သြစတြေးလျားနိုင်ငံအနေနဲ့ ကာကွယ်ဆေးနောက်တမျိုုးရဖို့ရှိနေ၊ Moderna ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး သိရှိထားလောက်ကိုဖော်ပြပေးထားပါတယ်။

Moderna ကာကွယ်ဆေးဟာ ကိုဗစ်-၁၉ တိုက်ခိုက်ဖို့အတွက် သြစတြေးလျားန်ိုင်ငံရဲ့တတိယမြောက်ကာကွယ်ဆေးအမျိုးအစား ဖြစ်လာမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ဘယ်လိုအသုံးပြုသွားကြမလဲဆိုတာကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။

Australia's TGA has given the Moderna COVID-19 vaccine provisional approval.

Australia's TGA has given the Moderna COVID-19 vaccine provisional approval. Source: Sipa USA Dinendra Haria/SOPA Images/Sip

ဒီသတင်းဆောင်းပါးထဲမှာ......

ကျွန်ုပ်တို့ ဒီဆေးကိုဘယ်နှစ်လုံးရရှိမလဲ။

ကာကွယ်ဆေးတွေဘယ်တော့ရောက်လာမလဲ။

ဘယ်သူတွေထိုးရမလဲ။

Moderna ကာကွယ်ဆေးဟာ ဘယ်လောက်အထိ ထိရောက်မှုရှိပါသလဲ။

တခြားဘယ်နိုင်ငံတွေမှာ အသုံးပြုခွင့်ပေးထားပါသလဲ။

ဆေးဝါးကုထုံးဆိုင်ရာပစ္စည်းကြီးကြပ်တဲ့အဖွဲ့ကြီး Therapeutic Goods Administration က Moderna ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယာယီခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါခွင့်ပြုချက်ကို ဒီကနေ့ တနင်္လာနေ့မှာ ကြေညာခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံကထုတ်လုပ်တဲ့ဒီကာကွယ်ဆေးဟာ Pfizer နဲ့ AstraZeneca ကာကွယ်ဆေးတို့နဲ့အတူ သြစတြေးလျားနိုင်ငံရဲ့ ကာကွယ်ဆေးတိုးတဲ့အစီအစဉ်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

Moderna ဟာ Pfizer ကာကွယ်ဆေးလိုမျိုးပဲ RNA အသုံးပြုတဲ့ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ကိုယ်ခံအားတုံ့ပြန်မှုအားကောင်းလာအောင် အသားဓာတ်တွေကိုဘယ်လို လုပ်ဆောင်ပေးရမလဲဆိုတာကို ဆဲလ်တွေကိုသင်ကြားပေးတာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး တကြိမ်နဲ့တကြိမ်ကို ၂၈ရက်ခြားထားရမှာဖြစ်ပါတယ်။

ဒါပေမဲ့ဒီဆေးဟာ သြစတြေးလျားနိုင်ငံထဲကို ဘယ်တော့ရောက်လာမလဲ၊ လူတွေဘယ်တော့စပြီးထိုးလို့ရပါသလဲ။

ပြောဖို့အတွက်စောနေသေးပေမယ့် သိရှိထားသလောက်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဒီဆေးကိုဘယ်နှစ်လုံးရရှိမလဲ။

အခုချိန်အထိတော့ အစိုးရဝယ်ယူထားတဲ့ Moderna ဆေးအလုံးပေါင်းအားလုံး ၂၅သန်း ရှိပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ အသုံးပြုဖို့အတွက် ၁၀ သန်းပါဝင်ပြီး ကျန် ၁၅သန်းကိုတော့ ၂၀၂၂ မှာ ဗိုင်းရပ်စ်မျိုးကွဲအတွက် ကာကွယ်ဆေးမြှင့်တင်ဖို့အတွက် အသုံးပြုမှာဖြစ်ပါတယ်။

ကာကွယ်ဆေးတွေဘယ်တော့ရောက်လာမလဲ။

ပထမ အလုံးပေါင်း ၁သန်းအနေနဲ့ စက်တင်ဘာလအတွင်းမှာ ရောက်လာရမှာဖြစ်ပြီး ကနဦးအနေဲ့ ဆေးဆိုင်တွေဆီကိုပို့ဆောင်ပေးထားမှာဖြစ်ပါတယ်။

နောက်ထပ်အလုံးပေါင်း ၃သန်းကတော့ ၂၀၂၁ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်းမှာရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

"ကျွန်ုပ်တို့ ကိုဗစ်ကို တိုက်ဖျက်ရာမှာ ဒါဟာနောက်ထပ်အရေးကြီးတဲ့ ကျွန်ုပ်တို့ရဲ့ လက်နက်တခုဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ် Scott Morrion က တနင်္လာနေ့မှာပြောပါတယ်။

