Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဩစတြေးလျနှင့် ပါရာဂွေး ဂိုးမရှိသရေကျပြီးနောက် ဩစတြေးလျ ၃၂ သင်းအဆင့်သို့ တက်လှမ်းနိုင်

ဩစတြေးလျ ဆော့ကာရူးစ် (Socceroos) အသင်းဟာ အုပ်စု (D) မှာ အကြိတ်အနယ် ကစားခဲ့ရပြီးနောက် ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အုပ်စု (E) က အီကွေဒေါအသင်းဟာ ဂျာမနီကို အနိုင်ရပြီး ၃၂ သင်းအဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဒါကတော့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၅ ရက်မြောက်နေ့ သတင်းသုံးသပ်ချက်ပဲ ဖြစ်ပါတယ်။

Australia Paraguay World Cup Daily
El australiano Nestory Irankunda (derecha) disputa un balón aéreo con el paraguayo Gustavo Gómez (15) durante el partido de fútbol del Grupo D del Mundial entre Paraguay y Australia, en Santa Clara, California, cerca de San Francisco.(AP Photo/Eugene Hoshiko) Source: AP / Eugene Hoshiko/AP Photo/Eugene Hoshiko

ဆော့ကာရူးစ်အသင်းဟာ ပါရာဂွေးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

ဩစတြေးလျအသင်းနည်းပြ တိုနီ ပိုပိုဗစ် (Tony Popovic) ဟာ ပွဲထွက်လူစာရင်းမှာ ကစားသမား ၆ ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး၊ ပထမပိုင်းမှာ ဩစတြေးလျအသင်းရဲ့ အားကောင်းတဲ့ ဖိအားပေးကစားပုံကြောင့် အခွင့်အရေးကောင်းအချို့ ရရှိခဲ့ပါတယ်။

ပါရာဂွေးအသင်းရဲ့ အဓိကဗျူဟာကတော့ ဩစတြေးလျရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ဖြစ်ပြီး၊ သူတို့ရဲ့ ခံစစ်ပုံစံကြောင့် ပထမပိုင်း ၄၅ မိနစ်မှာ ဆော့ကာရူးစ်အသင်းအနေနဲ့ ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ အခြေအနေ ပြောင်းလဲသွားပြီး ပါရာဂွေးအသင်းက တိုက်စစ်ဆင်တဲ့ပုံစံကို ပြောင်းလဲကစားခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ဘယ်အသင်းမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဩစတြေးလျအသင်းအတွက် အကျိုးရှိစေမယ့် ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ နည်းပြ ပိုပိုဗစ်ကတော့ ပွဲအပြီးမှာ သူ့အသင်းအပေါ် အလွန်ကျေနပ်အားရနေခဲ့ပါတယ်။

အံ့ဩဖို့ကောင်းပါတယ်၊ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက်တိုက် အုပ်စုပွဲမှာ ဒုတိယနေရာနဲ့ တက်လှမ်းနိုင်ခဲ့တာကို ကြည့်ရင် ကျွန်တော်တို့ ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ပြသနေပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့အပေါ် ထားရှိတဲ့ မျှော်မှန်းချက်တွေလည်း ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ တစ်ခုခု လုပ်ပြရတော့မယ်။ အရင်က ဘယ်ဩစတြေးလျအသင်းမှ ရှုံးထွက်ပွဲစဉ်တွေမှာ ကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ဖူးပါဘူး။ ကျွန်တော်ထင်တယ် ပွဲစစချင်း ပထမပိုင်း နာရီဝက်မှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ ပွဲအနည်းငယ်ထက်စာရင် ပိုပြီးအပြုသဘောဆောင်ခဲ့ပါတယ်။ ပွဲအပြီး ဖိုင်နယ်ခရာမှုတ်လိုက်တဲ့အချိန်မှာတော့... တကယ့်ကို ဝမ်းသာမိပါတယ်။"

ဩစတြေးလျအသင်းဟာ အုပ်စု (G) ရဲ့ ဒုတိယနေရာ ရနေတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအုပ်စုထဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ အီရန်နဲ့ နယူးဇီလန်တို့ ပါဝင်နေပါတယ်။

