SKIP TO MAIN CONTENT

NSW၊ Vic နဲ့ တက်စ်မေးနီးယားပြည်နယ်မှာ မိုးသည်းမှုနဲ့ ရေကြီးမှုတွေ ကြုံတွေ့နေရ

နယူးဆောက်သ်ဝေးပြည်နယ်မှာ မိုးရေချိန် ၆၅ မီလီမီတာအထိ ရွာသွန်းနိုင်ပြီး ဗစ်တိုးရီးယားပြည်နယ်နဲ့ တက်စ်မေးနီးယားပြည်နယ်မှာလည်း ရာသီဥတုဆိုးဝါးမယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။

NSW FLOODS
Vehicles negotiate floodwater from the Bundaburrah Creek on the Henry Lawson Way between Forbes and Grenfell, NSW, Tuesday, October 11, 2022. Rains have eased but NSW is still on high alert with another rain onslaught to hit the state which has already seen repeated flood events. (AAP Image/Stuart Walmsley) NO ARCHIVING Source: AAP / STUART WALMSLEY/AAPIMAGE

2 min read

Published

Updated

By AAP-SBS

Source: SBS


Skip to article content

ရေကြီးမှုဒဏ်ကို ခံနေရတဲ့ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ ဒီတစ်ပတ်အတွင်းမှာ မိုးရေချိန်နောက်ထပ် ၆၅ မီလီမီတာလောက်ရှိတဲ့ မိုးထပ်မံရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

ဆည်အများစုမှာ မိုးရေတွေ ပြည့်လျှံခါနီး သို့မဟုတ် ပြည့်နေတဲ့ အနေအထားမှာ ရှိနေတုန်း မိုးသည်းထန်မှု ထပ်မံဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

စနေနဲ့ တနင်္ဂနွေမှာ နေသာလာမှာဖြစ်လို့ အနည်းငယ် သက်သာမှု ရနိုင်ပေမယ့် နေရာအများအပြားမှာ ရေကြီးမှုဒဏ် ဆက်ခံရမှာဖြစ်သလို လာမယ့် ဗုဒ္စဟူးနဲ့ ကြာသပတေးကြရင် မိုးထပ်မံ ရွာသွန်းဖို့ ရှိနေပါတယ်။

တချုိ့ဒေသတွေမှာ ရေကြီးမှုအတွက် ပြင်ဆင်တဲ့အနေနဲ့ အစားအသောက်တွေ ဝယ်ယူစုဆောင်းမှု လုပ်ထားကြပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ် အနောက်ပိုင်းမှာ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပေျာက်ဆုံးနေတဲ့အတွက် အရေးပေါ်အမှုထမ်းတွေ အပူတပြင်း ရှာဖွေမှု လုပ်နေကြပါတယ်။

အဲဒီလူဟာ Hillston နားမှာရှိတဲ့ Lachlan နဲ့ Riverina နားက သူ့ခြံမှာ ပျောက်က်ဆုံးနိုင်တယ်ဆိုပြီး ရှာဖွေနေကြတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာလည်း ရေကြီးမှုဖြစ်နေ

ဗစ်တိုးရီးယားပြည်နယ်မှာလည်း ရေကြီးမှု ဖြစ်နေပြီး ပြည်နယ်အရေးပေါ်ဌာနကနေ လူ ၁၈ ဦးကို ကယ်ဆယ်ခဲ့ရပါတယ်။

အများအားဖြင့် လူသူဝေးတဲ့နေရာမှာ ရေကြီးမှုထဲ ကားမောင်းသွားရာက ပိတ်မိခဲ့တဲ့ လူတွေ ဖြစ်ကြပါတယ်။ Goulburn-Broken မြောက်ပိုင်းမှာ မိုးရေချိန် ၁၀၀ မီလီမီတာ ရွာသွန်းခဲ့ပြီး ပြည်နယ်အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာလည်း ရေကြီးမှု ဖြစ်မယ်လို့ သတိပေးထားပါတယ်။

ရေကြီးမှု ကြုံရတဲ့လူတွေ ကုန်းမြင့်ဖက်ရှိရာ ပြောင်းရွေ့ဖို့ သတိပေးထားပြီး အိမ်မွေးတိရိစ္ဆာန်နဲ့ ဆေးဝါးစတာတွေကိုပါ တခါတည်း ယူဆောင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

ရေကြီးမှုကြောင့် ဗစ်တိုးရီးယားပြည်နယ်က နေအိမ် ထောင်နဲ့ချီမှာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်နေရပါတယ်။

Goulburn River ကနေ Lake Eildon ကတဆင့် မဲလ်ဘုန်းမြို့ မြောက်ပိုင်းရှိ Seymour အထိ ရေကြီးမှု ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မဲလ်ဘုန်းမြို့ပတ်ဝန်းကျင်မှာလည်း ကြိုကြား ကြိုကြား ရေကြီးမှု ဖြစ်နေပါတယ်။

Great Ocean Road သွားရာ လမ်းမှာလည်း မြေပြိုမှုဖြစ်တဲ့အတွက် သတိထားသွားလာဖို့ သတိပေးထားသလို မနေ့တုန်းက Falls Creek မှာ မိုးသည်းထန်မှုကြောင့် မြေပြိုမှု ဖြစ်ပေါ်ခဲ့ပါတယ်။

တချို့နေရာမှာ တစ်နာရီလေတိုက်နှုန်း ၁၁၀ ကီလိုမီတာ အထိ ရှိနိုင်ပြီး သောကြာနေ့မနက်မှ ငြိမ်သက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

Avoca, Loddon နဲ့ Murray မြစ်တလျှောက်လည်း ရေကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

Tasmania မှာလည်း လျပ်တပြတ် ရေကြီးမှု ဖြစ်နိုင်

တက်စ်မေးနီးယားပြည်နယ် မြောက်ပိုင်းမှာ ရေကြီးမှုကနေ လျှပ်တပြတ် ရေကြီးမှု ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးလောက် မိုးရွာသွန်းဖို့ ရှိတဲ့အတွက် သတိပေးထားတာ ဖြစ်ပါတယ်။

ပြည်နယ်မြောက်ပိုင်းမှာ ကြာသပတေးနဲ့ သောကြာနေ့အတွင်း မိုးရေချိန် ၆၀-၁၀၀ မီလီမီတာ ရွာသွန်းနိုင်ပြီး အရှေ့မြောက်ပိုင်းမှာ ၁၈၀ မီလီမီတာနဲ့ Great Western Tiers မှာ ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Railton, Latrobe, Wivenhoe, Burnie နဲ့ Sheffield မြို့တွေမှာ အထူးသတိထားကြဖို့ သတိပေးထားပါတယ်။

တက်စ်မေးနီးယားပြည်နယ် အနောက်တောင်ပိုင်းမှာတော့ မိုးရေချိန် ၃၀ - ၆၀ မီလီမီတာလောက် ရွာသွန်းနိုင်ပြီး မြို့တော် ဟိုဘတ်မှာတော့ ၁၅ မီလီမီတာလောက် ရွာနိုင်ပါတယ်။

ရာသီဥတု အခြေအနေကြောင့် Devonporဆိပ်ကမ်းက လည်ပတ်မှုကို ခေတ္တ ရပ်နားထားပါတယ်။

Spirit of Tasmania သင်္ဘောပြေးဆွဲမှုကိုလည်း သောကြာနေ့အထိ ရပ်ဆိုင်းထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now