SKIP TO MAIN CONTENT

MH17 လေယာဥ်ပျက်ကျမှုနဲ့ ဆက်စပ်ပြီး ဩစီနဲ့ နယ်သာလန် ရုရှားကို တရားစွဲ

ယူကရိန်း၀ေဟင်ပေါ်ပျံသန်းတဲ့ လေယာဥ်ကို ရုရှားကို ထောက်ခံတဲ့ သူပုန်တွေပစ်ချရာက ဩစတြေးလျနိုင်ငံသား ၃၈ ဦးအပါအ၀င် လေယာဥ်ပေါ် လိုက်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရပါတယ်။

Australia and the Netherlands have launched legal proceedings against Russia
Australia and the Netherlands launched legal proceedings against the Russian Federation over the downing of Malaysian flight MH17 Source: DUTCH SAFETY BOARD

2 min read

Published

By Tom Stayner

Source: AAP


Skip to article content

၂၀၁၄ ခုနှစ်တုန်းက မလေးရှားလေကြောင်းလိုင်းပိုင်း  MH17 ပျက်ကျမှုနဲ့ ဆက်စပ်ပြီး ဩစတြေးလျအစိုးရနဲ့ နယ်သာလန် အစိုးရတို့ ပူးပေါင်းပြီး ရုရှားကို တရားစွဲဆိုမှု လုပ်လိုက်ပါတယ်။

 

အဲဒီလေယာဥ်ဟာ နယ်သာလန်နိုင်ငံ Amsterdam ကနေ မလေးရှားနိုင်ငံ Kuala Lumpur မြို့ကို အသွား ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပျံသန်းနေတုန်း ရုရှားကို ထောက်ခံတဲ့ သူပုန်တွေက ဒုံးကျဥ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံသား ၃၈ ဦးအပါအ၀င်  လေယာဥ်ပေါ် လိုက်ပါသူ လူပေါင်း ၂၉၈ ဦးစလုံး သေဆုံးခဲ့ရပါတယ်။ 

ဒီတနင်္လာနေ့မှာပဲ ဩစတြေးလျနဲ့ နယ်သာလန်တို့ ပူးပေါင်းပြီး ကုလသမဂ္ဂရဲ့ International Civil Aviation Organization မှာ ရုရှားကို တရားစွဲဆိုမှု လုပ်လိုက်ပါတယ်။ 

MH17 လေယာဥ်ကို ပစ်ချတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ရုရှားဖက်က တာ၀န်ယူမှု ကင်းမဲ့ပုံက လက်ခံနိုင်စရာမဟုတ်တဲ့အကြောင်း ဩစတြေးလျအနေနဲ့ တရားမျှတမှု ရရှိဖို့အတွက် တရားစွဲဆိုမှုလုပ်တဲ့အထိ လုပ်နိုင်တယ်လို့ ပြောဆိုထူးတဲ့အတိုင်း လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ၀န်ကြီးချုပ် Scott Morrison က ပြောပါတယ်။ 

ဒီလေယာဥ်ပျက်ကျမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၄ ဦးကို နယ်သာလန်က တရားစွဲဆိုထားတာရှိပြီး အခုတခါ ဩစတြေးလျနဲ့ နယ်သာလန်တို့က ရုရှားကို ထပ်မံတရားစွဲကြတာ ဖြစ်ပါတယ်။ 

ရုရှားအနေနဲ့ လေကြောင်းဆိုင်ရာ civil aviation conventions သို့မဟုတ် Chicago Convention ကို ချိုးဖောက်ကြောင်း International Civil Aviation Organisation က ကြေညာမှုလုပ်ပေးဖို့ ဩစတြေးလျနဲ့ နယ်သာလန်တို့ အလိုရှိနေတာ ဖြစ်ပါတယ်။ 

သြစတြေးလျနဲ့ နယ်သာလန်တို့က ရုရှားကို ထောက်ခံတဲ့ ခွဲထွက်ရေးအဖွဲ့ရဲ့ နယ်မြေမှာ ရုရှားရဲ့ ဒုံးကျဥ်ကြောင့် လေယာဥ်ပျက်ကျတဲ့အကြောင်း သက်သေအထောက်အထားတွေကို အခြေခံပြီး တရားစွဲဖို့ လုပ်ဆောင်ထားပါတယ်။ 

