ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်မှာ အပြောင်းအလဲတွေ ဖြစ်နေတဲ့အတွက် လေ့လာပါ။

သြစတြေးလျနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မရှင်းလင်းမှုတွေ ဖြစ်နေပါသလား။ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး သင့်အနေနဲ့ ဘယ်အချိန် ကာကွယ်ဆေး ထိုးနိုင်မလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။

Vaccine strategy artwork

Source: SBS News

သြစတြေးလျနိုင်ငံ အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မကြာခင် အားလုံးကို အမြန်ဆုံး ထိုးပေးမယ်လို့ ကြေညာခဲ့ပြီး အဆင့်လိုက် ဘယ်သူတွေကို ဘယ်ပုံစံနဲ့ ထိုးပေးမယ် ဆိုတဲ့ လမ်းပြမြေပုံကိုလည်း ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဆေးဝါးတွေ အချိန်မှီ ရောက်မလာတာတွေ၊ ဘွတ်ကင် ပြဿနာတွေ၊ ဈေးနှုန်းနဲ့ လူတွေဖက်က တွန့်ဆုတ်မှုတွေကြောင့် နှောင့်နှေးမှု များစွာ ဖြစ်နေရပါတယ်။

AstraZeneca ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထိုးခြင်းအားဖြင့် သွေးကြောထုံး ဝေဒနာကို ဝေးဝေးမှာ တစ်ဦး ခံစားရနိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာသလို အသက် ၅၀ အောက် လူတွေ အဲဒီ ကာကွယ်ဆေး အစား တခြား ကာကွယ်ဆေးသုံးဖို့ ကျန်းမာရေးပညာရှင်တွေက ပြောလာတဲ့နောက်ပိုင်း ပိုပြီး နှောင့်နှေးမှု ဖြစ်နေရပါတယ်။

သြစတြေးလျနိုင်ငံမှာ တရားဝင် အသုံးပြုလို့ ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုးသာ ချမှတ်ပေးတာဖြစ်ပြီး Pfizer ကာကွယ်ဆေးကို အနည်းငယ်သာ ဝယ်ယူပြီး AstraZeneca ကာကွယ်ဆေးကို အများအပြား ဝယ်ယူထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ AstraZeneca ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်လို့ ပေါပေါသီသီ ရနိုင်တဲ့ အဲဒီဆေးကို လူတွေ ထိုးတာနည်းပါးနေကြပါတယ်။

အစိုးရက မသန်စွမ်းစင်တာမှာ နေထိုင်သူနဲ့ အမှုထမ်းတွေကို ပထမ ဦးစားပေး ကာကွယ်ဆေး ထိုးပေးမယ်လို့ ကြေညာပေမယ့် ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေ အများအပြားရှိနေသေးတဲ့အတွက် အဲဒီအစီအစဉ်လည်း မအောင်မြင်ဘူးလို့ ဝေဖန်နေကြပါတယ်။

ထင်ထားတာထက် လူတွေက ကာကွယ်ဆေး ထိုးမှု မလုပ်ကြတဲ့အတွက် အစိုးရက ဆေးထိုးခွင့်ရှိသူတွေ အမြန်ဆုံး လာထိုးကြဖို့ တိုက်တွန်းထားသလို ပြည်နယ် တချို့ကလည်း သူတို့ဖာသာ သူတို့ နည်းလမ်းနဲ့ ကိုင်တွယ်မှု လုပ်နေပြီး လူတွေ ကာကွယ်ဆေး များများ ထိုးကြအောင် လုပ်ဆောင်နေကြပါတယ်။

ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးနိုင်မလဲ။

သြစတြေးလျ ဖက်ဒရယ် အစိုးရက ဦးစားပေးရမယ့် လူအုပ်စုအတွက် ကာကွယ်ဆေးကို အရင်ထိုးပေးမယ်လို့ ပြောဆိုထားပြီး တဆင့်ခြင်းစီအလိုက် လုပ်ဆောင်နေပါတယ်။

အဆင့် 2a မှာတော့ အသက် ၅၀ နဲ့ အထက် ရှိသူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးလို့ရပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ New South Wales ပြည်နယ်မှာတော့ အသက် ၄၀-၄၉ နှစ်ရှိသူ လူတွေလည်း ထိုးနိုင်တယ်လို့ ကြေညာထားသလို South Australia ပြည်နယ်ကလည်း နယ်ဒေသက အသက် ၁၆ နှစ်ကျော်သူ လူတိုင်း ထိုးနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။

