အီစတြေးလျနယ်စပ်တွေပြန်လည်ဖွင့်လှစ်၊ ကိုဗစ်-၁၉ အောက်မှာ ကမာ္ဘလှည့်ခရီးသွားတွေကိုပထမဆုံးအကြိမ်ပြန်လည်ကြိုဆို

ခရီးသွားလာခွင့်ပိတ်ပင်မှုတွေကြောင့် ခန့်မှန်းချေအရ နေ့စဉ် ဒေါ်လာ ၃ ့၆ ဘီလျံ အထိ စီးပွားရေးထိခိုက်နေရတယ်လို့ ဆိုပါတယ်။

SYDNEY

Passengers are welcomed as they arrive on the first flight at Sydney International Airport in Sydney, Monday, February 21, 2022. Source: AAP

သြစတြေးလျနိုင်ငံဟာ ကာကွယ်ဆေးထိုးထားတဲ့ ခရီးသည်တွေအတွက် နိုင်ငံတကာနယ်စပ်တွေ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီးဖြစ်ပါတယ်။

ကမာ္ဘပေါ်မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ အတင်းကြပ်ဆုံး ချမှတ်ထားတဲ့နိုင်ငံလို့ အသတ်မှတ်ခံထားရတဲ့ သြစတြေးလျနိုင်ငံဟာ ၂ နှစ်နီးပါးကြာပြီးတဲ့နောက် အခု ပထမအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။

sydney
Sydney Anderson waits for her daughter at Sydney airport. Source: SBS News

နယ်စပ်တွေကို ပြန်လည်မဖွင့်လှစ်ခင် တရက်အလို တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း "စောင့်ဆိုင်းရတဲ့အချိန်တွေကုန်လွန်သွားပြီ" လို့ သြစတြေးလျားဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။

ဒီနေ့မနက် ၆နာရီမှာတော့ Los Angeles ကနေပြီး ဆစ်ဒနီလေဆိပ်ကို ပထမဆုံးလေယဉ်တစင်းဆိုက်ရောက်လာခဲ့သလို၊ Tokyo, Vancouver နဲ့ Singapore ကနေ လာတဲ့ တခြားလေယဉ်တွေလည်း ဆိုက်ရောက်ဖို့ရှိနေပါတယ်။

family
Mariana and Nick Terzis with Mariana's parents, Adam and Lauren Carrier. Source: SBS News

ပထမဦးဆုံးရောက် ဆိုက်ရောက်လာတဲ့ ခရီးသည်တွေကိုတော့ ဖဒရယ်ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီး Dan Tehan က သွားရောက်ကြိုဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံပြန်လည်ဖွင့်လှစ်ပြီး ၂၄နာရီအတောအတွင်း ဆိုက်ရောက်လာမယ့် နိုင်ငံတကာလေယဉ်ပေါင်း ၅၇ စင်းသာရှိပါတယ်။ ကပ်ရောဂါမဖြစ်ခင် အချိန်ကနဲ့ယှဉ်ရင်တော့ အများကြီးနည်းပါတယ်။ ဒါပေမယ့် ရှေ့လာမယ့်အတောအတွင်းမှာ နိုင်ငံတကာလေယဉ်တွေပိုမိုဆိုက်ရောက်လာဖို့ရှိမယ်ဆိုတာကို သံသယရှိစရာမလိုဘူးလို့ ဝန်ကြီးချုပ်ကပြောပါတယ်။

 RJ Landis, right, with best friend Jody Tuchan.
RJ Landis, right, with best friend Jody Tuchan. Source: AFP via Getty Images

သြစတြေးလျနိုင်ငံဟာ ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်ချက်တွေကို အတင်းကြပ်ဆုံးချမှတ်တဲ့နိုင်ငံတခုဖြစ်ပြီး ကန့်သတ်ချက်ကာလအတွင်း လူတိုင်းနီးပါး ဝင်ရောက်ခွင့်မရှိကြပါဘူး။ ချွင်းချက်အနေနဲ့ ခွင့်ပြုချက်ရတဲ့ သြစတြေးလျနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေသာ သွားလာခွင့်ရှိခဲ့ကြတာပါ။

နယ်စပ်ပိတ်ချထားတဲ့အချိန်တုန်းက သြစတြေးလျနိုင်ငံသားတွေလည်း ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရပါတယ်။

ကန့်သတ်ချက်ချမှတ်တဲ့မူဝါဒတွေကြောင့် ခန့်မှန်းချေအားဖြင့် သြစတြေးလျနိုင်ငံရဲ့ တရက်တာစီးပွားအပေါ် ဒေါ်လာ ၃ ့၆ ဘီလျံ ထိခိုက်မှုရှိတယ်လို့ Australian Chamber of Commerce and Industry ကဆိုပါတယ်။

With AAP


Share

1 min read

Published

Updated

By Naveen Razik, Eden Gillespie

Presented by Shah Paung

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now