မဲလ်ဘုန်းမြို့ လော့ခ်ဒေါင်းဆန့်ကျင်ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခမှုဖြစ် ဆစ်ဒနီနဲ့ ဘရစ္စဘိန်းမှာလည်း ချီတက်ဆန္ဒပြ

မဲလ်ဘုန်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး ချမှတ်ထားတဲ့ လော့ခ်ဒေါင်းကို မကျေနပ်တဲ့အတွက် ဆန္ဒပြမှု လုပ်ခဲ့ကြသလို ဆစ်ဒနီနဲ့ ဘရစ္စဘိန်မှာလည်း ချီတက်ဆန္ဒပြမှုတွေပြုလုပ်ကြပါတယ်။

Protesters are pepper sprayed by police during an anti-lockdown protest in Melbourne on 21 August 2021.

Protesters are pepper sprayed by police during an anti-lockdown protest in Melbourne on 21 August 2021. Source: AAP

ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး လူအများအပြားလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

မဲလ်ဘုန်းမြို့၊ ပြည်နယ်လွှတ်တော်ရဲ့ ပြင်ပမှာ ဖြစ်ပေါ်တဲ့ ဆန္ဒပြမှုအတွင်း ရဲ အယောက် ၇၀၀ လောက် လုံခြုံရေးယူခဲ့ရပြီး ရုန်းရင်းဆန်ခအနေအထားရောက်ရှိသွားခဲ့ပါတယ်။

Flinders Street ဘူတာရုံပြင်ပမှာ ရိုက်ထားတဲ့ ပုံတွေအရ ရဲတွေက ဆန္ဒပြသူတွေကို ငရုတ်ရေတွေနဲ့ပက်ပြီး လူအုပ်ထိန်းသိမ်းတာမျိုး တွေ့ခဲ့ရပါတယ်။

အဲဒီအတွက် လူတချို့ကို ဖမ်းဆီးထားတယ်လို့လည်း ဗစ်တိုးရီးယားပြည်နယ်ရဲအဖွဲ့က ပြောပါတယ်။

စနေနေ့မနက်ကတည်းက နေအိမ်ထက် ၅ ကီလိုမီတာအဝေးကို သွားလာနေတဲ့ လူတွေကို ရဲတွေက ဒဏ်ကြေးတပ်တာမျိုး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ရဲကော်မရှင်နာ Shane Patton က ပြောပါတယ်။

ဆန္ဒပြမှုမှာ ပါဝင်သူတွေဒေါ်လာ ၅၀၀၀အထိ ဒဏ်ကြေးအများကြီး ဆောင်ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ စနေနေ့စာရင်းအရ ရောဂါကူးစက်သူ ၆၁ ဦးရှိပြီး အဲဒီအထဲက ၃၉ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

Protesters are seen during an anti-lockdown protest in the central business district of Melbourne, Saturday, August 21, 2021. (AAP Image/James Ross) NO ARCHIVING
Protesters are seen during an anti-lockdown protest in the central business district of Melbourne, Saturday, August 21, 2021 Source: AAP

ဆစ်ဒနီမြို့မှာလည်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြမှု မဖြစ်အောင် တားဆီးတဲ့အနေနဲ့ ဆစ်ဒနီမြို့လယ်က အဓိက ဘူတာရုံမှာ ရထားမရပ်ပေးတာတွေ၊ တက္ကဆီအတူတူ မျှစီးတာကိုလည်း မွန်းလွဲ ၃ နာရီအထိ ပိတ်ပင်တားမြစ်တာမျိုး လုပ်ခဲ့ရပါတယ်။

ဆစ်ဒနီမြို့မှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်သူ စံချိန်တင်ခဲ့ပြီး တစ်ရက်တည်းမှာ ၈၂၅ ဦး ကူးစက်ခံရတာဖြစ်ပါတယ်။

ဆစ်ဒနီမြို့ဆန္ဒပြပွဲကို စီစဉ်တယ်လို့ ယူဆရသူကို သောကြာနေ့မှာ ရဲတွေက ဖမ်းဆီးပြီး အများပြည်သူဆိုင်ရာ ကျန်းမာရေးထုတ်ပြန်ချက်ကို ချိုးဖောက်တယ်ဆိုပြီး အနည်းဆုံး ၃ လကြာ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

Protesters gather for a 'National Rally for Peace, Freedom and Human Rights' at the Botanic Gardens in Brisbane, on 21 August 2021.
Protesters gather for a 'National Rally for Peace, Freedom and Human Rights' at the Botanic Gardens in Brisbane, on 21 August 2021. Source: AAP

Queensland ပြည်နယ် ဘရစ္စဘိန်းမြို့က Botanic Gardens မှာ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးအတွက်ဆိုပြီး စုဝေးဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ လူပေါင်း ထောင်နဲ့ချီ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

With AAP.


Share

1 min read

Published

By SBS News

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now