သြစတြေးလျနိုင်ငံတဝှမ်း ကိုဗစ်-၁၉ကြောင့် လူ ၆၃ဦးထပ်မံသေဆုံး၊ Moderna ကာကွယ်ဆေးကို ကလေးငယ်တွေအတွက်အသုံးပြုဖို့ ခွင့်ပြုချက်ပေး

သြစတြေးလျနိုင်ငံတဝှမ်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၃ဦး တိုးလာနေပြီး ဗစ်တိုးရီးယားပြည်နယ်မှာတော့ သောကြာနေ့ကစပြီး ကန့်သတ်ချက်တချို့ ဖြေလျော့ပေးဖို့ရှိနေတဲ့ တချိန်တညး်မှာပဲ ကလေးငယ်တွေအတွက်အသုံးပြုဖို့ နောက်ထပ်ကာကွယ်ဆေးတမျိုးကို ခွင့်ပြုချက်ပေးလိုက်ပြီးဖြစ်ပါတယ်။

A general view of the emergency entrance of Royal Prince Alfred Hospital.

A general view of the emergency entrance of Royal Prince Alfred Hospital in Sydney, NSW. Source: Getty Images

ကွင်းစလန်းပြည်နယ်မှာ လူပေါင်း ၃၉ဦးထပ်မံသေဆုံးပြီး နယူးဆော့သ်ဝေးမှာတော့ ၁၄ဦးနဲ့ ဗစ်တိုးရီးယားပြည်နယ်မှာတော့လူ ၉ ဦးထပ်မံသေဆုံးခဲ့ကြသလို ACT မှာ သေဆုံးသူတဦး တိုးလာပါတယ်။

နယူးဆော့သ်ဝေးမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၉၉၉၅ဦး တိုးလာသလို ဆေးရုံတင်ရသူ ၁၄၄၇ ဦးရှိပြီး အထူးကြပ်မှတ်ဆောင်မှာနေရတဲ့သူ ၉၂ဦး ရှိပါတယ်။
ကာကွယ်ဆေးတတိယအလုံးထိုးပြီးသူပေါင်း ၄၉ ့၇ဦးရှိပြီး ဒါဟာ ပြည်နယ်အတွင်း လူဦးရေတဝက်နီးပါးရှိပါတယ်။

တချိန်တည်းမှာပဲ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ လုပ်အားခရရှိဖို့အတွက် လုပ်ငန်းခွင်ဆန္ဒပြမှု လုပ်နေကြတဲ့ သူနာပြုနဲ့ ဝမ်းဆွဲတွေနဲ့အတူ ဆေးဘက်အကူတွေကလည်းပါဝင်လာကြပါတယ်။

ဒီကနေ့ ကြာဿပတေးနေ့ကစပြီး ဆေးဘက်အကူတွေဟာ လုပ်ငန်းဌာနတခုကနေ နောက်ခုကိုသွားပြီး လှစ်လပ်နေတဲ့တာဝန်တွေ ကူလုပ်ပေးဖို့အတွင်း ငြင်းဆန်ခဲ့ကြပါတယ်။

သြစတြေးလျားဆေးဘက်ဆိုင်ရာထောက်ကူအသင်း Australian Paramedics Association က ဆေးဘက်အကူ ၁၅၀၀ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့နဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးနဲ့ လုပ်အားခကို ၂ ့၅ရာခိုင်နှုန်း အထက်ကို တိုးမြှင့်ရရှိဖို့ တောင်းဆိုတာဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းက အစိုးရဆေးရုံမှာရှိတဲ့ သူနာပြုတွဟာ အစိုးရက လုပ်အားခ ၂ ့၅ရာခိုင်နှုန်း တိုးမြင့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ထက် ပိုပြီး လုပ်အားလခပိုမိုရရှိဖို့နဲ့ ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ရရှိဖို့အတွက် သပိတ်မှောက်ခဲ့ကြတဲ့ နောက်ဆက်တွဲအနေနဲ့ ဆေးဘက်အကူတွေကလည်း အခုလို ဆန္ဒပြတောင်းဆိုမှုတွေလုပ်ဆောင်တာဖြစ်ပါတယ်။

ဗစ်တိုးရီးပြည်နယ်အတွင်းကန့်သတ်ချက်တွေဖြေလျော့

ဗစ်တိုးရီးယားပြည်နယ်အတွင်း ကိုဗစ်-၁၉ကြောင့် လူ ၉ဦးထပ်မံသေဆုံးခဲ့ပေမဲ့ ဖေဖော်ဝါရီ ၁၈ရက်၊ သောကြာနေ့ကစပြီး ကန်သတ်ချက်တွေကို ထပ်မံဖြေလျော့ပေးသွားမယ်လို့အစိုးရတာဝန်ရှိသူတွေကို ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၅ရက်၊ သောကြာနေ့ ညနေ ၆နာရီကစပြီး ဧည်ခံဖျော်ဖြေရေးနေရာတွေအတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးသွားမှာဖြစ်ပါတယ်။

ကလေးသူငယ်ပညာသင်ကြားလေ့လာရေးဌာနတွေအပါအဝင် လက်လီရောင်းချတဲ့ ကုန်တိုက်တွေနဲ့ စာသင်ကျောင်းတွေမှာ QR check-in လုပ်စရာမလို တော့ပါဘူး။

