက် ၁၈ နှစ်နဲ့ အထက်ရှိပြီး ကိုဗစ်-၁၉ ကူးစက်မှုမခံရသူတွေ ဒါမှမဟုတ် လွန်ခဲ့တဲ့ ၆ လအတွင်း booster မထိုးရသေးတဲ့လူတွေ ထိုးနိုင်ပြီ ဖြစ်ပါတယ်။

1 min read

Published

Updated

By Catriona Stirrat

Source: SBS


Skip to article content

ဇန်နဝါရီလ ၂၀ ကစပြီး ထိုးနိုင်မှာဖြစ်ပြီး ရောဂါအခံရှိသူတွေနဲ့ အသက် ၆၅ ကျော်သူတွေကို ဆက်လက်ပြီး ဦးစားပေးထိုးပေးနေတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံ ကာကွယ်ဆေးဆိုင်ရာ အကြံပေးအဖွဲ့ ATAGI က အသက် ၁၈ နှစ်ကျော်သူတွေ ပဥ္စမမြောက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်တာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက်တွေတော့ မလိုဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ရောဂါအခံရှိတဲ့ အသက် ၁၈ နှစ်အောက်တွေအတွက် ချွင်းချက်ပေးထားပါတယ်။

ကျန်းမာရေးဝန်ကြီး Mark Butlerရဲ့ အဆိုအရ လူပေါင်း ၁၄ သန်းလောက်ဟာ လွန်ခဲ့တဲ့ ၆ လအတွင်း ကိုဗစ်ကာကွယ်ဆေး ထပ်မထိုးထားတဲ့လူတွေဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး အရင်နှစ် အောက်တိုဘာလကတည်းက ကိုဗစ်လှိုင်းက ဆက်လက်ရှိနေသေးတဲ့အတွက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

နောက် ကိုဗစ်လှိုင်း ကနေ ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးကြဖို့ အကြံပြုထားပါတယ်။.

အောက်တိုဘာလကစပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၆၀၀ ရှိသွားပြီး အဲဒီအထဲမှာ သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ နေထိုင်သူ အယောက် ၈၀၀ ကျော် ပါဝင်တယ်လို့ ပြောပါတယ်။.

အသက်ပြည့်သူ လူပေါင်း ၃ သန်းကနေ ၄ သန်း ကူးစက်ခံရတာဖြစ်ပေမယ့် အခုဆိုရင် ဒီတချီ ကိုဗစ်လှိုင်းက မကြာခင် ပြီးစီးတော့မယ့်အနေအထား ရှိတယ်လို့ ပြောပါတယ်။

အသက် ၆၅ အောက်ရှိသူတွေဟာ ခံနိုင်ရည် ပိုရှိကြပေမယ့် လအတော်ကြာတဲ့အထိ ကိုဗစ် ဆိုးဆိုးဝါးဝါးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ထိုးကြဖို့လည်း တိုက်တွန်းထားပါတယ်။

 

ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ဘေးနားက ခံနိုင်ရည် မရှိတဲ့ လူတွေကို ကာကွယ်ပေးရာရောက်တဲ့အတွက် ထိုးကြဖို့လည်း ပြောဆိုထားပါတယ်။

သက်ကြီးစင်တာမှာ ကာကွယ်ဆေးတွေ ထိုးကြအောင်လုပ်ဖို့ အထွေထွေကုသမားတွေကို အစိုးရက တိုက်တွန်းထားပြီး သက်ကြီးတွေဆေးပိုထိုးအောင် လုပ်ဖို့ မက်လုံးတွေလည်း ပေးသွားဖို့ အစိုးရက စီစဥ်နေပါတယ်။

ဒီတချီထိုးပေးမယ့် ကာကွယ်ဆေးက

အိုမီခရွန် မျိုးကွဲကို အဓိက ပစ်မှတ်ထားတဲ့ Omicron-specific Pfizer ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေး သန်းချီ မကြာခင် ဩစတြေးလျနိုင်ငံထဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ပြည်ပကနေ ဩစတြေးလျနိုင်ငံကို ရောက်ရှိလာကြသူတွေဟာ ဩစတြေးလျနိုင်ငံမှာ မွေးသူတွေနဲ့ယှဥ်ရင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတာ ၃% ပိုနည်းပါးကြတဲ့အတွက် အင်္ဂလိပ်စကားကို အဓိကမပြောတဲ့ နေအိမ်နဲ့ အသိုင်းအဝိုင်းတွေမှာလည်း ကာကွယ်ဆေးထိုးအောင် ဆက်လက် ကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now