ဩစတြေးလျဟာ ပွဲဦးထွက်ကန်တဲ့ပွဲမှာ ပြင်သစ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ တူနီးရှားနဲ့ ကန်တဲ့ပွဲဟာ သေရေးရှင်ရေး ကစားရတဲ့ပွဲ ဖြစ်ပါတယ်။
ဒီတချီမှာ အနိုင်ရတဲ့အတွက် အုပ်စုပွဲမှာ ဆက်နေခွင့်ရနေတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကြရင် ဒိန်းမတ်အသင်းနဲ့ ယှဥ်ပြိုင်ရဦမှာ ဖြစ်ပါတယ်။.
ဆော်ကာရူးအသင်းဟာ တူနီးရှား ကစားသမားတွေကိုပဲ အံတုယှဥ်ပြိုင်ရတာ မဟုတ်ပဲ တူနီးရှားရဲ့ ပရိတ်သတ်ကိုပါ အံတုနေရတာပါ။
တူနီးရှားအသင်းကို အားပေးတဲ့လူက ထောင်နဲ့ချီ များပြားလှပြီး ဩစတြေးလျ အသင်းရဲ့ ပရိသတ်ကတော့ ရာနဲ့ချီသာ ရှိတာ ဖြစ်ပါတယ်။
တူနီးရှားဟာ ကမ္ဘာ့အဆင့် ၃၀ ရှိတဲ့နိုင်ငံဖြစ်ပြီး ဩစတြေးလျ ဘောလုံးအသင်းရဲ့ အဆင့်က ၃၈ မှာ ရှိနေတာ ဖြစ်ပါတယ်။