အဲဒီဒုံးကျဥ်ဟာ ရုရှားစစ်တပ်ရဲ့  လေတပ် ၅၃တပ်ရင်းပိုင် ဒုံးကျဥ်ဖြစ်တယ်လို့လည်းပြောဆိုပြီး ရုရှားစစ်သားတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။ 

နှစ်နိုင်ငံစလုံးက အဲဒီဒုံးကျဥ်ဟာ ရုရှားကနေ သင်တန်းပေးထားတဲ့လူတွေကသာ ပစ်နိုင်ကြောင်း သက်သေအထောက်အထားတွေရှိပြီး ဒုံးကျဥ်စနစ်ကိုလည်း နောက်ပိုင်းမှာ ရုရှားကို ပြန်ပို့ခဲ့ကြတယ်လို့ ပြောပါတယ်။ 

ဩစတြေးလျနိုင်ငံ ရှေ့နေချုပ် Michaelia Cash ကလည်း ဒီလေယာဥ်ပျက်ကျတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကွယ်လွန်သူနဲ့ နီးစပ်သူတွေဟာ ဆုံးရှံးရမှုအတွက် အင်မတန် ၀မ်းနည်းပူဆွေးမှု ဖြစ်ရချိန်မှာပဲ ရုရှားဖက်က တာ၀န်ယူမှု ကင်းမဲ့တဲ့အတွက် ပိုပြီး နာကျင်စွာ ခံစားကြရတယ်လို့ ပြောပါတယ်။ 

လူတွေအနေနဲ့ လုံခြုံဘေးကင်းစွာ ပျံသန်းသွားလာခွင့်ရှိရမှာဖြစ်ပြီး ဒီလိုအခွင့်အရေးချိုးဖောက်မှု မရှိအောင် လုပ်ရမယ့်အကြောင်း၊ ရုရှားဖက်က ချိုးဖောက်မှုတွေလုပ်ခဲ့ပြီး ၀မ်းနည်းဖွယ်ရာ နောက်ဆက်တွဲဖြစ်ရပ်တွေ ဖြစ်ပေါ်နေရတယ်လို့ ပြောပါတယ်။ 

ဒီလိုတရားစွဲဆိုမှုက ရုရှားကို တခြားနိုင်ငံတွေနဲ့ တင်းမာမှုပိုဖြစ်အောင် လုပ်တာမဟုတ်ပဲ ရုရှားရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေချိုးဖောက်မှု၊ ကုလသမဂ္ဂပဋေဥာဥ်ချိုးဖောက်မှုတွေက တင်းမာမှုဖြစ်စေတာထက် ဆိုးတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ 

MH17 ပျက်ကျတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး ဩစတြေးလျ၊ နယ်သာလန်တို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ ဆက်မလုပ်ဖို့ ရုရှားက ၂၀၂၀ တုန်းက ဆုံးဖြတ်လိုက်ပါတယ်။

 

ဆွေးနွေးမှု စားပွဲ၀ိုင်းမှာ ပြန်လည်ပါ၀င်ဖို့ နှစ်နိုင်ငံစလုံးက အတန်တန်ပြောဆိုခဲ့တာကို ရုရှားက ငြင်းပယ်ခဲ့ပါတယ်။

တရားစွဲဆိုမှုက မိသားစု ဆွေမျိုး ဆုံးရှုံးရသူတွေရဲ့ ၀မ်းနည်းပူဆွေးမှုကို မကုစားနိုင်ပေမယ့် တရားမျှတမှုတွေ ရရှိစေနိုင်တဲ့အတွက် ဩစတြေးလျအနေနဲ့  ထိုင်သင့်တာကို ရုရှားဖက်က ခံစားရအောင် တတ်နိုင်တဲ့နည်းလမ်းမှန်သမျှနဲ့ ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် Mr Morrison က ပြောပါတယ်။ 

ဒီတရားစွဲဆိုမှုဟာ ယူကရိန်းမှာ ဖြစ်နေတာနဲ့ ဆက်စပ်မှုမရှိဘူးလို့လည်း ဩစတြေးလျနဲ့ နယ်သာလန်တို့က ထုတ်ပြန်ထားပါတယ်။ 

With SBS News reporter Tom Stayner


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now