အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ဩစီ တောင်းဆို

ဩစတြေးလျ-အာဆီယံ ညီလာခံမှာ မြန်မာနိုင်ငံ အ‌ရေးနဲ့ ပတ်သက်ပြီး ဩစတြေးလျနိုင်ငံရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားတာမအောင်မြင်ပေမယ့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများရုံးရဲ့ ပြောခွင့်ရသူက အချက်လေးချက်နဲ့ စာရေးတုန့်ပြန်မှု လုပ်ခဲ့ပါတယ်။

AUSTRALIA ASEAN SUMMIT 2024

Australian Prime Minister Anthony Albanese (left) and Prime Minister of Singapore Lee Hsien Loong (right) during a Bilateral meeting during the 2024 ASEAN-Australia Special Summit at the Melbourne Convention and Exhibition Centre in Melbourne, Tuesday, March 5, 2024. (AAP Image/Joel Carrett) NO ARCHIVING Source: AAP / JOEL CARRETT/AAPIMAGE

အဲဒီအချက် လေးချက်ကတော့ အာဆီယံ-ဩစတြေးလျ အထူးညီလာခံမှာ မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ကိုယ်စားလှယ် မပါဝင်တဲ့အကြောင်း၊ ဩစတြေးလျအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချတဲ့အကြောင်း၊ ဩစတြေးလျအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံ ခေါင်းဆောင်တွေရဲ့ တုန့်ပြန်ချက်ကို ထောက်ခံပြီး အာဆီယံနဲ့ ဆက်လက် ပူးပေါင်းမှာဖြစ်သလို စစ်ကောင်စီကိုလည်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ပြောဆိုဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် ဆောင်ရွက်ဖို့ ကိစ္စတွေကို ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ SBS မြန်မာပိုင်းကို စာရေးပြီး တုန့်ပြန်ထားပါတယ်။

နောက်ဆုံး အချက်ကတော့ အာဆီယံ -ဩစတြေးလျ အထူးညီလာခံကို အခွင့်ကောင်းယူပြီး ဩစတြေးလျအနေနဲ့ မြန်မာအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းမှု ဖြစ်ရတဲ့အကြောင်း ထပ်လောင်းပြောဆိုလိုသလို အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ တောင်းဆိုလိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

SBS မြန်မာပိုင်းအနေနဲ့ မြန်မာသံရုံးကို စာရေးဆက်သွယ်ထားပေမယ့် အခုအချိန်အထိ တုန့်ပြန်မှု မရသေးပါဘူး။  

  • Myanmar will not be represented at the ASEAN-Australia Special Summit, including the CEO Forum.  
  • Australia strongly condemns the actions of the military regime in Myanmar
  • We support ASEAN’s leadership in responding to the crisis and will continue to work with them to call on the regime to end the violence, engage in dialogue and return Myanmar to the path of democracy.
  • The ASEAN-Australia Special Summit will be an opportunity to reiterate our grave concerns and call for the full implementation of ASEAN’s Five-Point Consensus.
 

ဩစတြေးလျ-အာဆီယံ အထူးညီလာခံရဲ့ နောက်ဆုံးနေ့မှာ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက အာဆီယံ ‌ဒေသနဲ့ ဆက်စပ်ပြီး ဒေါ်လာ ၆၁.၅ သန်း ချမှတ်ထားပြီး ဘယ်အတွက် သုံးစွဲသွားမလဲ ဆိုတာကို ဖော်ပြဖို့ ရှိပါတယ်။

ဒေါ်လာ ၆၁.၅ သန်းထဲမှာ ဩစတြေးလျနဲ့ အာဆီယံ ရိုးရာယဥ်ကျေးမှု စင်တာ တစ်ခုကို ကင်ဘာရာမြို့မှာ တည်ဆောက်ရေး၊ တက္ကသိုလ် စကောလားရှစ် (ပညာသင်ဆုတွေ)၊ ပရော်ဖက်ရှင်နာ အလုပ်အကိုင်ပေးရေးနဲ့ စွမ်းအင်ရေးရာမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အာဆီယနဲ့ ဩစတြေးလျ ခေါင်းဆောင်တို့ ပိုမို ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် သုံးစွဲဖို့ ပါဝင်ပါတယ်။

မတ်လ ၆ ရက် ဒီကနေ့မှာပဲ ဝန်ကြီးချုပ် အယ်လ်ဘာနီဇီနဲ့ လာအို ဝန်ကြီးချုပ်တို့ သဘောတူညီမှု တစ်ခု ရေးထိုးခဲ့ကြပြီး လာအိုပြည်သူတွေ ပညာရေးနဲ့ အရည်အသွေးမြင့်တင်ရေးနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံရေး တိုးမြင့်ဖို့အပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ စွမ်းအင်ကဏ္ဏမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဩစတြေးလျဝန်ကြီးချုပ်ဟာ မနေ့တုန်းကလည်း စင်ကာပူဝန်ကြီးချုပ်နဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းပြီး ရာသီဥတုပြောင်းလဲရေး၊ သန့်စင် စွမ်းအင်၊ ဥာဏ်ရည်တု အေအိုင်ကဏ္ဏ ပူးပေါင်းရေး၊ ရင်းနှီးမြုပ်နှံရေးနဲ့ နယ်စပ်လုံခြုံရေးတွေကို တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။




Share

Published

By Mu Laing Thein
Source: SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service