ဒေါ်အောင်အောင်ဆန်းစုကြည်နဲ့ သူမရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးသုံးဦး အပြင် မြန်မာနိုင်ငံစီးပွားရေးအကြံပေး သြစတြေးလျားနိုင်ငံသား Sean Turnell တို့ကို လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ရိုင်တာ သတင်းဌာနက တယ်လီဖုန်းကနေတဆင့်ပြောပြခဲ့ဖြစ်ပါတယ်။ ဒီတရားစွဲဆိုချက်အသစ်ဟာ လွန်ခဲ့တဲ့ နှစ်ရက်ကမှ သူသိရှိခဲ့တာဖြစ်ကြောင်းလဲ ဦးခင်မောင်ဇော်ပြောပါတယ်။
၂၀၂၀ နိုင်ဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီကတည်းကစလို့ မြန်မာနိုင်ငံတ၀ှမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
အခုလောလောဆယ်ဆယ်မှာတော့ ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းသစ်တရပ်ကို ထုတ်ပြန်လိုက်ပြီး wireless ဆယ်သွယ်ရေးတွေဖြတ်ထောက်ထားဖို့ ကြေးနန်းဆက်သွယ်ရေး ၀န်ဆောင်မှုပေးတဲ့ ဌာနတွေကို စစ်တပ်ကအမိန့်ပေးထားတယ်လို့ သက်ဆိုင်ရာဌာနတွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြားသူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စစ်တပ်ဘက်က ဖမ်းဆီးထိန်းသိမ်းခဲ့တာ အာဏာသိမ်းကတည်းကဖြစ်ပြီး အစပိုင်းမှာတော့ သူတို့ကို စကားပြောစက်လက်ဝယ်ထားရှိမှုနဲ့ ကိုရိုနာဗိုင်းရပ်လူစုလူဝေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေအပါအ၀င် တခြား အမှုငယ်လေးတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီဥပဒေချိုးဖောက်မှုတွေကြောင့် ထောင်ဒဏ် ၁၄နှစ်အထိကျခံရနိုင်ပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူဘက်က ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။
သြစတြေးလျားနိုင်ငံသား Dr Turnell ကို မြန်မာနိုင်ငံမြို့တော်ရှိ အချုပ်ခန်းထဲခေါ်ဆောင်သွားတာ ဖေဖေါ်ဝါရီလ ၆ရက်နေ့ ကတည်းက ဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် သူဟာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပထမဦးဆုံး နိုင်ငံခြားသားတဦးဖြစ်ပါတယ်။

