SKIP TO MAIN CONTENT

မြန်မာကို ပိုမိုခေါ်ယူနေထိုင်ခွင့်ပေးမှာဖြစ်သလို ဒေါ်လာ ၁၃၅ သန်းကူမယ်

ဩစတြေးလျ အစိုးရက မြန်မာနိုင်ငံသားတွေကို ပိုမို လက်ခံမှာဖြစ်သလိ ဒါ်ေလာ ၁၃၅ သန်းလည်း ကူညီမယ်လို့ ပြောပါတယ်။

Protesters demonstrate against the military coup in Yangon, Myanmar.
Protesters demonstrate against the military coup in Yangon, Myanmar. Source: AAP

1 min read

Published

Updated

By Mu Laing Thein

Source: SBS


Skip to article content

အခုလောလောဆယ် ဩစတြေးလျနိုင်ငံအတွင်းမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား အနည်းဆုံး အယောက် ၈၀၀ လောက်က ဩစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ လျှောက်ထားကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးရာ ဝန်ကြီး Andrew Gile က ဩစတြေးလျနိုင်ငံအတွင်းမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာလျှောက်ထားမှုကို ဦးစားပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ ဩစတြေးလျမှာ ရောက်နေတဲ့ မြန်မာတွေအပြင် ပြည်ပမှာ ရှိနေတဲ့ မြန်မာတွေကိုလည်း ခိုလှု့ခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

စစ်ကောင်စီ လက်ထက်အတွင်း ပိုမို ခံစားရသူတွေက မြန်မာပြည်တွင်းက လူတွေနဲ့ ထိုင်း၊ အိန္ဒိယနိုင်ငံမှာ ခိုလှု့ကြတဲ့ မြန်မာတွေ ဖြစ်တဲ့အတွက် ဩစတြေးလျရောက် မြန်မာတွေကို ခိုလှုံခွင့်ပေးသလို ပြည်ပက လူတွေကိုလည်း လက်ခံသင့်တယ်လို့ အေဘီစီကို ပြောဆိုလိုက်ပါတယ်။

၂၀၂၁-၂၀၂၂ အတွင်း ပြည်ပက မြန်မာနိုင်ငံသား ၁၆၀၀ ကိုခိုလှုံခွင့် ပေးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

ဒါ့အပြင် ဩစတြေးလျ အစိုးရက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာအတွက် ၂၀၂၂-၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁၃၅ သန်း ကူညီမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်က ကြေညာခဲ့ပါတယ်။

အစားအသောက်၊ နေရာထိုင်ခင်းတွေ အဓိက ကူညီမှာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူသားခြင်း စာနာမှု အကူအညီ လိုအပ်သူ ၁ သန်းကနေ ၁၄ သန်းအထိ များလာတယ်လို့ ပြောပါတယ်။

ဩစတြေးလျအနေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပြင် UNHCR နဲ့ ICRC လို အဖွဲ့အစည်းတွေကနေတဆင့် အကူအညီတွေ ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now