ဒီအုပ်စုရဲ့ အခြားပွဲစဉ်မှာတော့ တူရကီအသင်းက အမေရိကန်ကို ၃-၂ နဲ့ အနိုင်ရရှိပြီး သူတို့ရဲ့ ကမ္ဘာ့ဖလားခရီးစဉ်ကို အထင်ကြီးစရာ ရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ ပွဲမစခင်ကတည်းက သူတို့ရဲ့ ကံကြမ္မာကို သိထားကြပြီးသားပါ။ အမေရိကန်က အုပ်စုပထမနေရာကို သေချာပေါက် ရရှိထားပြီးဖြစ်သလို တူရကီကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

 ————

အုပ်စု (E) မှာတော့ အီကွေဒေါအသင်းက ကမ္ဘာ့ဖလား ၄ ကြိမ်ချန်ပီယံ ဖြစ်ဖူးတဲ့ ဂျာမနီအသင်းကို နောက်ကနေ လိုက်ကစားပြီး ၂-၁ နဲ့ အနိုင်ရရှိခဲ့ကာ ၃၂ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းကတော့ ပထမပွဲစဉ်နှစ်ပွဲလုံးကို အနိုင်ရရှိထားပြီးဖြစ်လို့ အုပ်စုအဆင့်ရဲ့ ပထမနေရာကို ရရှိထားပြီးသားဖြစ်ပါတယ်။ အိုင်ဗရီကို့စ်အသင်းကတော့ ကျူရာဆောင်း (Curaçao) ကို ၂-၀ နဲ့ အနိုင်ယူပြီး ဒုတိယနေရာ ရရှိခဲ့ပါတယ်။

အုပ်စု (F) မှာ ဆွီဒင်နဲ့ ဂျပန်တို့ ဒုတိယနေရာအတွက် အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး ၁-၁ သရေကျခဲ့တဲ့အတွက် ဂျပန်အသင်း ဒုတိယနေရာကို ရရှိသွားပါတယ်။ ဆွီဒင်အသင်းကတော့ အုပ်စုရဲ့ တတိယအသင်းအဖြစ်နဲ့ နောက်တစ်ဆင့် တက်လှမ်းသွားနိုင်ခဲ့ပြီး ဂျပန်အသင်းကတော့ ၃၂ သင်းအဆင့်မှာ ဘရာဇီးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ နယ်သာလန်အသင်းက တူနီးရှားကို ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ရပြီး အုပ်စုရဲ့ ပထမနေရာကို ရယူကာ ရှုံးထွက်အဆင့်မှာ မော်ရိုကိုအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

 

————-

၁၆ ရက်မြောက်နေ့မှာတော့ စိတ်လှုပ်ရှားစရာ ပွဲစဉ် ၆ ပွဲ စောင့်ကြိုနေပါတယ်။

အုပ်စု (I) မှာ နော်ဝေးနဲ့ ပြင်သစ်ယှဥ်ပြိုင်ပြီး ဆီနီဂေါနဲ့ အီရတ်တို့လည်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အုပ်စု (H) မှာတော့ ဥရုဂွေးနဲ့ စပိန်၊ ကိတ်ဗာဒီ (Cabo Verde) နဲ့ ဆော်ဒီအာရေဗျတို့ ကစားကြမှာပါဖြစ်ပါတယ်။ ။ အုပ်စု (G) မှာ နယူးဇီလန်နဲ့ ဘယ်လ်ဂျီယံ၊ အီဂျစ်နဲ့ အီရန်တို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၅ ရက်မြောက်နေ့ နေ့စဉ်နောက်ဆုံးရသတင်းတွေဖြစ်ပြီး ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပွဲစဉ်တိုင်းကို SBS နဲ့ SBS On Demand တို့မှာ တိုက်ရိုက်နဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။


2 min read

Published

By Gonzalo Aguirregomezcorta

Presented by Mu Laing Thein

Source: SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now