SKIP TO MAIN CONTENT

တူနီးရှားနဲ့ကန်တဲ့ပွဲမှာ ဩစီအနိုင်ရ၊ အုပ်စုပွဲမှာ ဆက်ယှဥ်ပြိုင်ခွင့်ရှိ

ကမ္ဘာ့ဖလား ဘောလုံးပွဲရဲ့ ၆ ရက်မြောက်နေ့ အုပ်စု D ပြိုင်ပွဲမှာ ဩစတြေးလျနဲ့ တူနီးရှားအသင်းတို့ ယှဥ်ပြိုင်ရာမှာ ဩစတြေးလျ အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

Socceroos
FILE - The Australian national soccer team, the Socceroos, pose for a photo before the start of a friendly soccer international against New Zealand in Brisbane, Australia, Thursday, Sept. 22, 2022. Source: AP / Dan Peled/AP/AAP Image

1 min read

Published

Updated

By Mu Laing Thein

Source: SBS


Skip to article content

ဩစတြေးလျဟာ ပွဲဦးထွက်ကန်တဲ့ပွဲမှာ ပြင်သစ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ တူနီးရှားနဲ့ ကန်တဲ့ပွဲဟာ သေရေးရှင်ရေး ကစားရတဲ့ပွဲ ဖြစ်ပါတယ်။

ဒီတချီမှာ အနိုင်ရတဲ့အတွက် အုပ်စုပွဲမှာ ဆက်နေခွင့်ရနေတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကြရင် ဒိန်းမတ်အသင်းနဲ့ ယှဥ်ပြိုင်ရဦမှာ ဖြစ်ပါတယ်။.

ဆော်ကာရူးအသင်းဟာ တူနီးရှား ကစားသမားတွေကိုပဲ အံတုယှဥ်ပြိုင်ရတာ မဟုတ်ပဲ တူနီးရှားရဲ့ ပရိတ်သတ်ကိုပါ အံတုနေရတာပါ။

တူနီးရှားအသင်းကို အားပေးတဲ့လူက ထောင်နဲ့ချီ များပြားလှပြီး ဩစတြေးလျ အသင်းရဲ့ ပရိသတ်ကတော့ ရာနဲ့ချီသာ ရှိတာ ဖြစ်ပါတယ်။

တူနီးရှားဟာ ကမ္ဘာ့အဆင့် ၃၀ ရှိတဲ့နိုင်ငံဖြစ်ပြီး ဩစတြေးလျ ဘောလုံးအသင်းရဲ့ အဆင့်က ၃၈ မှာ ရှိနေတာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now