SKIP TO MAIN CONTENT

ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ကိုဗစ်-၁၉ ကိုင်တွယ်ပုံ ပြောင်းမယ်

ဩစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ လှိုင်းတွေကို အနည်းဆုံး နောက်ထပ် ၂ နှစ်လောက် ပုံမှန်ခံစားရမယ့် အနေအထားရှိတယ်လို့ ခန့်မှန်းထားပေမယ့် ဇန်နဝါရီလ ၁ ရက်နောက်ပိုင်းမှာ PCR စမ်းသပ်စစ်ဆေးမှုတွေမှာ အပြောင်းအလဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Covid-19 Testing
COVID-19 Testing Source: AAP

2 min read

Published

Updated

By Finn McHugh

Source: SBS


Skip to article content

ဖက်ဒရယ် အစိုးရက ၂၀၂၃ ခုနှစ် ကိုဗစ်-၁၉ စီမံရေးအတွက် ဒေါ်လာ ၂.၈ သန်း ရင်းနှီးမြုပ်နှံမှာ ဖြစ်တယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

ကျန်းမာရေးအရာရှိချုပ် Paul Kelly က ကိုဗစ်-၁၉ ရောဂါမှာ မျိုးကွဲတွေ အမျိုးမျိုး ထွက်ပေါ်လာနေတဲ့အတွက် ကိုဗစ် ဒဏ်ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ အနည်းဆုံး ခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါပေမယ့် ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းကတော့ ဒယ်လ်တာ မျိုးကွဲ ကူးစက်မှု ဖြစ်တုန်းကလောက် သေဆုံးမှုနှုန်း များမယ့်အနေအထာ မရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

အနာဂတ်မှာ ကိုဗစ်-၁၉ က အရင်ကလောက် မပြင်းထန်တော့တဲ့အတွက် ကျန်းမာရေးစနစ်အပေါ် ဖိအားပေးမှုတွေ လျော့နည်းလာနိုင်တယ်လို့လည်း ပါမောက္ခ Kelly က ပြောပါတယ်။

လူတွေမှာ ပိုပြီး ခုခံအား ရှိသွားသလို တစ်ကြိမ်ထက်မနည်း ကူးစက်ခံရမှုတွေနဲ့ ကာကွယ်ဆေးတွေကြောင့် လူမှုအသိုင်းအဝိုင်းအတွင်း ခံနိုင်ရေပိုရှိသွားတာဖြစ်လို့ ရောဂါကူးစက်ခံရရင်တောင် ဆေးရုံရောက်ရတဲ့အဆင့် နဲ့ သေဆုံးမှုတွေအထိ ဖြစ်တာမျိုး ပိုနည်းပါးမယ်လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကဆိုရင် ကိုဗစ်ကြောင့် lockdown တွေ မကြာခဏ ချမှတ်ခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ စိတ်ကျန်းမာရေးအတွက် တစ်ဦးခြင်းစီအနေနဲ့ စိတ်ပညာရှင်နဲ့ အခမဲ့ အကြိမ်ပေါင်း ၂၀ တွေ့ဆုံခွင့်ပေးခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်ကစပြီး အကြိမ် ၂၀ အခမဲ့ တွေ့ဆုံခွင့်အစား ကပ်ရောဂါကာလမတိုင်ခင်ကလိုပဲ ၁၀ ကြိမ်သာ တွေ့ဆုံခွင့်ရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် အရေးပေါ် မဟုတ်တဲ့ ခွဲစိတ်မှုတွေ ရက်ရွှေ့ဆိုင်းလိုက်လို့ စိတ်သောက ပိုရောက်ရပြီး စိတ်ကျန်းမာရေး ဝန်ဆောင်မှုကို လူတွေ ပိုရယူနိုင်တယ်လို့ သုတေသီတွေ ပြောဆိုတုန်းမှာပဲ စိတ်ကျန်းမာရေး ဝန်ဆောင်မှုကို လျှော့ချတာလည်း ဖြစ်ပါတယ်

အတိုက်အခံ ကျန်းမာရေးဆိုင်ရာ ပြောခွင့်ရသူ Anne Ruston ကလည်း ကိုဗစ် ကပ်ရောဂါရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို လူတွေခံစားရဆဲဖြစ်သလို နေ့တာဓူဝ ကုန်ကျစရိတ်တွေ မြင့်မားလာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုရှိဖို့က ပိုပြီးတော့တောင် အရေးကြီးတယ်လို့ ပြောပါတယ်။

လိုအပ်မှု များတဲ့ ကာလမှာ စိတ်ကျန်းမာရေး ဝန်ဆောင်မှုကို လျှော့ချလိုက်မယ့် အစီအစဥ်ကို အတိုက်အခံဖက်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Long COVID ခန့်မှန်းချက်

ကိုဗစ်-၁၉ ကာကွယ်ဆေးက ထိရောက်မှုရှိတယ်လို့ ယူဆတဲ့အတွက် ကာကွယ်ဆေးတွေကို အခမဲ့ ဆက်လက် ထားရှိပေးမှာဖြစ်ပြီး တချို့ ဩစတြေးလျံတွေအတွက် ကိုဗစ် ကုသဆေးတွေ ဆက်လက် ရရှိဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၁ ရက်နောက်ပိုင်း ကိုဗစ် ရှိမရှိကို PCR နည်းနဲ့ စစ်ဆေးချင်တယ်ဆိုရင် ဆရာဝန် သို့ ကျန်းမာရေးဌာနရဲ့ ထောက်ခံစာ ရယူရမှာ ဖြစ်ပါတယ်။

အများပြည်သူပိုင် ကိုဗစ်ရောဂါ စစ်ဆေးရေးနေရာ ၅၀% ကိုသာ ဆက်လက် ထားရှိမှာဖြစ်တဲ့အတွက် ရောဂါစစ်ဆေးရေးဌာနတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ long COVID အတွေ့အကြုံက တခြားနိုင်ငံတွေနဲ့ တူမှာမဟုတ်တဲ့အကြောင်း ဩစတြေးလျနိုင်ငံမှာ ကာကွယ်ဆေး အနည်းဆုံး ၂ ချောင်းထိုးတဲ့နှုန်း မြင့်မားသလို အိုမီခရွန် မျိုးကွဲပေါ်လာတဲ့အချိန်မှပဲ ဩစတြေးလျနိုင်ငံမှာ ကူးစက်မှု များပြားတဲ့အတွက် သက်သာမှု ရရှိစေတယ်လို့လည်း ကျန်းမာရေးအရာရှိချုပ်က ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now