SKIP TO MAIN CONTENT

ရှောင်တာနယ်လ် လွတ်မြောက်လာတဲ့အပေါ် ဩစတြေးလျ အစိုးရကြိုဆို

မြန်မာနိုင်ငံမှာ အကျဥ်းသား ၅၇၇၄ လွတ်ပေးလိုက်တဲ့အထဲမှာ ဩစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လ် ပါဝင်တဲ့အပေါ် ဩစတြေးလျ အစိုးရက ကြိုဆိုလိုက်ပါတယ်။

Myanmar coup
Australian citizen Sean Turnell with Myanmar's Aung San Suu Kyi. Source: Facebook

1 min read

Published

By Mu Laing Thein

Source: SBS


Skip to article content

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက ရှောင်တာနယ်လ် လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို နားချပေးတဲ့အတွက် ဗီယက်နမ် သမ္မတကို ကျေဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်က ရှောင်တာနယ်လ် လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုကြောင်း အခုလောလောဆယ် ဘာမှ ချဲ့မပြောလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားနေ့အနေနဲ့ အကျဥ်းသား ၆၀၀၀ နီးပါးကို လွတ်ပေးတာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

လွတ်ပေးတဲ့အထဲမှာ နိုင်ငံခြားသား ၄ ဦးပါဝင်ပြီး အဲဒီအထဲမှာ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်၊ ဂျပန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးသူ Toru Kubota နဲ့ ဗြိတိန် သံတမန်ဟောင်း Vicky Bowma နဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ရှောင်တာနယ်လ်ဟာ ဆစ်ဒနီမြို့ Macquarie University စီးပွားရေးဌာနက ပါမောက္ခဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတော် လျိုံဝှက်ချက် ဥပဒေကို ချိုးဖောက်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံထားရပြီး စက်တင်ဘာလတုန်းက ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့ လူတွေထဲမှာ အနုပညာရှင်တွေနဲ့ လူသိများတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ကြပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၆၂၃၂ ဦး ရှိတယ်လို့ ပြောပါတယ်။

ဗုဒ္စဟူးနေ့အထိ နိုင်ငံရေးအကျဥ်းသား ၁၃၀၁၅ ဦး ထိန်းသိမ်းခံထားရဆဲ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပြည်သူ ၂၄၆၅ ဦးလည်း သေဆုံးခဲ့ရပြီလို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now