"ရှေ့လကစပြီး ကျွန်ုပ်တို့လက်ထဲရောက်လာမှာဖြစ်သလို ကျွန်ုပ်တို့လက်မောင်းပေါ် ထိုးခွင့်ရမှာဖြစ်ပါတယ်" လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။

ဘယ်သူတွေထိုးရမလဲ။

ဒီကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်ခွင့်ပြုချက်မရသေးတာအပြင် အစိုးရက ဘယ်သူတွေထိုးခွင့်ရှိသလဲဆိုတာ မသတ်မှတ်ရသေးတာကြောင့် ဒီအကြောင်းအရာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

TGA ရဲ့ ယာယီခွင့်ပြုချက်ထဲမှာတော့ သြစတြေးလျနိုင်ငံအတွင်း အသက် ၁၈နှစ်နဲ့ အထက် ရှိသူတွေအတွက် အသုံးပြုလို့ရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်နဲ့ Moderna ကာကွယ်ဆေးပစ္စည်းတွေ၊ ယာယီခွင့်ပြုချက် အချက်အလက်တွေနဲ့ပတ်သက်ပြီး သြစတြေးလျားကာကွယ်ဆေးဆိုင်ရာအကြံအပေးအဖွဲ့ကြီး Australian Technical Advisory Group on Immunisation (ATAGI) က အကြောင်းအရင်းပြောပြပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Greg Hunt ကတနင်္လာနေ့မှာပြောပါတယ်။

Moderna ကာကွယ်ဆေးကို အသက် ၁၂ကနေ ၁၇နှစ်အရွယ် လူတွေအတွက် ထိုးပေးဖို့ အထောက်အကူပြုတဲ့အချက်အလက်တွေကို TGA က ပြန်လည်သုံးသပ်နေဆဲဖြစ်ပါတယ်။

Moderna ကာကွယ်ဆေးဟာ ဘယ်လောက်အထိ ထိရောက်မှုရှိပါသလဲ။

အလွန်ထိရောက်မှုရှိပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေထဲမှာ သြစတြေးလျားနိုင်ငံက ခွင့်ပြုချက်ပေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအားလုံးဟာ ဆေးရုံတက်ကုသမှုနဲ့ သေဆုံးမှုတွေကို အကောင်းဆုံးခုခံကာကွယ်ပေးပါတယ်။

Moderna ကာကွယ်ဆေးဟာ ကိုဗစ်-၁၉ကို တိုက်ခိုက်ရာမှာ ထိရောက်မှု ၉၃ရာခိုင်နှုန်းရှိပြီး ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်ခြင်းကို ၉၈ရာခိုင်နှုန်း ကာကွယ်ပေးပြီး သေဆုံးမှုကိုတော့ ၁၀၀ရာခိုင်နှုန်းကာကွယ်ပေးတယ်လို့ TGA အကြီးအကဲ John Skerritt က တနင်္လာနေ့မှာပြောပါတယ်။

"ဆေးထိုးပြီး ၆လနောက်ပိုင်းအထိ ကာကွယ်ဆေးရဲ့လုပ်ဆောင်ချက်တွေ အားကောင်းနေဆဲရှိသေးတာကိုတွေ့ရလို့ အလွန်စိတ်အားထက်သန်စရာဖြစ်စေပါတယ်" လို့လည်း သူကသတင်းထောက်တွေကိုပြောပါတယ်။

"ကုမ္ပဏီရဲ့ ဆက်လက်လေ့လာချက်တွေအရ ရောဂါမျိုးကွဲတွေကို ထိထိရောက်ရောက်တိုက်ထုတ်နိုင်တာကိုလည်းတွေ့ရတယ်လို့" လည်းသူကပါတယ်။

တခြားဘယ်နိုင်ငံတွေမှာ အသုံးပြုခွင့်ပေးထားပါသလဲ။

နိုင်ငံပေါင်းအမြောက်အမြားမှာအသုံးပြုနေကြတာဖြစ်ပြီး အဲဒီထဲမှာ United Kingdom၊ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်၊ ဥရောပသမဂ္ဂ၊ စင်္ကာပူ နဲ့ တခြားတိုင်းပြည်တွေ ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံတခုထဲမှာပဲ Moderna ကာကွယ်ဆေးထိုးကြတာ အလုံးပေါင်း သန်း ၁၄၀ ကျော်ရှိပါတယ်။


Share

2 min read

Published

By SBS News

Presented by Shah Paung

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now