လူတွေအနေနဲ့ မဖြစ်မနေ ကိုဗစ်-၁၉ကာကွယ်ဆေး ၂လုံးထိုးရမှာဖြစ်ပြီး စားသောက်ဆိုင်နဲ့ pubs တွေမှာတော့ မဖြစ်မနေ QR ကုတ်တွေ ထားရှိကြရမှာဖြစ်ပါတယ်။

မဖြစ်မနေအလုပ်ဆင်းရမယ့်အလုပ်သမားကန့်သတ်ချက်တွေကို ဖြေလျော့ပေးမှာဖြစ်ပေမယ့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုဌာနတွေရဲ့ တိုက်ရိုက်ညွန်ကြားချက်တွေအပေါ်မူတည်မှာဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမဝင်ခင် မဖြစ်မနေ ဆေးစစ်ရမယ်ဆိုတဲ့အချက်လည်း လုပ်ဆောင်ဖို့မလိုအပ်တော့ပေမယ့် မိမိတို့သဘောဆန္ဒအလျောက်လုပ်ချင်တယ် ဆိုရင်တော့ လုပ်လို့ရပါတယ်။

အမိုးအကာအောက်အဆောက်အအုံ အထူးသဖြင့် ရုံးလုပ်ငန်းခွင်အထဲမှာ မဖြစ်မနေ နှာခေါင်းစီးတပ်ဖို့အကြံပြုချက်အတိုင်း အစိုးရကဆက်လက်ထားရှိသွားမယ်လို့ ကျန်းမာရေးဝန်ကြီး Martin Foley ကပြောဆိုထားပေမဲ့ ရှေ့လာမယ့်တပတ် သောကြာနေ့လောက်မှာ ဖြေလျော့သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ထားရသူ ၄၀၁ ဦးရှိပြီး ဒီအထဲက ၇၈ဦးကတော့ အထူးကြပ်မှတ်ဆောင်မှာနေနေကြရပြီး ကျန် ၁၆ဦးကတော့ အသက်ရှူထောက်ကူကိရိယာ တပ်ဆင်ထားရပါတယ်။

ကြာဿပတေးနေ့မှာ ဖော်ပြတဲ့ ရောဂါကူးစက်ခံရသူ လူသစ်စာရင်းထဲမှာ လူပေါင်း ၈၅၀၁ ဦးရှိပြီး ဒီအထဲမှာ မိမိဘာသာစမ်းသပ်တဲ့ Rapid Antigen Tests နဲ့ ရောဂါစမ်းသပ်တွေ့ရှိသူပေါင်း ၂၈၄၀ ဦးပါဝင်ပြီး ကျန်တာတွေကတော့ PCR စမ်းသပ်မှုနဲ့ ရောဂါရှိကြောင်းအဖြေရရှိသူတွေဖြစ်ပါတယ်။

Moderna ကာကွယ်ဆေးကို ကလေးငယ်တွေအတွက် အသုံးပြုဖို့ ခွင့်ပြုချက်ရရှိ

ဆေးဝါးအသုံးပြုခွင့်ဆိုင်ရာတာဝန်ရှိသူတွေက ကိုဗစ်-၁၉ကာကွယ်ဆေး နောက်တခုကို ပဏာမအနေနဲ့ ထပ်မံတည်ပြုလိုက်တဲ့အတွက် အသက် ၆နှစ်နဲ့ အထက်ရှိကလေးငယ်တွေအနေနဲ့ Moderna ကာကွယ်ဆေး ထိုးခွင့်ရကြမှာဖြစ်ပါတယ်။

Therapeutic Goods Administration အဖွဲ့က ကြာဿပတေးနေ့မှာပဲ
အသက် ၆နှစ်ကနေ ၁၁နှစ်အကြား ကလေးငယ်တွေကို Moderna ကာကွယ်ဆေး ထိုးခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အရင်တုန်းက Moderna ကာကွယ်ဆေးကို အသက် ၁၂နှစ်နဲ့ အထက် ရှိသူတွေအတွက်သာ ခွင့်ပြုချက်ပေးထားတာပါ။

အခုတော့ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးအတိုင်း ကလေးငယ်တွေကို ထိုးခွင့်ပြုလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ခွင့်ပြုလျက်ကိုတော့ Australian Technical Advisory Group on Immunisation အဖွဲ့က ခွင့်ပြုချက်ပေးဖို့လိုအပ်ပါတယ်။
Vials containing Moderna Covid-19 booster vaccine at a vaccination center. (Photo by Dinendra Haria / SOPA Images/Sipa USA)
The federal government says the Victoria-based hub is expected to produce 100 million Australian-made mRNA doses every year Source: AAP, SIPA USA
ဆေးဘက်ဆိုင်ရာစည်းကမ်းချမှတ်တဲ့သူတွေကတော့ ကလေးငယ်တွေအနေနဲ့ Moderna ကာကွယ်ဆေးကို ၂လုံးထိုးဖို့လိုအပ်သလို တလုံးနဲ့တလုံးအကြား လေးပတ်ခြားရမှာဖြစ်ပါတယ်။


Share

Published

Updated

Presented by Shah Paung
Source: AAP, SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service