သြစီအနေနဲ့ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ စဥ်းစားနေတယ်လို့ဆို

ဩစတြေးလျ အနေနဲ့ မြန်မာအေပါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖို့ စဥ်းစားနေတယ်လို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်က ပြောပါတယ

penny_wong.jpg

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong Credit: Supplied

ထိုင်းနိုင်ငံ ခရီးစဥ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်က လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို စစ်ကောင်စီအနေနဲ့ ဝင်ရောက်ခွင့်ပေးသင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း ပင်နီဝမ်က ဗုဒ္စဟူးနေ့မှာ ပြောကြားခဲ့တာပါ။
ဩစတြေးလျ အနေနဲ့ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ စဥ်းစားလျက်ရှိနေပြီး မြန်မာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် စိုးရိမ်မကင်းမှု ဖြစ်နေရဆဲပဲလို့လည်း ပြောပါတယ်။
လုံခြုံရေးရာနဲ့ လူသားခြင်းစာနာမှုရေးရာတွေလည်း ပိုပြီး ပျက်စီးယိုယွင်းလာနေတဲ့အတွက် ဒီကိစ္စတွေကို အခု ထိုင်းနိုင်ငံခရီးစဥ်မှာ ဆွေးနွေးကြရုံသာမက အာဆီယံအသင်းဝင် နိုင်ငံတွေကို သွားတဲ့အခါတိုင်း မြန်မာကိစ္စကို ပြောဆိုလေ့ရှိတာကို တွေ့ရတယ်လို့လည်း ပြောသွားခဲ့ပါတယ်။
မြန်မာအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လူမှုရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကို မကိုင်တွယ်ရင် ဩစတြေးလျအနေနဲ့ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဖို့ စဥ်းစားနေတယ်လို့ ပြောပါတယ်။

မစ္စ ပင်နီဝမ်အနေနဲ့ အခုလို ပြောဆိုမှုမျိုးကို ပထမဆုံးအကြိမ် ပြောကြားတာမဟုတ်ပဲ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ အဲလို ပြောဆိုမှုမျိုးကို အရင်လတွေတုန်းကလည်း ပြောဆိုခဲ့ဖူးတာ ရှိပါတယ်။

ဩစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လ် လွတ်မြောက်ရေးကတော့ ဦးစားပေးအရာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောသွားခဲ့ပါတယ်။

ရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရခေတ်တုန်းက မြန်မာရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။



Share

Published

By Mu Laing Thein
Source: SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service