Queensland ပြည်နယ်မှာတော့ အသက် ၄၀-၄၉ နှစ်အကြား ရှိသူတွေအနေနဲ့ ဇူလိုင်လကုန်ကစပြီး ကာကွယ်ဆေးထိုးပေးမယ့် စင်တာအသစ်တွေ ဖွင့်လှစ်တဲ့အခါ Pfizer ကို ထိုးနိုင်မယ်လို့ ပြောပါတယ်။

ဖက်ဒရယ် အစိုးရကတော့ အသက် ၁၆-၄၉ နှစ်အကြား ရှိသူတွေကို အဆင့် 2b ကြမှ ထိုးပေးမယ်လို့ ပြောဆိုထားပေမယ့် ဘယ်အချိန်မှာ အဲဒီအဆင့်ကို စတင်မလဲ ဆိုတာ ပြောဆိုခြင်း မရှိသေးပါဘူး။

မတ်လ မကုန်ခင် လူ ဘယ်နှစ်သန်းလောက်ကို ထိုးပေးမယ်ဆိုတဲ့ ကြေညာချက်တွေ ဖြစ်မလာတဲ့အတွက် အဲဒီနောက်ပိုင်း အစိုးရက အချိန်အတိအကျ သတ်မှတ်တာမျိုးတွေ မလုပ်တော့ပါဘူး။

Australian Health Minister Greg Hunt speaks to the media during a press conference in Canberra, Monday, 10 May, 2021.
Health Minister Greg Hunt speaks to the media during a press conference in Canberra, Monday, 10 May, 2021. Source: AAP

ဒါပေမဲ့ အောက်တိုဘာလောက်မှာတော့ ကာကွယ်ဆေး အများအပြား ထိုးပေးနိုင်လိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီး Greg Hunt က မျှော်လင့်နေပြီး တစ်ပတ်မှာ လူ ၂ သန်းလောက်ကို Pfizer ကာကွယ်ဆေး ထိုးပေးနိုင်မယ့် အနေအထားရှိပြီး ခရစ္စမတ် မတိုင်ခင်မှာ လူတွေ ကာကွယ်ဆေး ထိုးခံကြလိမ့်မယ်လို့ ယူဆနေပါတယ်။

ဒါပေမဲ့ အရင်တစ်ပတ်တုန်းက သြစတြေးလျနိုင်ငံမှာ ကာကွယ်ဆေးထိုးခံသူ ၄၀၈ ၀၀၀ ဦးသာ ရှိခဲ့တဲ့အတွက် အဲဒီနှုန်းအတိုင်း သွားမယ်ဆိုရင်တော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိတောင် သြစတြေးလျနိုင်ငံက အရွက်ရောက်သူ လူပေါင်း သန်း ၂၀ ကို ကာကွယ်ဆေး ထိုးနိုင်မှာ မဟုတ်ပါဘူး။

သင့်အနေနဲ့ ဘယ်အချိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်တယ်၊ ကာကွယ်ဆေးထိုးဖို့ ဘယ်လို ဘွတ်ကင် လုပ်ရမလဲ ဆိုတာကို သိချင်ရင် အစိုးရရဲ့ vaccine eligibility checker မှာ လေ့လာနိုင်ပြီး ကာကွယ်ဆေး ထိုးလိုကြောင်းလည်း ကြိုတင် မှတ်ပုံတင်ထားလို့ ရပါတယ်။

ပြည်နယ်အလိုက် ဒေသအလိုက် သတ်မှတ်ချက်တွေကိုတော့ သင်နေထိုင်ရာ ပြည်နယ်နဲ့ဒေသရဲ့ ကျန်းမာရေးဌာန ဝဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

သြစတြေးလျနိုင်ငံမှာ မည်သူမဆို ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနိုင်ပြီး ဘယ်လို ဗီဇာအမျိုးစား သမားပဲ ဖြစ်ဖြစ် Medicare ခံစားခွင့် မရှိသူတွေပဲ ဖြစ်ဖြစ် အခမဲ့ ထိုးနိုင်ပါတယ်။

