SKIP TO MAIN CONTENT

ဝန်ကြီးချုပ် အယ်လ်ဘာနီဇီ အင်ဒိုနဲ့ ဆက်ဆံရေးပိုပြေလည်ဖို့ အင်ဒိုကိုသွားမယ်

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက အင်ဒိုနီးရှားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုခိုင်မာဖို့အတွက်နဲ့ အင်ဒိုနီးရှားအနေနဲ့ ဒေသအတွင်းမှာ ဆူပါ ပါဝါနိုင်ငံဖြစ်လာရေးကို ထောက်ခံတဲ့အနေနဲ့ သွားရောက်မယ်လို့ ပြောပါတယ်။

News
Prime Minister Anthony Albanese visits Indonesia to meet with the country's President Joko Widodo. Source: SBS

2 min read

Published

By Tom Stayner


Skip to article content

ဝန်ကြီးချုပ် Anthony Albanese ဟာ ဒီတနင်္ဂနွေညနေပိုင်းကြရင် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ဖို့ရှိပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတိုးမြင့်ဖို့အတွက် ဖြစ်ပါတယ်။ 

အစိုးရဖြစ်ပြီး ၂ ပတ်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်တာကို ကြည့်ခြင်းအားဖြင့် အင်ဒိုနီးရှားကို အလေးထားကြောင်း ပြသရာ ရောက်တယ်လို့ သုံးသပ်နေကြပါတယ်။ 

ဗစ်တိုးရီးယားပြည်နယ် ဒီကင်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ Damien Kingsbury က သမိုင်းအစဥ်အလာအရ အင်ဒိုနီးရှားဟာ ဩစတြေးလျအတွက် အရေးကြီးတဲ့ မဟာမိတ်ဖြစ်တယ်လို့ ရှုမြင်ကြပြီး အင်ဒိုနီးရှားနဲ့မှ တည့်အောင်မပေါင်းနိုင်ရင် ဘယ်နိုင်ငံနဲ့မှ ပေါင်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သီအိုရီကို လက်ခံထားကြတာရှိတယ်လို့ ပြောပါတယ်။

အဲဒီတော့ ဒီခရီးစဥ်ဟာ အရေးကြီးတဲ့ အရေးကြီးတဲ့ ခရီးစဥ်ဖြစ်ပြီး အစိုးရအနေနဲ့ အင်ဒိုနီးရှားနဲ့ သာမက ဒေသတွင်းနိုင်ငံတွေနဲ့ပါ ဆက်ဆံရေး ကောင်းမွန်လိုကြောင်း ပြသရာ ရောင်းတယ်လို့ သုံးသပ်ထားပါတယ်။ 

 

၁၉၉၂ ခုနှစ်တုန်းက ဝန်ကြီးချုပ်ဟောင်း Paul Keating က အင်ဒိုနီးရှားကို အစိုးရဖြစ်လာပြီးနောက် ပထမဆုံး လည်ပတ်တဲ့နိုင်ငံအဖြစ် ရွေးချယ်ချိန်ကစပြီး ဩစတြေးလျ အစိုးရအဆက်ဆက်က အဲဒီ လမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အရင်ဝန်ကြီးချုပ်တွေတုန်းက အချိန်ယူပြီးမှ လည်ပတ်ကြတာ ဖြစ်ပေမယ့် ဝန်ကြီးချုပ် အယ်လ်ဘာနီဇီက အစိုးရဖြစ်လာပြီး ၂ ပတ်အတွင်း အင်ဒိုနီးရှားကို သွားရောက်တာကို ကြည့်ခြင်းအားဖြင့် ဒီအစိုးရက နိုင်ငံတကာ ဆက်ဆံရေးကို အလေးထားကြောင်း ပြသရာ ရောက်တယ်လို့ ပြောပါတယ်။ 

နိုင်ငံတကာ ရေးရာက ဩစတြေးလျနိုင်ငံရဲ့ လုံခြုံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးလာနေတယ်ဆိုတာကို လက်ခံအသိအမှတ်ပြုရာ ရောက်တယ်လို့လည်း သုံးသပ်ထားပါတယ်။ 

ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း မစ္စတာ အယ်လ်ဘာနီဇီက အင်ဒိုနီးရှားဟာ ကမ္ဘာ့ဆူပါ ပါဝါနိုင်ငံ ဖြစ်လာနိုင်ပြီး ဩစတြေးလျအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်မှုကို လိုလားပြီး ဦးစားပေးအရာအဖြစ် လုပ်ဆောင်မယ်လို့  မေလ ၁၈ ရက်နေ့တုန်းက ပြောထားတာ ရှိပါတယ်။ 

 

 

အင်ဒိုနီးရှားရဲ့ စီးပွားရေးဟာလည်း ကမ္ဘာမှာ အရေးပါလာမှာဖြစ်ပြီး ဩစတြေးလျက အနာဂတ်မှာ တရုတ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှား စတဲ့ ဆူပါနိုင်ငံတွေကြားမှာ တည်ရှိနေတဲ့အတွက် စီးပွားရေးမိတ်ဖက်အဖြစ် ထားရှိဖို့လိုအပ်ပြီး ဆက်ဆံရေး တိုးမြင့်မှုတွေ လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။ 

 

ဆက်ဆံရေး ပိုမိုခိုင်မာဖို့ ကြိုးစားပေမယ့် နှစ်နိုင်ငံအကြား အမြင်မတူမှုတွေ ရှိပါတယ်။ 

ဩစတြေးလျက အမေရိကန်၊ ဗြိတိန်တို့နဲ့ နျူကလီးယား ရေငုတ်သင်္ဘောနည်းပညာ ရယူဖို့ AUKUS သဘောတူညီမှု ရယူတဲ့နောက်ပိုင်း အင်ဒိုနီးရှားဖက်က အထူး စိုးရိမ်မကင်းမှု ဖြစ်ရတယ်လို့ ပြောပါတယ်? 

 

လာမယ့် နိုဝင်ဘာလကြရင် ဘာလီမှာ ကျင်းပမယ့် G20 အစည်းအဝေးမှာ ဩစတြေးလျ ဝန်ကြီးချုပ် တက်ရောက်မှုကို လိုလားကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောဆိုထားပေမယ့် အဲဒီ အစည်းအဝေးမှာ ရုရှားကို တက်ရောက်ခွင့်ပေးသင့်မသင့် ငြင်းခုန်နေကြဆဲဖြစ်ပါတယ်။ 

 

 

 

 

အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေ သန်း ၂၇၀ ရှိတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သလို မွတ်ဆလင်လူဦးရေ အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ 

ဩစတြေးလျရဲ့ ၁၄ ခု မြောက် အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ၂၀၁၈-၁၉ စာရင်းအင်းအရ တန်ဖိုးအားဖြင့် ၁၁.၇ ဘီလီယံရှိခဲ့ပါတယ်။ 

 

ဝန်ကြီးချုပ် အယ်လ်ဘာနီဇီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒေသတွင်း နိုင်ငံက ဆက်ဆံရေးတွေ ကောင်းမွန်အောင်လုပ်ဖို့ ကြိုးစားနေပြီး နိုင်ငံခြားရေးဝန်ကြီး Penny Wong ဟာလည်း အစိုးရဖြစ်လာပြီး ၂ ပတ်အတွင်း ပစိဖိတ်ဒေသကို ၂ ကြိမ် ခရီးသွားခဲ့ပြီး Fiji, Samoa နဲ့ Tonga နိုင်ငံတို့နဲ့ ရင်းနှီးမှု ရဖိုး ကြိုးစားနေပါတယ်။ 

ဒေသအတွင်းမှာ တရုတ်နိုင်ငံ လွှမ်းမိုးမှု များလာမှာကို စိုးရိမ်တဲ့အတွက် ဩစတြေးလျဖက်ကလည်း ဒေသတွင်း သံတမန်ဆက်ဆံရေးကို ပြန်လည် မြင့်တင်လာတာလည်း ဖြစ်ပါတယ်။ 

 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now