SKIP TO MAIN CONTENT

ရုရှားနိုင်ငံအပေါ် သြစတြေးလျ ဒဏ်ခတ်အရေးယူပိတ်ဆို့မှု ထပ်မံချမှတ်

ရုရှားက ယူကရိန်းနယ်မြေထဲကျူးကျော်ဝင်ရောက်တာကို တုန့်ပြန်တဲ့အနေနဲ့ သြစတြေးလျနိုင်ငံက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံချတ်မှတ်လိုက်တယ်လို့ ဝန်ကြီးချုပ် Scott Morrison က ထုတ်ဖော်ပြောဆိုလိုက်ပြီး ယူကရိန်းကိုလည်း အသက်မသေစေနိုင်တဲ့ စစ်ပစ္စည်းကိရိယာတွေကိုလည်း ပံ့ပိုးပေးနေတယ်လို့ဆိုပါတယ်။

Australia's Prime Minister Scott Morrison speaks to the media to announce sanctions on top Russian officials Source: AFP / STEVEN SAPHORE/AFP via Getty Images
Australia's Prime Minister Scott Morrison Source: Getty Images

1 min read

Published

Presented by Shah Paung

Source: AAP, Reuters


Skip to article content

သြစတြေးလျနိုင်ငံဟာ ရုရှားနိုင်ငံရေးသမားတွေနဲ့ အထက်လွှာလူတန်းစား ရုရှားနိုင်ငံသားတချို့အပါအဝင် ပစ်မှတ်ထား အရေးယူမှုတွေထပ်မံချမှတ်လိုက်ပါတယ်။ ဒါ့အပြင်အခုလိုအချိန်အခါမျိုးမှာ တရုတ်နိုင်ငံက ရုရှားကို ကုန်သွယ်မှုကန့်သတ်ချက်တချို့ဖြေလျော့ပေးလိုက်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ လည်းသြစတြေးလျနိုင်ငံကပြောပါတယ်။

"ဒဏ်ခတ်ပိတ်ဆို့မှုအလုံးအရင်းချမှတ်သွားဖို့အတွက် လုပ်ငန်းတွေကို ကျနော်တို့ရဲ့ စီးပွား လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လုပ်ဆောင်သွားမှာဖြစ်ပြီး ရုရှားအပေါ်ဖိအားပေးမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့" ဝန်ကြီးချုပ် Scott Morrison က သောကြာနေ့မနက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားခဲ့ပါတယ်။

အမေရိကန်နဲ့ United Kingdom တို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ အလားတူတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေထဲမှာ စစ်ရေးအရ အရေးယူမှုကိုခွင့်ပြုချက်ပေးဖို့ မဲပေးခဲ့ကြတဲ့ ရုရှားလွှတ်တော်ကိုစားလှယ်တွေနဲ့ ရုရှားအစိုးရအဖွဲ့ဝင်တချို့ ပါမှာဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားရဲ့လုပ်ဆောင်ချက်တွေနဲ့အတူ ကြံရာပါဖြစ်ကြတဲ့ ဘေလာရုစ် နိုင်ငံသား တချို့ကိုလည်း သြစတြေးလျနိုင်ငံက အမေရိကန်အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

"ရုရှားဟာ အကြမ်းဖက်မှုလုပ်ရပ်တွေလုပ်ဖို့အတွက် အတိုင်းအတာတခုအထိ အချိန်ယူ စဉ်းစားစီစဉ်နေခဲ့တာဖြစ်လို့ ဒီအတွက် ကမာ္ဘ့အသိုင်းအဝိုင်းကပေးတဲ့ ပစ်ဒဏ်ကို တိုက်သင့်တဲ့အတိုင်းခံရမှာဖြစ်ပြီး အလျော်အစားတွေပြန်ပေးရမှာဖြစ်တယ်"လို့လည်း Mr Morrison က Adelaide မြို့မှာ သတင်းထောက်တွေကိုပြောသွားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ လုပ်ဖော်ကိုင်ဖက် နေတိုး နဲအတူ ယူကရိန်းထံ အသက်မသေစေနိုင်တဲ့ စစ်ပစ္စည်းကိရိယာတွေနဲ့ ဆေးဝါးပစ္စည်းတွေကို ထောက်ပံ့ပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။

ယူကရိန်းနယ်မြေထဲ ရုရှားကျူးကျော်ဝင်ရောက်တာကို တရုတ်နိုင်ငံက အရေးယူ ဒဏ်ခတ်မှုတွေ မလုပ်ဆောင်တဲ့အပေါ်ကိုလည်း ဝန်ကြီးချုပ်က တရုတ်နိုင်ငံကို ဝေဖန်ပြေဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံအတော်များများက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နေတဲ့အချိန်မှာပဲ တရုတ်နိုင်ငံက ရုရှားကို ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တချို့ ပယ်ဖျက်ပေးလိုက်တာကြောင့် စိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now