ဘာတွေ ထပ်ဖြစ်နေသေးသလဲ

တချို့ ပြည်နယ်နဲ့ ဒေသတွေမှာ လူအများအပြားကို တစ်နေရာထဲမှာ ကာကွယ်ဆေး ထိုးပေးနိုင်မယ့် စင်တာတွေ ဖွင့်လှစ်ပြီး ကာကွယ်ဆေးထိုးလို့ရပြီလို့ သတ်မှတ်ထားတဲ့ လူတိုင်း လျင်မြန်စွာ ကွာကွယ်ဆေး ထိုးနိုင်အောင် လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားမှုနည်းပါးကြဖို့ တခါတရံ ဆေးတွေကို အလာဟသ ဖြုန်းတီးမှု မဖြစ်အောင် ကာကွယ်ဆေး ထိုးဖို့ နောက်မှ ဦးစားပေးခံရသူတွေကို ခေါ်ထိုးနေတာမျိုးတွေ ဖြစ်ပေါ်နေပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေကတော့ ကာကွယ်ဆေးထိုးလို့ ရပြီလို့ သတ်မှတ်တဲ့ လူတွေအနေနဲ့ အမြန်ဆုံး ထိုးကြဖို့ တိုက်တွန်းထားပြီး အထူးသဖြင့် ဆောင်းရာသီ မတိုင်ခင် လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

အသက် ၅၀ ကျော် သူတိုင်း AstraZeneca ကာကွယ်ဆေးကို ထိုးလို့ရပေမယ့် တချို့လူတွေဟာ Pfizer ကာကွယ်ဆေးရတော့မှပဲ ထိုးမယ်ဆိုပြီး စောင့်ဆိုင်းသူတွေ ရှိပါတယ်။

ဒါ့အပြင် ကာကွယ်ဆေး ထိုးဖို့ တွန့်ဆုတ်နေတဲ့ လူတွေကို ပစ်မှတ်ထားတဲ့ ကမ်ပိန်းတွေ ပြုလုပ်သင့်တယ်လို့လည်း ပြောဆိုကြပါတယ်။

Resolve Strategic ကနေ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ သြစတြေးလျနိုင်ငံက အရွယ်ရောက်ပြီးသူ လူပေါင်း ၁၅% ဟာ ကာကွယ်ဆေး ထိုးမယ့်အနေအထား မရှိဘူးလို့ ပြသထားပြီး ၁၄% ကတော့ လုံးဝ ထိုးဖို့ အလားအလာ မရှိဘူးလို့ ဖြေဆိုကြပါတယ်။

ကျန်းမာရေးအရာရှိချုပ် Paul Kelly ရဲ့ အဆိုအရ အသက် ၇၀ အရွယ်တွေအကြား ကာကွယ်ဆေး ထိုးပေးမှု အောင်မြင်နေပြီး အသက် ၅၀-၅၉ အကြား လူတွေက တွန့်ဆုတ်မှု ဖြစ်နေကြတယ်လို့ ပြောပါတယ်။

ကာကွယ်ဆေးကို ဘာကြောင့် ထိုးဖို့ တုတ်ဆိုင်းကြသလဲ၊ ကာကွယ်ဆေးကို အတော်များများ ထိုးကြပါပြီ ဆိုတဲ့ မှားယွင်းတဲ့ ကျေနပ် အားရမှုပြဿနာကို ကိုင်တွယ်နိုင်ခြင်း မရှိသမျှ ကာလပတ်လုံး ဘယ်အချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ခံရမလဲ ဆိုတာကို ထိုင်စောင့်နေတဲ့ အနေအထားမှာပဲ ရှိနေမယ်လို့ Australian Medical Association အဖွဲ့က Chris Moy က ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ AstraZeneca ကာကွယ်ဆေး ထိုးသူ ၂.၁ သန်းကျော် ရှိပြီး အဲဒီအထဲက ၂၄ ဦးဟာ သွေးကြောထုံး ဝေဒနာကို ခံစားခဲ့ရပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေကတော့ ကာကွယ်ဆေး ထိုးခြင်းဟာ အဆိုးတဲ့ အကောင်းတွေက ပိုများနေတယ်လို့ ဖြောင်းဖျထားပါတယ်။

အစိုးရရဲ့ ဘတ်ဂျက်ခန့်မှန်းခြေအရ ၂၀၂၁ ခုနှစ် မကုန်ခင်မှာ သြစတြေးလျနိုင်ငံက အရွယ်ရောက်သူတိုင်း ကာကွယ်ဆေး ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

With AAP 


Share

3 min read

Published

By SBS News

Source: SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now