ကမာ္ဘ့ဒီမိုကရေစီအဆင့်သတ်မှတ်ချက်စာရင်းထဲမှာ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ အဆိုးဆုံးအဆင့်မှာရှိနေ

ကမာ္ဘ့ဒီမိုကရေစီအဆင့်သတ်မှတ်ချက်စာရင်းထဲမှာ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ အဆိုးဆုံးအဆင့်မှာရှိနေပြီး သြစတြေးလျနိုင်ငံကတော့ သတ်မှတ်ချက်အဆင့် ၉မှာရှိပါတယ်။

A man with food in Afghanistan

A humanitarian crisis in Afghanistan has resulted in the country being ranked last in a survey of global democracies. Source: EPA

ဒီမိုကရေစီအပြည့်အဝနဲ့ နေထိုင်ရတဲ့ ကမာ္ဘ့လူဦးရေဟာ ၈ ့၄ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၆ ့၆ ရာခိုင်းနှုန်းအထိကျဆင်းသွားတယ်လို့ စစ်တမ်းကောက်ခံမှု အသစ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။

Economist Intelligence Unit’s (EIU) 2021 Democracy Index စာရင်းထဲမှာ ဒီမိုကရေစီအပြည့်အဝနဲ့နေထိုင်ရတဲ့ကမာ္ဘ့လူဦးရေစာရင်းဟာ ၆ ့၆ ရာခိုင်နှုန်းသာရှိပြီး လူဦးရေးသုံးပုံတပုံထက်မက အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာနေနေကြရတယ်လို့ ဖော်ပြထားပါတယ်။

နှစ်စဉ်ထုတ်ပြန်တဲ့ ဒီမိုကရေစီနိုင်ငံစာရင်းသတ်မှတ်ချက်ထဲမှာ နိုင်ငံပေါင်း ၁၆၇ နှစ်နိုင်ငံပါဝင်ပြီး သြစတြေးလျနိုင်ငံကတော့ အဆင့် ၉မှာရှိပါတယ်။ ဆွိစလန်နိုင်ငံကလည်း အဆင့် ၉မှာ ရှိနေခဲ့ပါတယ်။ ဆွိဇလန်နိုင်ငံကလည်း အဆင့် ၉မှာရှိနေပါတယ်။

Democracy Index 2021.
شاخص دموکراسی ۲۰۲۱ Source: EUI

သတ်မှတ်ချက်စာရင်းထဲမှာ ယူကေနိုင်ငံကတော့ အဆင့် ၁၈မှာရှိပြီး အမေရိကန်နိုင်ငံကတော့ အဆင့် ၂၆မှာရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီး အာဖဂန်နစ္စတန် နိုင်ငံမှာလည်း တာလီဘန်တွေ အာဏာသိမ်းယူခဲ့တာတွေကြောင့် နှစ်နိုင်ငံစလုံးဟာ မြောက်ကိုရီးယားနိုင်ငံနဲ့အတူ အဆိုးဝါးဆုံးအဆင့်မှာရှိနေပါတယ်။

democracy_index_charts_v2_top_10.jpg

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီသတ်မှတ်ချက် ၁၃၅ အဆင့်မှာရှိခဲ့ရာကနေ အခုတော့ ၁၆၆ အဆင့်မှာရှိနေပါတယ်။ ၂၀၂၀ခုနှစ်တုန်း အာဖဂန်နစ္စတန် နိုင်ငံဟာ ဒီမိုကရေစီသတ်မှတ်ချက် ၁၃၉ အဆင့်မှာရှိခဲ့ရာကနေ အခုတော့ ၁၆၇ အဆင့်မှာရှိနေပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ ၂၀၂၀ ခုနှစ်တုန်းက အဆင့် ၁၆၇ မှာရှိခဲ့ရာကနေ အခုတော့ ၁၆၅ အဆင့်မှာ ရှိနေပါတယ်။

ထိုင်ဝမ် ကတော့ သြစတြေးလျနိုင်ငံအဆင့်ထက် တဆင့်မြင့်နေပြီး အဆင့် ၈မှာရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကတော့ ထိုင်ဝမ်ရဲ့ဒီမိုကရေစီသတ်မှတ်ချက်အဆင့်ဟာ ၁၁ အဆင့်မှာရှိခဲ့ပါတယ်။

The worst ranked countries.
ده استبدادی‌ترین رژیم جهان Source: EIU

အစီရင်ခံစာအသစ်ထဲမှာ ဇင်ဘာဘွေနိုင်ငံပြီး အင်ဒိုနီးရှားနိုင်ငံက ဒုတိယ အကြီးဆုံး တိုးတက်မှုရှိပြီး ၂၀၂၀ ခုနှစ်တုန်းက အဆင့် ၆၄မှာရှိခဲ့ရာကနေ အခုတော့ အဆင့် ၅၂ကို တက်သွားပါတယ်။

စစ်တမ်းကောက်ခံမှုအသစ်စာရင်းအရ နိုင်ငံပေါင်း ၁၆၇နှစ်နိုင်ငံထဲမှာ အဆင့် ၁ ကနေ ၁၀ မှာရှိတဲ့နိုင်ငံကတော့ နော်ဝေး၊ နယူးဇီလန်၊ ဖင်လန်၊ ဆွိဒင်၊ အိုက်စ်လန်၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ထိုင်ဝမ်၊ သြစတြေးလျနဲ့ ဆွိဇလန်နိုင်ငံတို့ဖြစ်ကြပါတယ်။


Share

1 min read

Published

By Akash Arora

Presented by Shah Paung

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now